HIV ရောဂါ၏ ပိုး၏ဗီဇသစ် တစ်မျိုး စင်္ကာပူတွင် တွေ့ရှိ

HIV ရောဂါ၏ ပိုး၏ဗီဇသစ် တစ်မျိုး စင်္ကာပူတွင် တွေ့ရှိ

စင်္ကာပူ ။        ။ ပိုမိုပြင်းထန်ဖွယ် ရှိသည့်  ခုခံအား ကျဆင်းမှု ကူးစက် ရောဂါပိုး (HIV) ၏ ဗီဇသစ် တစ်မျိုးကို စင်္ကာပူနိုင်ငံတွင် တွေ့ရှိခဲ့ ကြောင်း သိရကာ လက်ရှိ ရှိနေသော ဗီဇများ ပေါင်းစပ်ပြီး ယခုလို ပုံစံသစ် ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ Tan Tock Seng ဆေးရုံရှိ ကူးစက်တတ်သော ရောဂါပိုးများ လေ့လာရေး ဌာနမှ သုတေသန ပညာရှင်များမှာ ယခုလို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး AE-B ဟု အမည်ပေး ထားသည့် အဆိုပါ ပိုးဗီဇသစ်မှာ လွန်ခဲ့သည့် ၂၀၀၈ မှ ၂၀၀၉ ခုနှစ် အကြားတွင် HIV ဝေဒနာ ရှင်ပေါင်း ၂၀၀ကျော်ကို လေ့လာခဲ့ပြီးနောက် တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။

ကမ္ဘာနှင့် အဝှမ်းတွင် HIV ရောဂါပိုး၏ ဗီဇအခွဲပေါင်း ၅၀ ခန့် ရှိကြောင်းလည်း သိရသည်။ ယခုလို ပိုးသစ်ကို လက်ရှိ ကုသနေသော ဆေး များဖြင့် ဆက်လက် တိုးပွားမလာရန် ထိမ်းထားနိုင်သော်လည်း ဝေဒနာရှင်များ အနေဖြင့် အလားတူ  HIV  ဝေဒနာရှင်များနှင့် လိင်ပိုင်းဆိုင်ရာ နှီးနှောမှု ရှိသူများ ရှိပါက နောက်ထပ် ပိုပြင်းသည့် ပိုးများ ဖြစ်လာနိုင်ကြောင်းကို သတိပေးလိုက်သည်။ မူလ တိုင်းတာချက်အရ ယခုအသစ် တွေ့ရှိ ခဲ့သည့် ဗီဇပိုးမှာ ပိုမို ပြင်းထန်ကြောင်း တွေ့ခဲ့ရပြီး HIV ရှိသူများ အနေဖြင့် နောက်ထပ် ရောဂါပိုးများ ဝင်ရောက်စေရန် ပိုမို မြန်ဆန်စေကြောင်း သိရသည်။ သို့ရာတွင် ယခုအချက်ကို ပိုမို သေချာစေရန် အတွက် ပိုမိုကြီးမားသည့် လေ့လာမှုတစ်ခု ပြုရန်လိုမည် ဖြစ်ကြောင်းလည်း သိရသည်။
source : Channelnewsasia

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection