ပြင်ဦးလွင်မှာငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ အဖြစ်


ပြင်ဦးလွင်မှာငိုခဲ့ရတဲ့ ဝိုင်းစုခိုင်သိန်းရဲ့ အဖြစ် 

ဝိုင်းစုခိုင်သိန်းက ပြင်ဦးလွင်မှာ ၈ ရက်ကြာ ဒါရိုက်တာ ကြည်ဖြူသျှင်ရိုက်ကူးတဲ့ ပဋိပက္ခဇာတ်ကားကို ရဲတိုက်နဲ့ ရိုက်ကူး ခဲ့ပြီး အဲ့ဒီဇာတ်ကားမှာဝိုင်းစုခိုင်သိန်းက ရှမ်းတိုင်းရင်းသူလေးအဖြစ် သရုပ်ဆောင်ထားပြီး ရွာနှစ်ရွာမတည့်တဲ့အခါ ကြားကဖြန်ဖြေပေးတဲ့ ကျောင်းဆရာမလေးအဖြစ် သရုပ်ဆောင်ထားပါ တယ်။ ဒီဇာတ် ကားမှာ သရုပ်ဆောင်တွေအားလုံးက ရှမ်းဝတ်စုံတွေဝတ်ကာ သရုပ်ဆောင်မှာဖြစ်ပြီး ထူးခြားချက်က စကားဝဲဝဲလေး ပြောတာလို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ အပြင်မှာလည်း မြင်းကို အရမ်းကြောက်တတ်တဲ့ ဝိုင်းစုခိုင်သိန်း က ဇာတ်ကားထဲမှာ မြင်းစီး တဲ့အခန်းရိုက်ရမယ်ဆိုတော့ ငိုခဲ့ရတယ်လို့ပြောပါတယ်။ “ဇာတ်ကား စရိုက်တဲ့နေ့က မြင်းစ စီးရတယ်။ ဝိုင်းစုက မြင်းကိုမြင်တာနဲ့ တန်းငိုတာပဲ။ အကုန်လုံးကတော့ ဝိုင်းစုအငိုရပ်တဲ့အထိစောင့်ပြီး တော့ ရိုက်ပေးကြပါ တယ်။ မတတ်နိုင်ဘူးလေ။ ဒီ ဇာတ်ကားထဲမှာ မြင်းကစီးကိုစီးရမှာဆိုတော့ ကြိုးစားပြီး ရိုက်ခဲ့ရတာပေါ့။ မြင်းစီးတယ် ဆိုတာကလည်း ညင်ညင် သာသာလေးပဲ မြင်းကသွားတယ်ဆိုရုံလေးပဲ သွားတာကို မရိုက်ရဲတာ။မြင်းပေါ်တက်တာနဲ့ကို ကြောက်နေ တယ်”လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ 

ကျေးရွာဇာတ်ကားဖြစ်ပြီး နယ်မှာသွားရိုက်ဖြစ်တဲ့အတွက် ရိုက်ကွင်း အခြေအနေကို မေးဖြစ်ပါတယ်။ တချို့နယ်ရိုက်ကွင်းတွေဆိုရင် ပရိသတ်တွေအရမ်းကို အုံလာတဲ့အတွက် ရိုက်ကွင်းဖျက်ရ တာတွေ ရှိပါ တယ်။ ဒါပေမဲ့ ပြင်ဦးလွင်က ရိုက်နေကျဖြစ်တဲ့အတွက် ပရိသတ်တွေက အနုပညာရှင်တွေနဲ့ သိပ်မစိမ်းတဲ့ အတွက် အဆင်ပြေခဲ့တယ်လို့ ဝိုင်းစုခိုင်သိန်းက ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ပြင်ဦးလွင်မှာ ဇာတ်ကား ရိုက်နေရင်း ပျဉ်းမနားကို အာမိုဓာတ်မြေသြဇာကြော်ငြာသွား ရိုက်ခဲ့သေးကြောင်း ပြောပါတယ်။ မြန်မာပြည်သိန်းတန်ရဲ့သီချင်း လိုက်ဖ် ရှိုးကို အောက်တိုဘာလထဲမှာ လုပ်မှာဖြစ်ပါတယ်။ မြန်မာပြည် သိန်းတန်ရဲ့ သီချင်း တစ်ပုဒ်ကို ဝိုင်းစုခိုင်သိန်းက ပြန်ဆိုမှာ ဖြစ်ပြီး သီချင်းတော့မရွေးရသေးဘူးလို့ ပြောပါတယ်။ဝိုင်းစုခိုင်သိန်းက သူ့အနေနဲ့ မရိုက်ရဲတဲ့ဇာတ်ရုပ်မျိုး လာကမ်းလှမ်းတဲ့ အခါ ငြင်းခဲ့ရတာ ရှိတယ်လို့ပြောပါတယ်။ သူမ မလုပ်နိုင်တဲ့ဇာတ်ရုပ်ကို ပြောပြတဲ့ ဝိုင်းစုခိုင်သိန်းက . . .“အဲဒီဇာတ်ကားကို ဝိုင်းစုမရိုက်ဖြစ်ခဲ့ဘူး။ အိမ်ထောင်ရေး ဇာတ်လမ်းဖြစ်နေတယ်။ အိမ်ထောင်ရေးမှာ ဝိုင်းစုက ဗီလိန်လိုမျိုး ဖြစ်နေတာပေါ့။ အရမ်းကို ဗီလိန်ဆန်နေတယ်။ တခြားဗီလိန်ဆိုရင် ဝိုင်းစုရိုက်ပါတယ်။ အိမ်ထောင် ရေးဖောက်ပြန်တဲ့ ဇာတ်ကားတော့ အဆင်မပြေလောက်ဘူး ထင်လို့ မရိုက်ဖြစ်တာပါ”လို့ပြောပါတယ်။ ဝိုင်းစုခိုင်သိန်းက ဗီဒီယိုဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူး နေပြီး သူမရဲ့ဒုတိယတစ်ကိုယ်တော် အခွေဖြစ်တဲ့ “မျက်လှည့်”ကိုလည်း အောက်တိုဘာလထဲမှာ ထွက်ဖြစ်မယ်လို့ ပြောပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection