စာရေးဆရာ ၁၁ ယောက် စာပေဟောပြောမည်

စာရေးဆရာ ၁၁ ယောက် စာပေဟောပြောမည်
'ကျွန်တော်တို့ချစ်သော မန္တလေး' ခေါင်း စဉ်ဖြင့် စာရေးဆရာ ၁၁ ယောက်၏ စာပေဟောပြောပွဲနှင့် ပန်းချီအနုပညာ ရှင်များ၏ ပန်းချီ ပြပွဲကို လာမည့်နို၀င်ဘာလ ဒုတိယပတ်တွင် မန္တလေးမြို့၌ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။

စာပေဟောပြောပွဲနှင့် ပန်းချီ ပြပွဲကျင်းပသွားမည့် လမ်း ၈၀ နေရာ ကို တွေ့ရစဉ်။


"ကျွန်တော်တို့ချစ်သော မန္တလေး ခေါင်းစဉ်နဲ့ ပြပွဲ တွေ လုပ်ဖြစ်ခဲ့တာ အခု တတိယအကြိမ်မြောက် ဖြစ် ပါ တယ်။ စာပေဟောပြောပွဲ ပါ၀င်တာ ကတော့ ဒါဟာ ပထမဆုံးပါပဲ။ မန္တလေးမြို့ဟာ ယဉ်ကျေးမှု မြို့တော်လို့ ပြောလို့ရပါ တယ်။ တစ်ဦးနဲ့တစ်ဦး ရင်းနှီးခင်မင် ရိုင်းပင်းမှုတွေ၊ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေကို ဒီထက်ပိုပြီးရှင်သန် စေချင်တဲ့စိတ်နဲ့ ဒီပွဲလေးကို ကျင်းပ ဖြစ်တာပါ"ဟု မိုးနတ်သူမီဒီယာမှ စီစဉ်သူ ကိုညွန့်မင်းက ယခုလ ၂၀ ရက်နေ့က ပြောသည်။

နို၀င်ဘာလ ၁၁ ရက်နေ့မှ ၁၅ ရက် နေ့အထိ ကျင်းပသွားမည့် အဆိုပါ ပွဲတွင် ၁၁ ရက်နေ့မှစတင်၍ စာရေးဆရာ၊ ဆရာမများဖြစ်ကြသော နေ၀င်းမြင့်နှင့် ခင်ခင်ထူး၊ ညိုထွန်းလူနှင့် ကျော်ရင်မြင့်၊ ဆူးငှက်၊ ညီပုလေးနှင့် သိုက်ထွန်းသက်၊ ဇော်ခိုင်ဦးနှင့် ဦးဘုန်း(ဓာတု)၊ ချစ်စရာ နှင့် အော်ပီကျယ်တို့က နေ့ရက်အစဉ် လိုက် ဟောပြောသွား မည်ဖြစ်ကြောင်း သိရသည်။

စာပေဟောပြောပွဲကို ည ၇ နာရီမှ ၁၁ နာရီအထိ၊ ပန်းချီပြပွဲကို မနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ကျင်းပ သွားမည်ဖြစ်သည်။

ပန်းချီပြပွဲတွင် ဦးခင် မောင်စန်း၊ ဦးအေးမြင့်၊ တမ္ပ၀တီ ဦး၀င်း မောင် စသောပန်းချီပညာရှင် ပေါင်း ၅၀ ဦးခန့် ပါ၀င်ပြီး ကျုံးအ နောက်ဘက်လမ်း ၈၀ ရှိ အမျိုးသား စာကြည့်တိုက်တွင် ကျင်းပသွားမည် ဖြစ်ကြောင်းသည်။

"ဒီပွဲမှာ ထူးခြားချက်အနေနဲ့ အစီအစဉ်တင်ဆက်သူ ပြိုင်ပွဲကိုလည်း ထည့်ထားပါတယ်။ ဒီအစီအစဉ် အတွက် လျှောက်လွှာလာတင်တဲ့ သူတွေထဲက နေ ၂၂ ယောက်ကို ဆန်ခါတင်ရွေးပြီး စာပေဟော ပြောပွဲရက်တွေမှာ စင်ပေါ်ကိုတင်ပေးမှာပါ။ စာရေးဆရာ တစ်ဦးကို နှစ်ယောက်နှုန်းနဲ့ပေါ့။ ဟောပြောပွဲ နောက်ဆုံးရက်မှာ ဒီ ၂၂ ယောက်ထဲကနေ အကောင်းဆုံးစီစဉ် တင်ဆက်ပေးနိုင် ခဲ့တဲ့သုံးယောက် ကို ပ၊ ဒု၊ တရွေးချယ်ဆု ပေးသွား ပါမယ်"ဟု ကိုညွန့်မင်းက ဖြည့်စွက်ပြောသည်။

အစီအစဉ်တင်ဆက်သူအတွက် အသက် ၃၀ နှစ်အတွင်း ကျား၊မ မရွေး ယခုလ ၂၆ ရက်နေ့နောက်ဆုံး ထားကာ လျှောက်လွှာလက်ခံ ခဲ့ကြောင်းနှင့် ယခု ကဲ့သို့ စာရေးဆရာအများစုနှင့် စာပေ ဟောပြောပွဲမျိုးကို မကျင်းပ ဖြစ်ခဲ့သည် မှာ ကြာမြင့်ပြီဖြစ်ရာ စည်ကားမည့်ပွဲ တစ်ပွဲဟု စာပေ၀ါသနာရှင်များက သုံးသပ်ကြ ကြောင်း သိရ သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection