နို၀င်ဘာလအတွင်း ဖွင့်လှစ်မည့် သင်္ဃန်းကျွန်းဈေးသစ်ကြီး

နို၀င်ဘာလအတွင်း ဖွင့်လှစ်မည့် သင်္ဃန်းကျွန်းဈေးသစ်ကြီး

မီးလောင်ပျက်စီးခဲ့သော သင်္ဃန်းကျွန်းဈေးကြီးကို အဆင့်မီ ဈေးသစ်ကြီးအဖြစ် ပြန်လည်တည်ဆောက် လျက်ရှိရာတွင် လာမည့်နို၀င်ဘာလအတွင်း ဈေးသစ်ကြီး၏မြေအောက်ထပ်နှင့် မြေညီထပ်များအား ပြန်လည်ဖွင့်လှစ်၍ မူလဈေးဆိုင်ခန်းပိုင်ရှင်များကို ဈေးရောင်းချခွင့် ပေးသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
သင်္ဃန်းကျွန်းဈေးသစ်ကြီး ပြန်တည်ဆောက်နေသည့်လုပ်ငန်းအား အောက်တိုဘာလ ၂၃ ရက်နေ့က တွေ့ရစဉ်

ဈေးသစ်ကြီးရှိ ဈေးဆိုင်ခန်းများ၏ အပြင်အဆင်နှင့် အခင်းအကျင်းများ၊ ရေမီး သုံးစွဲမှုများအား စနစ် တကျအဆင့်မီအောင် ပြုလုပ်ပေးသွားမည်ဟု ထုတ်ပြန်ကြေညာထားကြောင်း ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီ ဈေးများဌာနမှ တာ၀န်ရှိသူတစ်ဦးက ပြောပြခဲ့သည်။သင်္ဃန်းကျွန်းဈေးသစ်ကြီးမှာ မြေအောက်ထပ်အပါအ၀င် စုစုပေါင်း ငါးထပ်အဆောက်အအုံဖြစ်ပြီး မြေညီထပ်နှင့် မြေအောက်ထပ်တို့ကို စည်ပင်သာယာဈေး အဖြစ် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကာ အပေါ်ထပ်များတွင် ရှော့ပင်းစင်တာ၊ စူပါမားကတ် စသည်တို့ပါ၀င်မည်ဖြစ်ကြောင်း သိရှိ ရသည်။

သင်္ဃန်းကျွန်းဈေးသစ်ကြီး၏ မြေအောက်ထပ်နှင့် မြေညီထပ်များတွင်မီးလောင်ခံခဲ့ရသော ဆိုင်ခန်းများ အား ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်းကို အောက်တိုဘာလ ၁၄ ရက်နေ့က ဈေးသူဈေး သား များနှင့် ဈေးသည် ကိုယ်စားလှယ်များ၊ ဈေးသာယာရေး အဖွဲ့တို့အား တွေ့ဆုံ၍ရှင်းလင်း ပြောကြား မှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။သင်္ဃန်းကျွန်းဈေးသစ်ကြီး၏ မြေအောက်ထပ်တွင် သား၊ငါး၊ စားသောက် ကုန်၊ ကုန်စိမ်း၊ ကုန်ခြောက်၊ ကုန်မာပစ္စည်းများရောင်းချသော ဆိုင်ခန်းအရေ အတွက် ၂၀၇ ခန်းနှင့် မြေညီထပ်တွင် ရွှေ၊ ဆေး၊ အလှကုန်၊ အထည်နှင့် ကုန်မျိုးစုံဆိုင်ခန်း စုစုပေါင်း ၆၆၇ ခန်းကို ပြန်လည်နေရာချထားပေးမည်ဖြစ်ကြောင်း သိရှိရသည်။

သင်္ဃန်းကျွန်းဈေးမှာ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ် ဖေဖော်၀ါရီ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့) ၀ါယာ ရှော့မှတစ်ဆင့် မီးလောင်ခဲ့ရခြင်းဖြစ်ပြီး မူလဆိုင်ခန်းပေါင်း ၇၈၆ ခန်းရှိသည့်အနက် ၆၅၁ ခန်း မီးလောင် ပျက်စီးရကာ မီးဘေးသင့်ခဲ့သည့်ဈေးဆိုင်ခန်းများ ကို သင်္ဃန်းကျွန်းမြို့နယ် ကျိုက္ကဆံဘုရား၀င်း အရှေ့ ဘက်တွင် ယာယီဈေးဆောက်ကာ နေရာချထားပေးခဲ့ကြောင်း သိရှိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection