Nokia Touch ဖုန်းများအတွက် မြန်မာစာသုံးနိုင်သောစနစ် အခမဲ့ ဖြန့်ချိ
Nokia touch ဖုန်းများတွင် ထည့်သွင်း အသုံးပြုနိုင်သော မြန်မာစာ စနစ်တစ်ခုအား အခမဲ့ အသုံးပြုနိုင်ရန် အတွက် ဖြန့်ချိလိုက်ကြောင်း သိရှိရသည်..။ ယင်းဆော့ဖ်၀ဲသည် မြန်မာစာ အသုံးများကို ဖုန်းစနစ်များ အတွင်းတွင် ပြောင်းလဲသွားအောင် လုပ်ဆောင်ပေးနိုင်ပြီး SMS ပို့ခြင်း အင်တာနက်ကြည့်ရှုခြင်း သီချင်း နားထောင်ခြင်းတို့နှင့် အခြား office application များတွင်ပါ မြန်မာစာကို အသုံးပြုနိုင်မည်ဖြစ်သည်..။ ယင်းမြန်မာစာ စနစ်တွင် အသုံးပြုထားသော font အမျိုးအစားများမှာ Zawgyi နှင့် မြစေတီ font များကို သုံးစွဲထားခြင်းဖြစ်ပြီး ယင်းဖောင့်များ ထည့်သွင်းထားသော ဖုန်းများသို့ SMS ပို့ရာတွင်လည်း တဖက်မှ မိမိဆော့ဖ်၀ဲ မရှိသော်လည်း ယင်းစာများကို မြင်ရနိုင်မည်ဖြစ်သည်..။ ဆော့ဖ်၀ဲကိုလည်း အင်တာနက်မှ အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး open source အနေဖြင့် ပေးထားခြင်းဖြစ်သည်..။
SymbianMyanmar v3.0 ကိုထည့်သွင်းလိုပါက series 60v5 ဖုန်းများဖြစ်သော Nokia 5800, N97, 5530, X6 အခြား Nokia touch ဖုန်းများတွင် ထည့်သွင်းနိုင်မည်ဖြစ်သည်..။ ဆော့ဖ်၀ဲ ထည့်သွင်း သည့် အခါတွင် fontrouter ကဲ့သို့သော font application များ Dayhandinput ကဲ့သို့သော Keyboard application များကို uninstall လုပ်ပြီးမှ ယခုဆော့ဖ်၀ဲကို ထည့်သွင်းနိုင် မည်ဖြစ် သည်..။ ထိုစနစ်တွင် ဖောင့်များကို Uninstall မလုပ်ထားပါက font များထပ်ခြင်းဖြစ်တတ်ပြီး ဖုန်းဟန်းသွားခြင်း များဖြစ်နိုင်သည်..။ install လုပ်မည်ဆိုပါက jailbreak လုပ်ထားသော ဖုန်းများအတွက် ပိုမိုသင့်တော်ပြီး jailbreak မလုပ်ထားသော ဖုန်းဖြစ်ပါက အနည်းငယ် error တက်နိုင်မည်ဖြစ်သည်..။
Symbian Myanmar v3.0 ကိုအသုံးပြုသူများသည် နိုင်ငံခြားမှ မြန်မာများ အများဆုံး အသုံးပြုကြကြောင်း သိရသည်..။ ယင်းဆော့ဖ်၀ဲ ကိုရယူလိုပါက ဒီမှာ download လုပ်နိုင်ပါသည်။