အန်နာ ဟာဇာရေး ထောက်ခံ သူများ နှင့် ဆန္ဒပြပြီ

ထောင်က လွတ်မြောက်လာသည့် အန်နာ ဟာဇာရေး ထောက်ခံ သူများ နှင့် ဆန္ဒပြပြီ

အိန္ဒယ စံတော် ချိန် နေ့လည် ၁၁ နာရီ တွင် တီဟာ အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက် လာသည့် သူ့ အား ထောက်ခံ သူ ထောင်ပေါင်းများ စွာ ကို ဦးဆောင်ကာ ဒေလီ မြို့ ဟောင်းရှိ ရာမီလာ တွင် စတင် ဆန္ဒပြရန် မော်တော် ကားတန်း များ ဖြင့် ထွက် ခွာ သွား သည်။

အိန္ဒိယ နိုင်ငံက အဂတိ လိုက်စားမှု တိုက်ဖျက် ရေး လှုပ်ရှား မှု ခေါင်းဆောင် အန်နာ ဟာဇာ ရေး ကို ထောက်ခံ သူ ထာင်ပေါင်းများ စွာဟာ နယူးဒေလီ မြို့က တီဟာ အကျဉ်းထောင် ရှေ့ မှာ စောင့် ဆိုင်း နေကြပြီး လူပေါင်း မြောက်များ စွာ ပါ၀င် မယ့် အစာငတ်ခံ ဆန္ဒပြ ပွဲ ကြီး ကို
ကျင်းပ ဖို့စီစဉ် နေကြပါတယ်။

အန္ဒိယ အစိုးရက ဟာဇာရေး ကို အင်္ဂါ နေ့က ဖမ်းဆီး ခဲ့ တဲ့ အတွက် သူ့ကို ထောက်ခံ သူ တွေ ဟာ နယူး ဒေလီ နဲ့ အခြား ပြည်နယ် တွေ မှာ စတင် ဆန္ဒပြ ခဲ့ ကြပါတယ်။ အသက် ၇၄ နှစ် အရွယ် ရှိ ပြီ ဖြစ် တဲ့ ဟာဇာရေး ဟာ အိန္ဒိယ နိုင်ငံ က အခြေခံ လူတန်းစား တွေ ရဲ့လိုအပ် ချက် တွေ ကို ကူညီ ဖြည့် ဆည်းပေး ရင်း က နေ ပြည်သူ လူထု ရဲ ့ ထောက်ခံ မှု ကို ရရှိ လာခဲ့ တာ ဖြစ်ပါတယ်။

အန်နာ ဟာဇာရေး ရဲ့ အန္ဒိယ နိုင်ငံ ရဲ့ စစ်သား ဟောင်း တစ်ဦး ဖြစ်ပြီး အစိုးရ အဖွဲ့အတွင်း ကြီး ထွားလာတဲ့ အဂတိ လိုက် စား မှု တွေ ကို တိုက် ဖျက် ဖို့ စီစဉ် နေ တုန်းမှာ အင်္ဂါ နေ့က အာဏာ ပိုင် တွေ က သူ ့ကို ဖမ်းဆီး ပြီး အကျဉ်းထောင် ထဲ ကို ပို့ လိုက်တာ ဖြစ်ပါတယ်။

အာဏာပိုင် တွေ က သ့ ကို အစာငတ်ခံ ဆန္ဒ ပြ ခွင့် ပြု လိုက် ပြီး နောက် သူ ဟာ ထောင် ရှေ့မှာ ရှိ တဲ့ သူ့ကို ထောက်ခံ တဲ့ သူ တွေ ကို မိန့် ခွန်း ပြောပြီး ဆန္ဒပြ ဖို့ ချီတက် သွားကြတာ ဖြစ်ပါတယ်။

အိန္ဒိယ နိုင်ငံ ဟာ ကမ္ဘာ့အကြီး ဆုံး ဒီမိုကရေစီ နိုင်ငံ ဖြစ်ပါတယ်။ အန်ဟာ ဟာဇာ ရေ ကို ကြည်ညို သူ တွေ က သူ့ ကို အန္ဒိယ လွတ်လပ် ရေး ဗိသုကာ တစ်ဦး ဖြစ်တဲ မဟတ္တမ ဂန္ဒီကြီး နဲ့ ခိုင်း နှိုင်း ကြပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection