ပေါင်းတည်မှာ မီးမရလို့ ဆန္ဒပြ


ပေါင်းတည်မှာ မီးမရလို့ ဆန္ဒပြ
 

ပဲခူးတိုင်းအနောက်ဖက်ခြမ်း ပေါင်းတည်မြို့မှာ လူဉီးရေ ၅၀ဝ ခန့် ဟာ ဖယောင်းတိုင်တွေ မီးထွန်းကိုင် ဆောင်ပြီး မနေ့ ညက ငြိမ်းချမ်း စွာ ဆန္ဒပြကြပါတယ်။ ဆန္ဒပြသူတွေ ကို ရဲ နဲ့ လုံခြုံရေး က စောင့်ကြည့် ပေမယ့် တစုံတရာ အနှောက် အယှက် မပေးကြပါဘူး။ ဆန္ဒပြသူ တဉီး က ဆန္ဒပြတဲ့ အထဲမှာ ပါဝင်ရခြင်း ကို ဘီဘီစီ ကို ရှင်းပြရာမှာ မီတာခ ကြီးမြင့်ပေမယ့် လျှပ်စစ်မီး မှန်မှန်မရတဲ့ အတွက် ဖယောင်းတိုင်ထွန်း ချီတက် ဆန္ဒပြပွဲ ထဲ လိုက်ပါ ရခြင်း ကို ပြောပါတယ်။ဒီလို ဆန္ဒပြရုံ နဲ့ အထက်အာဏာပိုင်တွေ က လိုက်လျော မှု ပြုပါ့မလား ဆိုတါ နဲ့ ပတ်သက်ပြီး ပြောရာမှာတော့ နိုင်ငံတော် သမ္မတ က စလို့ အစိုးရ အာဏာပိုင်တွေ က ပြည်သူတွေ ရဲ့ အသံ ကို ကြားသိလိုပုံ၊ ပြည်သူ့လွှတ်တော်မှာ မိန့်ကြားခဲ့လို့ အခုလို အခြားမြို့တွေမှာ ဖယောင်းတိုင်ထွန်း ချီတက် ဆန္ဒပြသလို ပေါင်းတည် မှာ တဦးက စ ရာက နောက်က လူတွေ လိုက်ပါ လာပုံ ကို ရှင်းပြပါတယ်။မြို့ခံတွေ က ငြိမ်းချမ်းစွာ ချီတက်ပြမှု ကို တနာရီကြာ လှည့်လည်ပြီး မြို့လည်ခေါင်၊ မန္တလေး ပေါင်းတည် လမ်းမကြီး တလျှောက် ပြုကြပုံ ကို မြို့ခံ က ရှင်းပြပါတယ်။ ရန်ကုန်မြို့ မှာလည်း ဒုတိယမြောက် ည အနေ နဲ့ ဆူးလေ ဘုရားတဝိုက် ဖယောင်းတိုင်တွေ မီးထွန်းကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြ ကြပါသေးတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection