ပထမဆုံး ဆက်သွယ်ရေး "Call Center" အား ဖွင့်လှစ်

မြန်မာနိုင်ငံ၏ ပထမဆုံး ဆက်သွယ်ရေး "Call Center" အား ဖွင့်လှစ်



ရန်ကုန် (ဒီဇင်ဘာ ၁၃) - မြန်မာနိုင်ငံ၏ ပထမဆုံး Call Center ကို လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့ ယနေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ကြောင်း  ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်ရှိ မြန်မာ့ဆက်သွယ် ရေးရုံးချုပ်တွင် Call Center ပတ် သက်သော သတင်းစာရှင်းလင်းပွဲတွင် ရတနာပုံတယ်လီပို့တ် ကုမ္ပဏီ၏ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

လက်ရှိတွင် Call Center နှင့် ပူးပေါင်းဆောင်ရွက်နေကြသော ဌာန ၁၂ ခု ရှိပြီး၊ ယခု စတင်ဖွင့်လှစ်ချိန်မှ စတင်ကာ ၂ လခန့်ကို အခမဲ့ ဝန်ဆောင်မှု ပေးမည်ဖြစ်ကြောင်း၊ ယင်းနောက်တွင်မှ ဝန်ဆောင်မှုများအတွက် ကုန်ကျမှုကို ကြေညာမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ပြည်သူများအနေဖြင့် သက်ဆိုင်ရာလုပ်ငန်း၊ ရုံး၊ ဌာနများသို့ အချိန်ကုန် ခံပြီး ကိုယ်တိုင်သွားရောက် စုံစမ်းရခြင်း၊ မည်သို့ဆက်သွယ်ရမည်ကို မသိဖြစ်နေခြင်းစသော အခက်အခဲများ မရှိရစေရန် ဖြစ်ကြောင်းသိရှိရသည်။

Call Center မှ ကုမ္ပဏီများ၏ လုပ်ငန်းဝန်ဆောင်မှုများအတွက် ဖုန်းအဝင်များကို လက်ခံဖြေကြား ပေးနိုင်ခြင်း၊ အထွက်ခေါ်ဆိုနိုင်​ခြင်း၊ မေးမြန်းမှုအတွက် Telecom System ကိုအသုံးပြုထားသောကြောင့် အရည်အချင်းပြည့်မီသော Operators များနှင့် ၂၄ နာရီ ဝန် ဆောင်မှု ပေးသွားမည်ဖြစ်ကာ အင်တာနက် အသုံးပြုနိုင်ခြင်း၊ Fax စသည်တို့ကို ဝန်ဆောင်မှုပေးနိုင်ကြောင်း သိရသည်။

ယခု ဖွင့်လှစ်သော ရတနာပုံ Call Center တွင် ဝန်ထမ်း ၂၄၀ ဖြင့် တစ်ပတ်လျှင် ၂၄ နာရီ အပြည့် ဝန်ဆောင်မှု ပေးမည်ဖြစ်ကာ Incoming နှင့် Outgoing Call များကိုလည်း ၂၄ နာရီ လက်ခံပေးသွား မည်ဖြစ်ကြောင်း၊ ယင်းအပြင် မြန်နှုန်းမြင့် အင်တာနက် ဝန်ဆောင်မှု ပေးနိုင်ခြင်း၊ သီးသန့်ဖုန်းများ ထားရှိခြင်း တို့ကိုလည်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ Call Center ကို ပြည်ပမှ နည်းပညာရှင်များနှင့် trainer များဖြင့် Call Center Operation များအား ဆောင်ရွက်နေကြောင်းလည်း သိရသည်။

အဆိုပါစင်တာမှ ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းများမှာ - ရတနာပုံတယ်လီပို့ကုမ္ပဏီ၏ Call Center နှင့်ပတ်သက်သော လုပ်ငန်း တာဝန်များကို လက်ခံဖြေရှင်းပေးခြင်း၊ IT နှင့် Telecom ကုမ္ပဏီများ ဝန်ဆောင်မှုများကို ရောင်းချပေးနိုင်ခြင်း၊ အိမ်ခြံမြေ အကျိုး​ဆောင်၊ ဟိုတယ် နှင့်ခရီးသွား၊ ဆေးရုံများ၊ ကျန်းမာရေး အထောက်အကူပြုလုပ်ငန်းများ၊ ကုန်ပစ္စည်းများ ဖြန့်ဝေနေသော ကုမ္ပဏီများ၊ သယ်ယူ ပို့ဆောင်ရေး လုပ်ငန်းများ၊ ပညာရေး ဝန်ဆောင်မှု၊ ဘဏ်လုပ်ငန်း ဝန်ဆောင်မှု၊ စတိုးဆိုင်ကြီးများ... စသည် တို့ ဖြစ်​ကြောင်း သိရသည်။

ယင်းစင်တာသည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံတယ်လီပို့တို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်းလည်း သိရှိရသည်။



Photos by ပြည်ချစ်မေ (ရွှေလုံး)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection