သမ္မတရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင်

သမ္မတရဲ့ ထိုင်းခရီးစဉ် ဖျက်သိမ်းမှု ဒေါ်အောင်ဆန်းစုကြည်နဲ့ မသက်ဆိုင်

ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်
သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်နဲ့ မပတ်သက်ဘဲ ပြည်တွင်းရေး ကိစ္စတွေကြောင့် ဖြစ်တယ်လို့ မြန်မာ နိုင်ငံခြားရေးဌာနက ပြောဆိုကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မနေ့က ထိုင်း နိုင်ငံခြားရေးဌာနမှာ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်က သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ရာမှာ -

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်းခရီးစဉ်အပေါ် မြန်မာအစိုးရက အသိအမှတ်ပြုပါတယ်။ ထိုင်းအစိုးရက လည်း မိမိတို့ နိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေစဉ်အတွင်း သွားလာလှုပ်ရှားမှု မှန်သမျှ အချိန်နဲ့ တပြေးညီ မြန်မာအစိုးရကို အသိပေးနေခဲ့တာပါ။

ထိုင်းမှာရှိနေစဉ်အတွင်း ထိုင်းနဲ့ မြန်မာ ဆက်ဆံရေး ထိခိုက်စေမယ့် ကိစ္စမှန်သမျှကို ခွင့်ပြုမှာ မဟုတ် ကြောင်း လည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွင်းရေးမှူးက တဆင့် အသိပေးထားခဲ့ပါတယ်။

ဒါကြောင့် စမုတ်စခွန်က မြန်မာ ရွှေ့ပြောင်း အလုပ်သမားတွေဆီ သွားရောက်တာ၊ ထိုင်း ဒုတိယ ဝန်ကြီး ချုပ်နဲ့ တွေ့ဆုံတာ၊ တပ်ခရိုင်က မယ်လ ဒုက္ခသည် စခန်းကို သွားရောက်တာ စတဲ့၊ နိုင်ငံရေးနဲ့ မရောယှက် တဲ့ လူသားချင်း စာနာကူညီရေး ကိစ္စတွေကိုသာ ကန့်သတ် ခွင့်ပြုခဲ့ပါတယ်။

ထိုင်းအနေနဲ့ မိမိတို့ တိုင်းပြည်ကို ဘယ်လိုနိုင်ငံရေး လှုပ်ရှားမှုမျိုး အတွက်မှ အသုံးချခံမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် လူမျိုးစု ခေါင်းဆောင်တွေနဲ့   ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံဖို့ကိစ္စကို ထိုင်းအစိုးရက ခွင့်မပြုခဲ့ပါဘူး။

ထိုင်းနိုင်ငံ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခေါင်းဆောင် အနေမျိုးနဲ့ မဟုတ်ဘဲ၊ ထင်ရှားသူ ပုဂ္ဂိုလ်တစ်ဦး အနေနဲ့ ဆက်ဆံခဲ့တာ ဖြစ်ပါတယ်လို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆူရာပေါင်က ပြောကြားခဲ့တာပါ။

မနေ့ ညနေပိုင်းက ထိုင်း နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတို့ တယ်လီဖုန်းက တဆင့် ပြောဆိုခဲ့ကြရာမှာ – သမ္မတ ဦးသိန်းစိန်ရဲ့ ထိုင်းနိုင်ငံ ခရီးစဉ် ဖျက်သိမ်းလိုက်တာဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ မသက်ဆိုင်ကြောင်း၊ ပြည်တွင်းမှာ လျှပ်စစ်မီးကိစ္စ၊ အလုပ်သမား ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြ ပွဲတွေ ပေါ်ပေါက်နေတဲ့အတွက် ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရာပေါင်က အတည်ပြု  ပြောကြားခဲ့ပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection