အဆောင်နေ ကျောင်းသူကို အဆောင်ပိုင်ရှင် ဆရာဝန်က

အဆောင်နေ ကျောင်းသူကို အဆောင်ပိုင်ရှင် ဆရာဝန်က အဓမ္မပြုကျင့်ဟုဆို

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့ ရွာထောင်တွင် တက္ကသိုလ်ဝင်တန်း ဘော်ဒါဆောင် တည်ထောင် ဖွင့်လှစ်ထားသူ အသက် ၄၅ နှစ်အရွယ် ဆရာဝန်က အရွယ်မရောက်သေးသူ ဒသမတန်း ကျောင်းသူ တစ်ဦးကို အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း စစ်ကိုင်းမြို့ ဒေသခံများ၊ မြို့နယ်တပ်ဖွဲ့ ရဲစခန်း၊ အမှတ် (၁) ရဲစခန်းတို့ထံမှ စုံစမ်းသိရှိရသည်။

နေမကောင်းသည့် အဆောင်နေ ကျောင်းသူကို ဆေးကုပေးရန် ဆေးခန်းတစ်ခုသို့ ခေါ်သွားကြောင်း၊ ယင်းနောက် အခြားဆေးခန်း တစ်ခုသို့ ထပ်မံ သွားရောက်ရမည်ဟု ခေါ်ဆောင်ကာ အမှန်တကယ်တွင် ဆေးခန်းသို့ သွားရောက်ခြင်း မပြုဘဲ တည်းခိုခန်းသို့ ခေါ်သွားပြီး အဓမ္မပြုကျင့်ခြင်း ဖြစ်ကြောင်း၊ ကျောင်းသူက ရွာပြန်မည့် ကားဂိတ်တွင် ငိုယိုနေသည်ကို အတန်းဖော်များ တွေ့မြင်၍ မေးမြန်းရာမှ တစ်ဆင့် မိဘများ သိရှိသွားပြီး အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကိုင်းမြို့ ရွာထောင်တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။

အမှတ် (၁) ရဲစခန်းကို ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ တာဝန်ကျ ပြည်သူ့ရဲတပ်ဖွဲ့ဝင် တစ်ဦးက "ဒေါက်တာ ဇော်လေးအမှု ဂျာနယ်က သိချင်လို့" ဟုဆိုကာ အဆင့်ဆင့် ညွှန်ကြားချက် တောင်းခံပြီး ၎င်းတို့ အနေဖြင့် ဖြေဆိုခွင့် မရှိကြောင်း၊ တိုင်းရုံးဖြင့် ဖြစ်စေ၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းကို ဖြစ်စေ ဆက်သွယ် မေးမြန်းရန် ဖုန်းနံပါတ်ကို ရည်မွန်စွာ ဖြေဆို ပြောကြားသည်။

မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ ဆက်သွယ် မေးမြန်းရာတွင် အမှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ ပနံပါတ် ၄၉၉/၂၀၁၁ ဖြင့် အမှုဖွင့်ထားကြောင်း ပြန်လည် ဖြေကြားသဖြင့် The Voice Weekly က မည်သည့်ပုဒ်မနှင့် ဖွင့်ထားကြောင်း ဆက်လက် မေးမြန်းရာ ပြစ်မှု မြောက်မမြောက် အထောက်အထား ရှာဖွေနေဆဲဖြစ်ကြောင်း၊ ဆေးရုံမှ ဆရာဝန်၏ ဆေးစစ်ချက် တောင်းခံထားကြောင်း အတည်ပြု ပြောကြားခဲ့ပြီး လောလောဆယ် ပြောနိုင်သည်မှာ ဤမျှသာဖြစ်ကြောင်း မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ အမှုလိုက် အရာရှိက ရည်မွန်စွာ ဖြေကြား သည်။

အမှုဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း၊ ဇူလိုင်လ ၂ ရက်နေ့ စနေနေ့က ဖြစ်ပွားခဲ့ပြီး တစ်မြို့လုံး တစ်ယောက် တစ်ပေါက် ထင်ကြေးပေး ပြောဆိုနေကြကာ မည်သည်ကို အမှန်ဟု ပြောရန် မလွယ်ကူသေးကြောင်း စစ်ကိုင်းမြို့မှ ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင် တစ်ဦးက တယ်လီဖုန်း မှတစ်ဆင့် ဖြေကြားသည်။

"မင်းလမ်း ရပ်ကွက်မှာရှိတဲ့ တည်းခိုခန်းကနေ ထွက်သွားပြီး သုံးနာရီလောက် အကြာမှာ ကျောင်းသူလေးရဲ့ မိဘတွေ အမှုဖွင့်လို့ ဒေါက်တာဇော်လေးကို ဘော်ဒါမှာ သွားဖမ်းခဲ့တာပါ။ ကျောင်းသူမလေးက (------) ကျေးရွာကပါ" ဟု သွားရောက် ဖမ်းဆီးစဉ် သက်သေအဖြစ် ပါဝင်သော အသက် ၃၀ အရွယ် အမျိုးသား ဝန်ထမ်းတစ်ဦးက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါ ဘော်ဒါဖွင့်ထားသည့် ကျူရှင်ဆရာမှာ ရွာထောင် မီးရထားဆေးရုံတွင် တာဝန်ကျနေသူ လက်ထောက် ဆရာဝန် တစ်ဦးဖြစ်ပြီး ကျောင်းသူမလေးကို အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရခြင်းသည် အခြားပညာရေး ဘော်ဒါများကိုပါ ဂုဏ်သိက္ခာ ကျဆင်းစေသည်ဟု ထင်မြင်ကြောင်း စစ်ကိုင်းမြို့ ဒေသခံ မင်းလမ်း ရပ်ကွက်နေ ဦးရွှေဖူးက ၎င်း၏အမြင်ကို ပြောကြားသည်။

"အခုလို ဖြစ်သွားတဲ့ ကိစ္စကိုတော့ စစ်ကိုင်း တစ်မြို့လုံး လက်မခံနိုင်ဘူး။ ကျူရှင်ဆရာတစ်ဦး ဖြစ်တဲ့အပြင် ဆရာဝန်တစ်ဦးပါ ဖြစ်တဲ့အတွက် ဒီလို မလုပ်သင့်ဘူးလို့ မြင်မိပါတယ်" ဟု အသက် ၅၀ ကျော်အရွယ် စစ်ကိုင်းမြို့ခံ စာနယ်ဇင်းဆရာ တစ်ဦးဖြစ်သူ ဦးကြည်အောင်က ပြောကြားသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection