မေသက်ခိုင် အိမ်ထောင်မပြုသေးပါ


မေသက်ခိုင် အိမ်ထောင်မပြုသေးပါ 

ဒီသတင်း ဘယ်လိုထွက်လာလဲမသိပေမယ့် တောက်လျှောက်ရိုက်ကွင်းမှာ အနုပညာလုပ်ဖော်ကိုင်ဖက်တွေနဲ့ ရှိနေတာပဲ။ တကူးတက ရှင်းနေစရာတော့ မလိုပါဘူး။ အိမ်ထောင်ပြုဖို့ အစီအစဉ်လည်း မရှိပါဘူး။ အစီအစဉ်ရှိရင်လည်း ပရိသတ်ကို သေချာအသိပေးသွားမှာပါ။ 

မင်းသားသုံးလက်ဖြင့် ဒီဗီဒီဇာတ်ကားကြီးတစ်ကား ရိုက်ကူးနေသော မင်းသမီး မေသက်ခိုင်တစ်ယောက် အိမ်ထောင်ကျသွားပြီဟု ယခုရက်ပိုင်း အတွင်း သတင်းများထွက်ပေါ်လာပြီး သူမပရိသတ်အများစုမှာ အဆိုပါ သတင်းအပေါ် စိတ်၀င်စားနေကြသည်။ အဆိုပါသတင်းနှင့် ပတ်သက်ပြီး ကာယကံရှင်ဖြစ်သူ မေသက်ခိုင်ထံ ဆက်သွယ်မေးမြန်းရာ... “အဲဒီ သတင်းက လုံး၀မဟုတ်ပါဘူး။ အရင်ကလည်း အနုပညာ လုပ်ဖော်ကိုင် ဖက်ဖြစ်တဲ့ ဇာတ်မင်းသားတစ်ဦးနဲ့ သတင်းတွေပြောကြတယ်။ နောက် တော့ မဟုတ်ဘူးဆိုတာ သိသွားကြ တာပဲ။ အခုလည်း ဒီသတင်း ဘယ်လို ထွက်လာလဲမသိပေမယ့် တောက်လျှောက်ရိုက်ကွင်းမှာအနုပညာ လုပ်ဖော် ကိုင်ဖက်တွေနဲ့ ရှိနေတာပဲ။ တကူးတက ရှင်းနေစရာတော့ မလိုပါဘူး။ အိမ်ထောင်ပြုဖို့ အစီအစဉ်လည်းမရှိပါဘူး။ အစီအစဉ်ရှိရင်လည်း ပရိသတ်ကို သေချာအသိပေးသွားမှာပါ။ အခုတော့ အနုပညာ အလုပ်တွေကိုပဲ အားစိုက်လုပ်ကိုင် နေပါ တယ်”ဟု ပြောကြားသည်။ သရုပ်ဆောင်မေသက်ခိုင်သည် ယခု လက်ရှိတွင် Studio 35 မှ စီစဉ်ပြီး ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးသော “လက်လက်ကို ထနေတာပဲ” ဒီဗီဒီဇာတ်ကားတွင် ကျော်ရဲအောင်၊ မင်းမော်ကွန်း၊ ကောင်းခန့်၊ မေသန်းနု၊ အေးမြတ်သူတို့နှင့် တွဲဖက် သရုပ်ဆောင်လျက်ရှိသည်။

Credit: အေးသူစံ (7Day News Journal)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection