၂၀၁၃ဆီးဂိမ်းပွဲ မြန်မာအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်


၂၀၁၃ဆီးဂိမ်းပွဲ မြန်မာအိမ်ရှင်အဖြစ် လက်ခံကျင်းပမည်

 ၂၀၁၃ခုနှစ်တွင် ကျင်းပပြုလုပ်မည့် ၂၇ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပြုလုပ်ရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ 

လာမည့် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် ဇန်န၀ါရီ၁၆ရက်က အတည်ပြုခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ အဆင့်မြင့်တာ၀န်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ သို့ဖြစ်၍ ဆီးဂိမ်းပြိုင်ပွဲအဖြစ် ပြောင်းလဲ ကျင်းပပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် အဆိုပါပြိုင်ပွဲအား မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံ ကျင်းပခွင့် ရရှိတော့မည်ဖြစ်သည်။ ယခင် အရှေ့တောင်အာရှ ကျွန်းဆွယ် အားကစားပြိုင်ပွဲကိုမူ မြန်မာနိုင်ငံမှ ၁၉၆၁ခုနှစ်နှင့် ၁၉၆၉ခုနှစ်တို့တွင် အိမ်ရှင်အဖြစ် (ရန်ကုန်)၌ လက်ခံကျင်းပခဲ့ဖူးသည်။ ၂၀၁၃ ဆီးဂိမ်း ပြိုင်ပွဲ ကို အိမ်ရှင်အဖြစ် လက်ခံကျင်းပရန် အစဉ်သင့် မဖြစ်သေး ဟုဆို ကာ စင်ကာပူ နုတ်ထွက်သွား ပြီးနောက်၊ ဖိလစ်ပိုင်၊ ဗီယက်နမ်နှင့် မြန်မာတို့ အပြိုင်ကြိုး ပမ်းခဲ့ကြရာ ယခုအခါ မြန်မာနိုင်ငံ နေပြည်တော် တိုင်းတွင် ကျင်းပပြုလုပ်ရန် အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ နေပြည်တော်တွင် နိုင်ငံတကာ အဆင့်မီအား ကစားကွင်းကြီးဖြစ်သော လူ၃၀,၀၀၀ဆံ့ ဇမ္ဗူသီရိ အားကစား ကွင်းကြီးကို စတင်တည်ဆောက် နေပြီ ဖြစ်သည်။ ၂၀၀၉ခုနှစ်၊ ဒီဇင်ဘာလအတွင်းက ၂၅ကြိမ် မြောက် ဆီးဂိမ်းပြိုင်ပွဲအား လာအိုနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး၊ ၂၆ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲကို ၂၀၁၁ ခုနှစ် တွင် အင်ဒိုနီးရှားနိုင်ငံ၌ ကျင်းပပြုလုပ် သွားမည် ဖြစ်သည်။

Credit: ဗိုလ်ဗိုလ်၀င်း (7Day News Journal, Vol. 8, No. 45)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection