မြစ်ကြီးနား ဗလမင်းထင်တံတား အနီး ပေါက်ကွဲမှုဖြစ်ပြန်

မြစ်ကြီးနား ဗလမင်းထင်တံတား အနီး ပေါက်ကွဲမှုဖြစ်ပြန်

ဗုံးပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပွားနေသော မြစ်ကြီးနားမြို့တွင် အင်္ဂါနေ့ညနေ ခြောက်နာရီ ကျော်က စီတာပူရပ်ကွက်ရှိ ဧရာဝတီမြစ်ကူး ဗလမင်းထင် တံတားအနီး ပေါက်ကွဲမှုတခု ထပ်မံဖြစ်ပွား ခဲ့ပြန်သည်။

အစိုးရ၏ ပို့ဆောင်ဆက်သွယ်ရေးဌာန လက်အောက် ခံ ဘီးခွန်ကောက်ခံသည့် အဆောက်အအုံ အနီးတွင် ပေါက်ကွဲ ခဲ့ပြီး လူရှင်းသည့်နေရာ ဖြစ်ခြင်းကြောင့် လူအသေအပျောက်မရှိပါ။

“ရှုးဆိုတဲ့ အသံကြားပြီးနောက်မှာ ပေါက်ကွဲသံ ထွက်လာတာပဲ။ ပေါက်တာက ခြောက်နာရီ မိနစ် ၂၀ မှာ ပေါက် တာပဲ။”ဟု စီတာပူရပ်ကွက် ဒေသခံ တဦးက ပြောသည်။ ဒေသခံများက အဝေးမှ မော်တာ ကျည်ဖြင့် ပစ်ခတ် လိုက်ခြင်း ဖြစ်သည်ဟု ထင်ကြေး ပေးနေကြသည်။

လွန်ခဲ့သည့်စနေနေ့က စတင်သော ပေါက်ကွဲမှုများကြောင့် ယခင်လူထူထပ်စွာ သွားလာနေသော မြစ်ကြီးနား မြို့ပေါ်နှင့် တက္ကသိုလ် ပတ်ဝန်းကျင်များတွင်လည်း သွားလာသူ ပြတ်လျက် ရှိသည်ဟု ဒေသခံများက ပြောသည်။

“ဒီမှာက တော်တော်ကြောက်နေကြတယ်။ တမင်သက်သက် အိမ်လာထည့်ထားပေးပြီးတော့ ဟိုလိုပြောခိုင်း၊ ဒီလို ပြောခိုင်း လုပ်လာမလား။ ဘယ်အချိန်မှာ ဘာတွေပြောလာမလဲ ဆိုပြီးတော့ ကြောက်နေကြတယ်။ လူစုဖို့တောင် ကြောက်နေကြပြီ၊ ဒီမနက် မင်္ဂလာဆောင်ပွဲ ရှိတာတောင် လူက နည်းနည်းလေးပဲ။”ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

အခြားဒေသခံတဦးကလည်း “အခုတော့ ကျနော်တို့က ညမိုးချုပ်ပြီဆိုရင် ဘယ်တော့ ဗုံးပေါက်မလဲဆိုတာပဲ နားထောင်တော့တယ်။”ဟု ပြောသည်။

တနင်္ဂနွေနေ့ညက သီတာရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုဖြစ်ခဲ့သော ဦးဒယောင်တန်ဂွန်း၏ နေအိမ်တွင် ဗုံးပေါက်ကွဲ ခဲ့မှုကြောင့် ပျံ့နှံ့နေသည့် ကျည်ဆံ အပိုင်းအစများလည်း တွေ့ရှိရသည်ဟု မျက်မြင်တဦးက ပြောသည်။

ထို့ပြင် ယင်းနေအိမ်၏ အောက်ထပ်တွင် တမံတလင်း ခင်းထားပြီး ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြေအောက်ဘက် တပေခန့် နှိမ့်ကျသွားခဲ့သည်။

မြစ်ကြီးနားရဲစခန်းတွင် ဖမ်းဆီးစစ်ဆေးခံနေရသော ဦးဒယောင်တန်ဂွန်းကို ရဲကရိုက်နှက် စစ်ဆေးနေ သည်ဆိုသော စွပ်စွဲချက်များ ဒေသတွင်း ပြန့်နှံနေသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection