My Irrawaddy


My Irrawaddy


ယခုတလော အများသူငှါ အထူးသဖြင့် ပညာတတ်လောက ၌ ဆွေးနွေးနေကြသော ခေါင်းစဉ်မှာ My Irrawaddy ပင်ဖြစ်သည်။ ဧရာဝတီ မြစ်အစ၌ ရေအားလျှပ်စစ် စီမံကိန်းများတည်ဆောင်မှု အပေါ် အခြေ ပြု၍ အခြေအတင် ဆွေးနွေးနေကြခြင်းဖြစ်သည်။ နိုင်ငံတော်မှ တည်ဆောင်မှုကို ဆက်လက် လုပ်ဆောင်ပြီး ရေလမ်း ထိန်းသိမ်းရေး အတွက် အဓိက လုပ်ဆောင်ရမည်ဖြစ်ကြောင်း ရှင်းလင်းသွား၏။ ယခုလုပ်ဆောင် နေသော အလုပ်မှာ စာချုပ်ချုပ်ဆိုခဲ့ခြင်း အပိုင်းအထိ နိုင်ငံတော်မှ ရရှိမှုအပိုင်း၊ တည်ဆောက်သူမှ ရရှိမှုအပိုင်း ပါရှိသော်လည်း Indirect Profit & Loss ကို ဖေါ်ပြထားခြင်း မရှိပါ။ EIA report ထွက်လာခဲ့သော်လည်း Mitigation of Environmental Hazard ကို မည်သို့ လုပ်ဆောင်မည်ဟု ဖေါ်ပြထားမှု အနည်းငယ်သာ ရှိသည်။ Observation Method အရ Before, During, After construction period တွင် EIA report အရ ထိန်းသိမ်းစောင့်ရှောက် ပြုပြင်လုပ်ဆောင်ရပါမည်။

Third party ဖြစ်သော BANCA ၏ EIA report ကို တတ်ကျွမ်း သော အဖွဲ့ စည်းတစ်ခုခုမှ review လုပ် သင့်သည်။ World Bank, ADB တို့မှ EIA proposal များနှင့် နှိုင်းယှဉ်၍ လုပ်ဆောင်မှုများ လုပ်ဆောင်သင့်သည်။ EIA report တိုင်းသည် မှန်ကုန်မှု ရာခိုင်နှုန်းအနည်းအများရှိသည်။ Biodiversity subject သာအဓိက ထားလျှင် Environmental Geology and Engineering ရူ့ဒေါင့်မှလည်း စစ်ဆေးမှု များရှိရပေမည်။

ယနေ့ မြန်မာပြည် EIA Report အတွက်ဝင်ရောက် လုပ်ကိုင်ခဲ့ကြသော အတတ်ပညာရှင်များသည် အဓိက အားဖြင့် Data Collection သာလုပ်ကိုင်နိုင်ကြသည်။ Interpretation လုပ်ဆောင်မှု မရှိသလောက် ပင်ဖြစ်သည်။ သို့ဖြစ်၍ Social Economic View, Engineering Technical View, Land Use, Water flow consistency, Deforestation စသော Hydro Power Plant တည်ထောင်မှု၏ အဓိက လိုအပ်သောအချက်များကို EIA Report ၌ အဓိကစောင်းပေး ဖေါ်ပြရပေမည်။ Environmental Management Plan အတွက် လုပ်ဆောင်မှုများကို Budget ထား၍လုပ်ငန်းအဆင့်တိုင်းတွင် မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဧရာဝတီ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း ရှေ့ဆက်လက် လုပ်ဆောင်သင့်၊ မသင့်  ပြည်သူဆန္ဒခံယူပွဲကို လုပ်ကြရပေလိမ့်မည်။
  1. Be prepared , punctual
  2. Define the target of the meeting
  3. Create meeting notes.
  4. Be brief, concise and Objective
  5. Define responsibilities
  6. Realistic dead lines for follow-up actions
( Meeting is Meeting  , Report is Report )

ရေးသားသူ - Phoneix


POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection