ကားသစ်များ အစားထိုး တင်သွင်းခွင့်ပြုမည်ဟု ကြေညာချက် ထုတ်ပြန်၊


ယာဉ်မှတ်ပုံတင် သက်တမ်း အနှစ် ၂၀ ကျော်မှ အနှစ် ၄၀ ကျော်အထိ ရှိနေသော ကားဟောင်းများကို ပယ်ဖျက် ကာ ကားဟောင်းအစား ကားသစ်များ အစားထိုး တင်သွင်းခွင့်ပြုမည်ဟု ကြေညာချက် ထုတ်ပြန်၊
ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသည့် မော်တော်ကားများ အနက် မှတ်ပုံ တင်သက်တမ်း အနှစ် ၄၀ ကျော်သည့် ကားများကို ဦးစွာ ပယ်ဖျက်လဲလှယ်မည် ဖြစ်ကြောင်း၊ ယင်းနောက် အနှစ် ၃၀ ကျော်မှ အနှစ် ၄၀ ကြားကားများ၊ ထို့နောက်တွင် မှ အနှစ် ၂၀ ကျော်မှအနှစ် ၃၀ ကြား ကားများကို အဆင့်ဆင့် ပယ်ဖျက် လဲလှယ်ရန် သတ်မှတ်ထားကြောင်း သိရသည်။

မြန်မာပြည်မှာ ကားအိုကားဟောင်းများ
သက်တမ်း အနှစ် ၄၀ ကျော် ကားများကို ဦးစားပေး အဆင့်(၁) သတ်မှတ်၍ ပယ်ဖျက်မည် ဖြစ်ကြောင်း လည်း သိရသည်။
မှတ်ပုံတင်သက်တမ်း အနှစ် ၄၀ ကျော်ယာဉ်များ မှစ၍ တစ်ဆင့်ပြီး တစ်ဆင့် အစားထိုးလဲလှယ် နိုင်ရေး ဆောင်ရွက်ပေးမည်ဟု ထုတ်ပြန်ထားသည်။ လဲလှယ် ရာတွင် သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် ကား ဟောင်းများကို ယာဉ်မှတ်ပုံတင်စာအုပ်နှင့် အတူ သတ်မှတ်ထားသည့်နေရာသို့ မောင်းနှင် ပို့ဆောင် အပ်နှံရမည်ဖြစ် ကြောင်း၊ လာရောက် အပ်နှံသည့် ကားဟောင်းများကို သံရည်ကြိုစက်သို့ ပို့ဆောင်ဖျက်ဆီး မည်ဟု သိရသည်။
ကားဟောင်းများ အပ်နှံရေးမှတ်ပုံတင် ကိစ္စပြီးစီးပါက အပ်နှံမှု အမှတ်အသားတစ်စောင် ထုတ်ပေး မည်ဖြစ် ကြောင်း၊ ယင်းနောက်တွင် မူလကား ထုတ်လုပ်သည့်နိုင်ငံမှ ရောင်းဈေး ဒေါ်လာ ၃၅၀၀ ထက်မ ပိုသည့် ယာဉ်တစ်စီး ၀ယ်ယူခွင့် ပါမစ်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကားဟောင်းအပ်နှံပြီး ၀ယ်ယူ ခွင့်ပါမစ်ရရှိသူများအနေဖြင့် ၁၉၉၅ ခုနှစ်နှင့် အထက် Model ကားများ ကိုသာ ပြည်ပမှတင်သွင်းရမည် ဖြစ်ကြောင်း သိရသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

♂

  ♂
♂   ♂
♂    
♂    
♂    
♂      
♂      
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

♣

  ♣

♣

  ♣

♣

  ♣

♣

  ♣
♣   ♣
♣      

♣

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

♂

 

♂

♂

     

♂

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection