ခမ်းအိအိမွန်နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်

ခမ်းအိအိမွန်နှင့် လတ်တလော စိတ်ကြိုက်ဖက်ရှင်
ယခုတစ်ပတ် လတ်တလော စိတ်ကြိုက်ဖက်ရှင် ကဏ္ဍအတွက်တော့ မန္တလေးသူ မော်ဒယ်လ်တစ်ဦးကို ရွေးချယ် ထားခဲ့သည်။ အနုပညာလောသို့ ဝင်ရောက်သည့် အချိန်တိုအတွMiss Tourism, Miss Lisange, Miss People ပွဲများ၌ ဆုများရရှိထားသူ မော်ဒယ်လ် ခမ်းအိအိမွန်နှင့် ရိုက်ကူးဖြစ်ခဲ့သည်။ ခမ်းအိအိမွန်က သူမရွေးချယ် ထားသည့် ဖက်ရှင်စိတ်ကူးများကို ယခုကဲ့သို့ပင် ပြောပြသွားခဲ့သည်။ “ခမ်းအိဒီ ကဏ္ဍလေး အတွက် မတူတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးနဲ့ ပါဝင်ဖြစ်ပါတယ်။ ပထမဝတ်စုံလေးက ခမ်းအိပွဲတက်ဝတ်စုံ လေးပါ။ ဒီဇိုင်နာ မြတ်စိုးအောင် ဖန်တီးထားတာ။ စိမ်းပြာရောင် ဂါဝန်အရှည်က အောက်နားကျမှ ရေသူမပုံစံကား သွားတာပါ။ ဂါဝန်မှ အတွန့်အဖတ်လေးတွေ အထပ်ထပ်ဖြစ်နေတဲ့ ပုံစံလေး ချုပ်ထားပြီး ရင်ဘက်မှာတော့ ရောင်စုံကျောက်တွေနဲ့ ပုံဖော်အလှဆင်ထားပါတယ်။ ပုခုံးမှာကျောက်တွေနဲ့ အလှဆင်ထားတဲ့ကြိုးပြား တစ်ချောင်းကို တပ်ထားပါတယ်။ ဂါဝန်ရှည်ကို ဒူးလောက်ကနေစပြီး ခွဲထားပါတယ်။ ဒီဂါဝန်တစ်ထည်လုံး ကိုခြုံပြီး ပြောရရင်တော့ ပွဲတက်တဲ့ အခါပဲဖြစ်ဖြစ်၊ ရှိုးလျှောက်တဲ့အခါပဲဖြစ်ဖြစ် အဆင်ပြေလှပတဲ့ ဖက်ရှင်ဒီဇိုင်းလေးပါ။ ဂါဝန်ဒီဇိုင်းက လှပြီးသားဖြစ်တာကြောင့် accessories တွေ ထပ်မဝတ်တော့ဘဲ ရွှေရောင်နားဆွဲတစ်ခုပဲ ဆွဲဖြစ်တယ်။ ဖိနပ်ကတော့ ဝတ်စုံနဲ့လိုက်တဲ့ စိမ်းပြာရောင် ကြိုးသိုင်းဒေါက် အမြင့်လေး စီးထားပါတယ်။ဒုတိယဝတ်စုံလေးကတော့ ခရစ်စမတ် နဲ့ လိုက်တဲ့ဖက်ရှင်ဒီဇိုင်းလေး စဉ်းစားထားတာ။ အခုကခရစ်စမတ်နီးပြီ ဆိုတော့ ခရစ်စမတ်အချိန်မှာ ဝတ်လို့ရမယ့် ဖက်ရှင်ဒီဇိုင်းမျိုးလေး စဉ်းစားဖြစ်သွားတာ။ ဂါဝန် အတိုအနီရောင်လေးပါ။ ဂါဝန်လေးက ရိုးရိုးလေးကိုမှ လည်ပင်းမှာ ဆွဲကြိုး ပုံစံကြိုးတန်းလန်းလေး အလှထည့်ထားပါတယ်။ ဂါဝန် လေးက နည်းနည်းတိုတာကြောင့် အသားကပ် ခြေအိတ် အမည်း အရှည်လေးနဲ့တွဲပြီး ဝတ်ထားပါတယ်။ ဖိနပ်ကိုတော့ အနီနဲ့အမည်းစပ်ထားတဲ့ လေဒီရှူးလေးစီး ဖြစ်ပါတယ်။ ဒီဝတ်စုံလေးက ပေါ့ပေါ့ပါးပါး သွားလို့ရတဲ့ပွဲမျိုးတွေမှာ အဆင်ပြေသလို ခရစ်စမတ်ကာလ မှာလည်း ဝတ်ဆင်နိုင်တဲ့ ဖက်ရှင် ဒီဇိုင်းလေးပါ။ မိတ်ကပ်ကို မြတ်နိုးက လိမ်းပေးထားပြီး ဝတ်စုံတွေနဲ့ လိုက်ဖက်အောင် ပန်းရောင်များများ လိမ်းခြယ်ထားပါတယ်။ ဆံပင်ကတော့ နဂိုဆံပင် အကောက်ဆိုတော့ ဘာမှ ထွေထွေထူးထူး မပြင်ဖြစ်ဘူး။ ဒီ ကဏ္ဍလေးမှာ ပွဲတက်ဝတ်စုံလေးရယ်၊ ပေါ့ပေါ့ပါးပါး ဝတ်စုံလေးရယ် ဝတ်ဆင်ပြီး ပါဝင်ဖြစ်ပါတယ်” ဟု ခမ်းအိအိမွန်က ရှင်းပြခဲ့သည်။မော်ဒယ်လ် ခမ်းအိအိမွန်က ဖက်ရှင်စိတ်ကူးများနှင့် ပတ်သက်၍လည်း “ခမ်းအိက ဖက်ရှင်တွေကို စိတ်ဝင်စားပါတယ်။ အားလပ်ချိန်တွေမှာဆို ဖက်ရှင်နဲ့ ပတ်သက်တဲ့ စာအုပ်တွေဖတ်တယ်။ ဝက်ဘ်ဆိုက်တွေ ကြည့်တယ်။ ပြည်တွင်းမှာ ဘယ်ဖက်ရှင်တွေက ခေတ်စားနေလဲ၊ ပြည်ပမှာရော ဘယ်လိုဖက်ရှင်မျိုးတွေ ပေါ်နေလဲဆို တာတွေ အမြဲလိုလို လေ့လာဖြစ်ပါတယ်”ဟု ဆက်လက် ပြောပြခဲ့သည်။

ခမ်းအိအိမွန် ၏ ပုံများ-





POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection