Dell Streak 10 Pro ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချ
Dell မှ ၎င်း၏ပထမဦးဆုံး ၁၀ လက်မအရွယ် Android tablet ကို တရုတ်နိုင်ငံတွင် စတင်ရောင်းချ လိုက်ပြီဖြစ်ကြောင်း Engadget နှင့် Dow Jones Newswire သတင်းဌာနများ၏အဆိုအရ သိရသည်။ Dell Streak 10 Pro ဟုအမည်ပေးထားသည့် ၎င်း tablet သည် Dell မှထုတ်လုပ်သည့် တတိယမြောက် tablet ဖြစ်ပြီး Android Honeycomb OS အသုံးပြုသည့် ပထမဦးဆုံး ၁၀ လက်မအရွယ် tablet ဖြစ်သည်။ အထူ ၁၂ မီလီမီတာ (၀.၄၇ လက်မ) ရှိပြီး စုစုပေါင်းအလေးချိန် ၇၀၀ ဂရမ် (၁.၅ ပေါင်ခန့်) သာရှိသည့် ၎င်း tablet တွင် အနားစွန်းများကို ဖန်ဖြင့်ပြုလုပ်ထားကာ အလူမီနီယံ ကိုယ်ထည်ဖြင့် ထုတ်လုပ်ထားသည်။ Screen resolution 1280 x 800 ဖြင့် အသုံးပြုနိုင်ပြီး 5 megapixel front- and rear-facing ကင်မရာများ လည်းပါ၀င်ကြောင်း သိရသည်။ Full 1080p ရုပ်ရှင် များကြည့်ရှုနိုင်ပြီး SD slot တစ်ခုနှင့် Nvidia Tegra dual-core ပရိုဆက်ဆာတို့ ထည့်သွင်းပေးထားကြောင်း CNET သတင်းဌာနမှဖော်ပြ ထားသည်။ ၎င်း Dell Streak 10 Pro tablet ကို USB port များစွာပါ၀င်သည့် dock နှင့်အတူ၀ယ် ယူနိုင်ပြီး USB host mode ဖြင့် PC တစ်လုံးကဲ့သို့ စွမ်းဆောင်ပေးနိုင်ကြောင်းသိရသည်။
တရုတ်နိုင်ငံတွင် ကန်ဒေါ်လာ ၄၆၅ ခန့်ဖြင့် စတိုးဆိုင် ၁၀,၀၀၀ ၌ ရောင်းချလျက်ရှိကာ ယခုနှစ်ကုန်ပိုင်းတွင် service center ၂,၀၀၀ သို့ ထပ်မံဖြန့်ချိရန် စီစဉ်ထားကြောင်း ကုမ္ပဏီမှပြောကြားခဲ့သည်။ အမေရိကန် ဈေးကွက်သို့လည်း မကြာမီအချိန်အတွင်း တင်ပို့ မည်ဟုသိရသည်။