ရခိုင်ဒေသမှာ မိုးကောင်းလို့ “ဆင်” တောင် ပင်လယ်ထဲ မျောပါ
ရခိုင်ပြည်နယ်၊ အနောက်ဘက် မေယု တောင်တန်းများပေါ်မှာ မိုးသည်းထန်စွာ ရက်ဆက် ရွာသွန်းခဲ့ပြီး တောင်ကျ ချောင်းရေတွေ အရှိန်အဟုန်နဲ့ စီးဆင်းခဲ့လို့ ဆင်တွေတောင် ပင်လယ်ထဲ မျောပါရတယ်လို့ စစ်တွေမြို့ ဒေသခံတွေက ပြောပါတယ်။
တောင်ကျ ချောင်းရေတွေနဲ့အတူ ပင်လယ်ထဲကို မျောပါနေတဲ့ ဆင်တွေကို ငါးဖမ်းလှေတွေက တွေ့ရှိလို့ ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဆင်ရိုင်းငယ် တစ်ကောင်ကို စစ်တွေ ဆိပ်ကမ်းသို့ လည်းကောင်း၊ နောက်ထပ် ဆင်ငယ် (၂) ကောင်ကို စစ်တွေမြို့မှ (၅) မိုင်လောက် ဝေးတဲ့ သရက်ချောင်း ကျေးရွာဘက်ကို ဆွဲယူ ကယ်တင် နိုင်ခဲ့တယ်လို့ သိရပါတယ်။ “ဆင်တွေက သိပ်ဉာဏ်ရှိတယ်၊ သူတို့ မျောပါနေတဲ့ အချိန်မှာ ကျွန်တော်တို့ ငါးဖမ်းလှေက ကြိုးချပေးလိုက်တဲ့ အချိန်မှာ နှာမောင်းနဲ့ချိတ်ယူပြီး ငါးဖမ်းလှေက ခေါ်ဆောင် သွားတာကို အသာတကြည် လိုက်လာတယ်၊ လိုက်မလာရင် သူတို့သေမှာကို ဆင်တွေက သိနေကြတယ်လေ”လို့ ပြောဆိုခဲ့ပါတယ်။ ရက်ပိုင်း အတွင်းမှာပဲ ဆင်သေတစ်ကောင် ရေစီးနဲ့ မျောပါလာတာကို တွေ့ရတယ်လို့ သိရပါတယ်။