မြန်မာ့ အိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (MIDO) မှလုပ်ငန်းစဉ်များကို စာနယ်ဇင်းရှင်းလင်း

မြန်မာ့ အိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ (MIDO) မှလုပ်ငန်းစဉ်များကို စာနယ်ဇင်းရှင်းလင်း


မြန်မာအိုင်စီတီဖွံ့ဖြိုးရေးအဖွဲ့ မှ စာနယ်ဇင်းရှင်းလင်းမိတ်ဆက်ပွဲနှင့် volunteer များအား စတင်တွေ့ဆုံပွဲကို အမှတ် (၅၈/၆၀) ဗိုလ်အောင်ကျော်လမ်း မှာ ၂၉ရက်နေ့ မနက် ၁၀နာရီမှ ၁၂ နာရီအထိ volunteer များဖြင့်တွေ့ဆုံဆွေးနွေးခြင်း၊ နေ့လည် ၂ နာရီမှ ညနေ လေးနာရီအထိ စာနယ်ဇင်းများဖြင့် တွေ့ဆုံခြင်းများ ပြုလုပ်ခဲ့ပါတယ် ။ ယနေ့ကျင်းပသော volunteer များနှင့်တွေ့ဆုံဆွေးနွေးခြင်း၊ စာနယ်ဇင်းများဖြင့် တွေ့ဆုံရှင်းလင်းခြင်းများအတွင်း MIDO မှ တာဝန်ရှိသူများ ဖြစ်သော နေဘုန်းလတ်၊ ညီလင်းဆက်၊ ဘုန်းမြင့်ခိုင်၊ ဖြူဖြူသီ၊ ဇော်ဇော်မျိုးလွင်၊ ညီညီ၊ ထိုက်ထိုက်အောင် တို့က အဖွဲ့စတင်ဖြစ်ပေါ်လာပုံ နှင့် လက်ရှိလုပ်ဆောင်နေခြင်းများ ရှေ့လုပ်ငန်းစဉ်များ အားရှင်းလင်းပြောကြားခဲ့ပါတယ်..။


Myanmar ICT Development Organization (MIDO) ဟာ နိုင်ငံတစ်ဝှန်းလုံး အိုင်စီတီကဏ္ဍ တပြေးညီ  ကျယ်ပြန့်စွာ အသုံးချနိုင်ရေး အိုင်စီတီ ဗဟုသုတများ ဖြန့်ဖြူးဝေငှနိုင်ရေး အတွက် မြန်မာ ဘလောက်ဂါ အစည်းအရုံး MBS အဖွဲ့အစည်းဝင် များနှင့် စိတ်ပါဝင်စားသူ လူငယ်နည်းပညာရှင်များ ဖြင့်စတင် ဖွဲ့စည်းထားပါတယ်..။ ဖွံ့ဖြိုးမှု အားနည်းသော ဒေသများအား အိုင်စီတီ အကျိုးကျေးဇူးဖြင့် မြိုပြကြီးများနှင့်ချိတ်ဆက်ပြီးတပြေးညီ ဖွံ့ဖြိုးတိုးတက်စေရန် MIDO မှရည်ရွယ်ဆောင်ရွက်နေခြင်း ဖြစ်ပြီး ရက်တိုသင်တန်းများ အိုင်စီတီအလုပ်ရုံဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ပြုလုပ်သွားမှာ ဖြစ်ပါတယ်။


အခမ်းအနားသို့ ဂျာနယ်လစ်များ စိတ်ပါဝင်စားသူ volunteer များက အဖွဲ့ရဲ့ လုပ်ငန်းဆောင်တာများကို အသေးစိတ်မေးမြန်းစုံစမ်းခဲ့ကြပါတယ်..။ MIDO မှလည်း လူထုအခြေပြုအဖွဲ့အစည်းများ သို့အိုင်စီတီ သင်တန်းများ ပို့ချခြင်း နိုင်ငံတွင်း အိုင်စီတီ စစ်တမ်းများ ကောက်ယူခြင်း ၊ သုတေသနစာတမ်းများ ပြုစုခြင်း၊ မြန်မာနိုင်ငံအတွက် အိုင်စီတီ မူဝါဒဆိုင်ရာ သုတေသနပြု စာတမ်းများရေးသားထုတ်ပြန်ခြင်း များ ဆက်လက်လုပ်ဆောင်ရန်ရှိနေကြောင်း ရှင်းလင်း ပြောဆိုခဲ့ပါတယ်..။
ညနေ ၄ နာရီမှာတော့ အခန်းအနားများအား အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

♂

  ♂
♂   ♂
♂    
♂    
♂    
♂      
♂      
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

♣

  ♣

♣

  ♣

♣

  ♣

♣

  ♣
♣   ♣
♣      

♣

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

♂

 

♂

♂

     

♂

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection