တာတို အမြန်ပစ်ဒုံး အိန္ဒိယ အောင်မြင်စွာ စမ်းသပ်

တာတို အမြန်ပစ်ဒုံး အိန္ဒိယ အောင်မြင်စွာ စမ်းသပ်

မြန်မြန်ဆန်ဆန် တုံ့ပြန် ပစ်ခတ်နိုင်တဲ့ တာတိုပစ် ဒုံးပျံအမျိုးအစားသစ် တခုကို အောင်အောင်မြင်မြင် စမ်းသပ်နိုင်ခဲ့ကြောင်း အိန္ဒိယ အစိုးရက ကြေညာလိုက်ပါတယ်။

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းက သြရစ္စပြည်နယ် ကမ်းလွန် မှာ ကြာသပတေး မနက်ပိုင်းက စမ်းသပ်မှု လုပ် ဆောင် ခဲ့တာလို့ ကာကွယ်ရေးဌာန သုတေသနနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ ပြောခွင့်ရသူက ပြောဆိုလိုက်တာပါ။

ပရာဟာ (Prahaar) လို့ အမည်ပေးထားတဲ့ မြေပြင် က မြေပြင်ပစ် မစ်ဆိုင်းဒုံးပျံဟာ လက်နက်ထိပ်ဖူး အမျိုးမျိုးကို ပြောင်းလဲတပ်ဆင်နိုင်ပြီး မိုင် ၉၀ ကျော် အထိ ပစ်ခတ်နိုင်စွမ်း ရှိသလို လမ်းပေါ်မှာ အလွယ် တကူ ရွှေ့ပြောင်းပြီး တကြိမ်မှာ ဒုံးပျံ ၆ စင်း တခါတည်း ပစ်ခတ်နိုင်ပါတယ်။

အခုနောက်ဆုံး မစ်ဆိုင်းဒုံးပျံကိုတော့ အိန္ဒိယစစ်တပ်ဟာ ၂ နှစ်မပြည့်ခင် အချိန်အတွင်းမှာ တည်ဆောက်ခဲ့ တာဖြစ်ပြီး လက်ရှိသုံးနေတဲ့ အတွဲလိုက် ပစ်ခတ်နိုင်တဲ့ ဒုံးကျည်တွေနဲ့ တာလတ်ပစ် ဒုံးပျံတွေကြား လိုအပ်နေတဲ့ လက်နက်အမျိုးအစား တခုကို ဖြည့်ဆည်းဖို့ ရည်ရွယ်ထားတာလို့လည်း ဆိုပါတယ်။

အိန္ဒိယနိုင်ငံကနေ ၁၉၄၇ ခုနှစ်မှာ ခွဲထွက်ခဲ့ပြီးနောက် စစ်ပွဲ ၃ ကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့ဖူးတဲ့ အိမ်နီးချင်း ပါကစ္စတန်နိုင်ငံနဲ့ အိန္ဒိယတို့ဟာ စစ်လက်နက် ပစ္စည်းသစ်တွေကို ပုံမှန်လိုလို ထုတ်လုပ်နေကြတဲ့ နိုင်ငံ တွေလည်း ဖြစ်ကြပါတယ်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

♂

  ♂
♂   ♂
♂    
♂    
♂    
♂      
♂      
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

♣

  ♣

♣

  ♣

♣

  ♣

♣

  ♣
♣   ♣
♣      

♣

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

♂

 

♂

♂

     

♂

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection