ရွှေတိဂုံစေတီတော် နှစ်၂၆၀ဝပြည့် ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ်

ရွှေတိဂုံစေတီတော် နှစ်၂၆၀ဝပြည့် ဗုဒ္ဓပူဇနိယပွဲတော် စတင်ဖွင့်လှစ် 

 
သာသနာ သက္ကရာဇ် ၁၀၃ခုနှစ်မှာ စတင်တည်ထား ကိုးကွယ်တော်မူခဲ့တဲ့ ရွှေတိဂုံ စေတီတော်မြတ်ကြီး ရဲ့ နှစ်၂၆၀ဝပြည့် ဗုဒ္ဓပူဇနိယ ပွဲတော်ဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ရွှေတိဂုံစေတီတော် ရင်ပြင်မှာ ကျင်းပပြု လုပ်ခဲ့ပါတယ်။ အဆိုပါ ဖွင့်ပွဲ အခမ်းအနား မှာတော့ ရွှေတိဂုံစေတီတော် ရှေးဟောင်း ဗုဒ္ဓရုပ်ပွား တော်များ တန်ဆောင်းမှ စတင်ကာ စေတီတော်မြတ် ကြီးကို လက်ယာရစ် လှည့်လည်ပူဇော်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

 

ဒါ့အပြင် စေတီတော် ရာဟုထောင့်အောင်မြေရှိ ဗဟိုမဏ္ဍပ်နဲ့ မဟာပဋ္ဌာန်းမဏ္ဍပ်မှာ နမောတဿ သုံးကြိမ်ရွတ် ဆိုကာ အခမ်းအနား ဖွင့်လှစ်ခြင်း ပြုလုပ်ခဲ့ပါတယ်။ ဆက်လက်ပြီး ရွှေတိဂုံစေတေီ တာ် ဂေါပကအဖွဲ့မှ တာဝန်ရှိသူများမှ ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရခြင်းနဲ့ ပတ်သက်တဲ့ အဖွင့်မင်္ဂလာစကား ဖတ်ကြားခြင်း နဲ့ ဗုဒ္ဓမြတ်စွာဘုရားအား ပင့်လျှောက်ခြင်း၊ ကုသိုလ်တော်ပြု လုပ်ဖို့ အတွက် နတ်ဗြဟ္မာများ ကို ဖိတ်ကြား ခြင်းများ ပြုလုပ်ခဲ့ ပါတယ်။

ဒါ့အပြင် နိုင်ငံတော်သြဝါဒစရိယ ဗန်းမော် ဆရာတော်ဘုရားကြီး ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခြင်းနဲ့ ရွှေတိဂုံစေတေီတာ် နှစ် ၂၆၀ဝပြည့် ဗုဒ္ဓပူဇနိယပွဲတော်အတွက် ဆရာတော်ဘုရားကြီးနဲ့ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တာဝန်ရှိသူများမှ ပွင့်တော်မူပြီးသော ဘုရားရှင်တို့ကို ရည်စူးပြီး ဆီးမီးများထွန်းညှိ ပူဇော်ကာ ရွှေတိဂုံစေတီတော်နှစ် ၂၆၀ဝပြည့်၊ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖွင့်လှစ်ခြင်းများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ရက်နေ့ ကနေ မတ်လ ၇ရက်နေ့အထိ ၁၅ရက်တိုင် ကျင်းပ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီလို ကျင်းပပြုလုပ်ရာမှာ အသံမစဲမဟာပဋ္ဌာန်း  ရွတ်ဖတ် ပူဇော်ခြင်း၊ ပွဲတော် ကာလအတွင်း ပန်းများဝေဆာနေတဲ့ ပန်းပင်ပေါင်း ၅သိန်း ၄သောင်းနဲ့ ပူဇော်ခြင်းများနဲ့ ကျင်းပပြု လုပ်နေ တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညစဉ်၊ ညတိုင်း တရားပွဲများ ကျင်းပပြု လုပ်ခြင်း၊ ပျော်ပွဲ ရွှင်ပွဲများ ပြုလုပ်ခြင်းနဲ့ ပွဲတော်ကာလအတွင်း စေတီတော်ရှိ အရံစေတီများ တန်ဆောင်းများ စတဲ့နေရာတွေမှာ ဆီမီးများနဲ့ ပူဇော်ခြင်းများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

♂

  ♂
♂   ♂
♂    
♂    
♂    
♂      
♂      
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

♣

  ♣

♣

  ♣

♣

  ♣

♣

  ♣
♣   ♣
♣      

♣

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

♂

 

♂

♂

     

♂

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection