ငွေအလွဲသုံးစားမှုများ

ငွေအလွဲသုံးစားမှုများ
စင်ကာပူမြန်မာလုပ်ငန်းရှင် လင်မယား ငွေများအလွဲသုံး၍ ထွက်ပြေးပြန်


ရွှေရတနာ မြန်မာငွေလွှဲဆိုင်က မြန်မာမိသားစုများထံက ငွေများ လိမ်လည်ခိုးယူထွက်ပြေးသည့် အရေး အခင်း၏ အဆက်အဖြစ် လွိုင်ဟိန်း မြန်မာငွေလွှဲဆိုင်က ဆိုင်ရှင်လင်မယား ၂ ဦးကလည်း မြန်မာတို့ လွှဲထား သော ငွေများကို မလွှဲပေးပဲ တိန်းရှောင်နေသည့် သတင်းထွက်ပေါ်လာသည်။ အဆိုပါ မြန်မာ ၂ဦး၏ ဓာတ်ပုံကို မြန်မာများကျက်စားရာ ပင်နီဆူလာပလာဇာ တွင် ချိတ်ဆွဲထားသည်။

ရွှေရတနာဆိုင် ပြိုလဲပြီးနောက် အခြားမြန်မာဆိုင်များတွင်လည်း လွှဲငွေများနှင့် ပတ်သက်ပြီး အကြပ်အတည်း များ၊ ကောလဟာလများ ဖြစ်ပေါ်လျက်ရှိသည်။ အဆိုပါ အရေးအခင်းနှင့် ပတ်သက်ပြီး မြန်မာဆိုင်ရှင်များက စုဝေးပြီးဖြစ်စေ၊ မြန်မာသံရုံးကဖြစ်စေ တစုံတရာ ထုတ်ပြန်ခြင်း တရားဝင် မရှိသေးဟု ဆိုသည်။

စင်္ကာပူက ငွေလွှဲသူ မြန်မာအမျိုးသမီးတစ်ဦး သိန်းထောင်ပေါင်းများစွာ ခိုးယူထွက်ပြေး


စင်္ကာပူနိုင်ငံ၊ ပင်နဆူလာပလာဇာမှာ ဖွင့်လှစ်ထားတဲ့ “ရွှေရတနာ” မြန်မာဆိုင်ပိုင်ရှင်အမျိုးသမီးက ငွေလွှဲဖို့ အများက အပ်ထားတဲ့ ငွေ ယူအက်စ်ဒေါ်လာ ၄ သန်းမှ ၅ သန်းဖိုးကြားကို ခိုးယူပြီး အင်္ဂလန်နိုင်ငံသို့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ စင်္ကာပူမှာသာမက မြန်မာပြည်က လွှဲငွေများအပါအဝင်ဖြစ်တာကြောင့် ရန်ကုန်က (ရွှေရတနာ) ရုံးခန်းကို အစိုးရက ချိတ်ပိတ်လိုက်ပြီလို့ ဆိုပါတယ်။

ငွေလွှဲက မိမိအကျိုးအတွက်အလွဲသုံးစားပြီး လိမ်ညာခိုးယူထွက်ပြေးတဲ့အကြောင်း စင်္ကာပူရဲကို တိုင်ကြားတဲ့ အတွက် စင်္ကာပူရဲက သူ့မှတ်ပုံတင်နဲ့ လိုက်ရာမှာ အင်္ဂလန်ကို ထွက်သွားတဲ့အကြောင်း၊ လန်ဒန်မှာ တည်းခို နေတဲ့ ဟိုတယ်လိပ်စာကို ထုတ်ဖော်နိုင်တဲ့အကြောင်း ၊ ဟိုတယ်မှာ ဖမ်းဆီးရမိပြီ ဖြစ်တဲ့အကြောင်း စင်္ကာပူက မြန်မာများအသိုင်းအဝိုင်းမှာ သတင်းဖြစ်နေပါတယ်။ အတည်ပြုချက်မရသေးပါဘူး။

“လူမိပြီး ပိုက်ဆံတွေ မဖမ်းမိရင်တော့၊ ငွေတွေအားလုံး လူတွေ ဆုံးကြမှာပဲ။ ပင်နဆူလာမှာ ဆူနာမိဝင် တိုက်လိုက်သလိုပဲလို့ ပြောနေကြတယ်။ မြန်မာပြည်ကို ပိုက်ဆံပို့တဲ့ စနစ်ကလည်း တရားမဝင် Hondi နဲ့ ငွေလွှဲနေကြရတာဆိုတော့ ဘယ်လိုနည်းနဲ့မှ လုံခြုံမှုတွေ၊ အာမခံတွေ မရှိဘူးလေ။” လို့ မြန်မာစင်္ကာပူ နိုင်ငံသားတဦးက မိုးမခကို ပြောပြပါတယ်။

အဆိုပါအမျိုးသမီးကိုယ်တိုင်က ၂၀ဝ၅ ခုနှစ်မှာ (ရွှေမန္တလေး) အမည်နဲ့ မြန်မာဆိုင်တဆိုင် ဖွင့်ပြီး လွှဲငွေတွေကို အပိုင်စီးပြီး ထွက်ပြေးခဲ့ဘူးတယ်။ အဲသည်တုန်းက စင်္ကာပူအစိုးရကို တိုင်တာ တောတာတွေ မဖြစ်ခဲ့ဘူးလို့ သိရပါတယ်။ အခု (ရွှေရတနာ) အမည်နဲ့ ဆိုင်သစ်တခု ပြန်လာဖွင့်တာ ၂ နှစ်လောက်ပဲ ရှိသေးကြောင်း၊ ယခု (ရွှေရတနာ) ဆိုင်ကိ်ု ကျန်ရစ်ခဲ့တဲ့ ခင်ပွန်းသည်က ဟန်မပျက်ဖွင့်ထားတာ မနေ့ကအထိ ဖြစ်ကြောင်း၊ အဆိုပါ အမျိုးသမီးရဲ့ ဆွေမျိုးတွေကလည်း မန္တလေးမြို့က ဖြစ်ကြောင်း၊ မြန်မာပြည်က အစိုးရအသိုင်း အဝိုင်းထဲက အကောင်ကြီးကြီးတကောင်ရဲ့ ငွေတွေပါသွားလို့ အမှုမှာ လူသိရှင်ကြားဖြစ်ရ တယ်လို့ မိုးမခ မိတ်ဆွေတဦးက ဖြေကြားပါတယ်။

ဆိုင်လိပ်စာက အောက်ပါအတိုင်းဖြစ်တာကို အင်တာနက်မှာ တွေ့ရပါတယ်။

SHWE YADANAR TRADING PTE LTD, #03-52, Peninsula Plaza, Tel : 6337 0891

မိုးမခသတင်းဌာနမှ ကူးယူဖေါ်ပြထားခြင်း

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection