One Click Unicode Installer
ဒီစာကတော့ ဇော်ဂျီနဲ့ ရိုက်ထားတာပါ။.. မြန်မာ၃ ကို သွင်းလို့ အဆင်မပြေတဲ့ လူတွေအတွက် မြင်နေရအောင်ပါ။ အထက်ပါ နည်းလမ်း ၂ ခုမှာ Installer ကို အသုံးပြုတာ ပိုပြီးအဆင်ပြေပါလိမ့်မယ်.. Portable ကတော့ တစ်ချို့ အင်တာနက်ဆိုင်တွေမှာ အသုံးပြုရတဲ့သူတွေ အတွက် အဆင်ပြေအောင်ပါ.. တစ်ချို့အင်တာနက်ဆိုင်တွေက ယူနီကုဒ်ကို မသွင်းပေးကြဘူးဆိုရင် Portable လေးနဲ့ အဆင်ပြေတာပေါ့.. ။ မိမိရဲ့ Flash Drive လေးထဲကို ၂ မျိုးစလုံး ထည့်သွားပါ.. သွားလေရာ ဆိုင်မှာ ကြုံရင် ကြုံသလို အင်စတောလုပ်ပေးခဲ့ကြပါ.. ။ Deep freeze တင်ထားတဲ့ စက်တွေဆိုရင်တော့ အသုံးပြုတိုင်း ပြန်ပြန်ထည့်နေရမယ်နဲ့တူပါတယ်.. ။ ဒါကြောင့် Portable လေးကို ဆောင်ထားတော့ ပိုကောင်းတာပေါ့..
Download Myanmar Unicode and Keyboard (Portable)
Download Myanmar Unicode Keyboard Installer!
Download Myanmar Unicode and Keyboard (Portable)
Download Myanmar Unicode Keyboard Installer!
လက်ရှိမှာ မြန်မာ၃ကို စက်ထဲသွင်းပြီးတဲ့လူတွေက ဇော်ဂျီဖောင့်နဲ့ ရေးထားတဲ့ ကွန်းမန့်တွေ နဲ့ ယခင်က ပိုစ့်အဟောင်းတွေ ကို ဖတ်လို့မရ တော့ပါဘူး.. ဇော်ဂျီနဲ့ ကွန်းမန့် ပေးချင်တယ်ဆိုရင်လည်း မြန်မာ၃ ရှိတဲ့လူတွေပါ မြင်ရအောင် အောက်က ကုဒ်ကို HTML editor ကနေ ထည့်သွင်းပြီး ကွန်းမန့်ပေးနိုင်ပါတယ်။
<div style="font-family: Zawgyi-One; font-size: 13px; font-weight: lighter;">
ဒီမှာ ဇော်ဂျီသုံးပြီး ရေးချင်တာရေး
</div>
အဲလိုမှမဟုတ်ရင်တော့ မြန်မာ၃ နဲ့ ပဲ ကြိုးစားပြီး ကွန်းမန့်ပေးကြပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။ ဒီတိုင်းရိုးရိုးပဲ ဇော်ဂျီနဲ့ ရေးနေရင်တော့ မြန်မာ၃ ကို သွင်းထားတဲ့လူတွေအနေနဲ့ ဇော်ဂျီဖောင့်တွေကို ဖတ်လို့အဆင်ပြေမှာမဟုတ်ပါဘူး..
နောက်တစ်ခုပြောစရာရှိတာက ကီးမက်ဂျစ်ကို သုံးတဲ့နေရာမှာ Installer ကိုသုံးမယ်ဆိုရင် ဇော်ဂျီယူနီကိုရွေးလိုက်တာနဲ့ ယူနီကုဒ်ကို ဇော်ဂျီလက်ကွက်အတိုင်း ရိုက်လို့ရနေပါမယ်.။
အဲဒါမှ အားမရသေးဘူးဆိုရင်လည်း ဇော်ဂျီလက်ကွက်အတိုင်း ရေးလို့ရတဲ့ NHM Software ကို ဒီပို့စ်ရဲ့  နည်းလမ်း(၃) မှာ မိတ်ဆက်ပေးပြီးပါပြီ။။။
Portable ကိုသုံးရင်တော့ ဖောင့် ၆ မျိုးပါပြီး မြန်မာ၃ကို လည်း သူ့မူရင်းလက်ကွက်အတိုင်း ရိုက်လို့ရပါလိမ့်မယ်..
Installer ကိုအသုံးပြုသူများက မြန်မာ၃ လက်ကွက် အမှန်အတိုင်းရိုက်ချင်ရင်အောက်က ညွှန်ကြားချက်လေးများ အတိုင်းလုပ်ဆောင်ကြပါ..
၁။ KeyMagic Installer ရော Portable ရော ၂ ခုစလုံးကို ဒေါင်းလုဒ်ယူပါ။
၂။ KeyMagic Installer ကို Install လုပ်ပါ။
၃။ Taskbar မှာ ရှိတဲ့ system tray ထဲမှာ Key Magic icon လေး ပေါ်လာရင် Right click နှိပ်ပါ ၊ Manage Keyboards ကိုရွေးပါ။
၎။ Add ဆိုတဲ့ ခလုတ်ကို နှိပ်ပါ။(မနှိပ်ခင် KeyMagic-1.3.2-Win32-Standalone.zip ကို ဖြည်ထားပါ)
၅။ Keyboard file ကိုရွေးခိုင်းတာနဲ့ KeyMagic-1.3.2-Win32-Standalone folder ထဲကိုသွားပါ ။ Keyboards folder ထဲကိုထပ်သွားပါ။ အဲဒိထဲက Myanmar3.km2 ကိုရွေးပေးလိုက်ပါ။
(အခြား ပုရပိုဒ် ၊ ဧရာ ကီးဘုတ်များကိုလည်း ရိုက်ချင်ပါက ထည့်သွင်းထားနိုင်ပါသည်။)
၆။ Hotkey နေရာမှာ Mouse ကိုထောက်ပြီး မိမိပြောင်းချင်တဲ့ ကီးကို ကီးဘုတ်မှ နှိပ်ပြီးထည့်ပါ။ (ဥပမာ – Ctrl + Shift + M) ပြီးရင် Apply .. OK ကိုနှိပ်ပါ..။
၇။ပြီးရင် ခုနက Myanmar3.km2 ဆိုတဲ့ keyboard file လေးကို Copy ပြီး C:\Program Files\KeyMagic\Keyboards ထဲကို သွားပြီး Paste လုပ်ပေးလိုက်ပါ။.. (ဒီအဆင့်ကို မလုပ်မိရင် ကီးဘုတ်ပြောင်း ရိုက်လည်း မြန်မာ၃ဖောင့် အလုပ်လုပ်မှာ မဟုတ်ပါဘူး)
၈။မြန်မာ၃ကိုပြောင်းပြီး စမ်းရိုက်ကြည့်ပါ။
ဒါဆိုရင် မြန်မာ၃ လက်ကွက်အမှန်အတိုင်းရိုက်လို့ရပါလိမ့်မယ်..
ဒီလိုလေးတွေ လိုက်နာပေးရင် နောက်ပိုင်း ဆိုဒ်တစ်ခုလုံး ယူနီကုဒ်စနစ်ကို ပြောင်းလဲသွားမှာဖြစ်ပါတယ်။
လိုက်ပါလုပ်ဆောင်ပေးမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်များ..
အဆင်ပြေကြပါစေ !!
Ps … http://forum.mmitd.com/