မြန်မာယူနီကုတ် ၅.၂ ကီးဘုတ် Fix

မြန်မာယူနီကုတ် ၅.၂ ကီးဘုတ်မှာ အားနည်းချက်တွေ တော်တော်များများရှိပါသေးတယ်။ အက္ခရာ ‘ဥ’ ကျန်ခဲ့တာကို သတိမထားခဲ့မိဘူးဖြစ်သွားတယ်။ Font Port လုပ်ထား တာလည်း Delete နဲ့ Language Indicator တွေမှာ  လွဲနေပါတယ်။ အဲဒါကြောင့်ပြန်ပြင်ဖို့အတွက် လိုအပ်တဲ့ Font ကိုတော့ ကို​ဝေဖြိုးလင်း ပို့ပေးတာပါ။ ကျန်ခဲ့တဲ့ အက0x081ခရာ ‘ဥ’ ကိုတော့ Language Indicator နဲ့ Space ကြားက Key မှာ ထပ်ထည့်ပေးထားပါတယ်။ cydia.macforus.com မှာ တင်ထားတဲ့ Package ကိုလည်း ကိုစေတန် အလုပ်နည်းနည်းပါး တာနဲ့ ပြန်တင်ပေးပါ့မယ်။အခုတော့ တင်ပေးတဲ့ zip ဖိုင်လေးကို Download လုပ်ပြီး ssh နဲ့ပဲ ဖြစ်ဖြစ်၊ iPhone Explorer (Windows | Mac) နဲ့ပဲဖြစ်ဖြစ် လိုအပ်တဲ့ ဖိုင်တွေကို သူ့နေရာနဲ့သူထည့်ပေးလိုက်ရင် လည်းရပါတယ်။ iPhone Explorer ကိုသုံးခဲ့မယ် ဆိုရင်တော့ iTunes တင်ထားဖို့လိုပါလိမ့်မယ်။ပထမဆုံး ပြန်ပြင်ပေးထားတဲ့ ဖိုင်တွေကို Download လုပ်ပါ။ နောက်ရလာတဲ့ zip ဖိုင်ကို extract ဖြည်ပေးလိုက်ပါ။ PhoneKeyCaps.ttf , PhoneKeyCapsTwo.ttf နဲ့ Keyboard-th.plist ဆိုပြီး ဖိုင်သုံးဖိုင်ကို တွေ့ပါလိမ့်မယ်။ အဲဒီ ထဲကမှ PhoneKeyCaps.ttf နဲ့ PhoneKeyCapsTwo.ttf ဖိုင်နှစ်ဖိုင်ကိုတော့ System>Library>Fonts အတိုင်းသွားပြီး Cache ဆိုတဲ့ Folder ထဲမှာ ထည့်ပေးရပါမယ်။ နဂိုရှိရင်းစွဲ ဖိုင်တွေဖြစ်လို့ Overwrite လုပ်ပေးဖို့လိုပါတယ်။ Keyboard-th.plist ဖိုင်ကိုလည်း System>Library>Frameworks အတိုင်းသွားပြီး UIKit.framework ဖိုဒါထဲမှာ Overwrite လုပ်ပေးလိုက်ရင် အက0x081ခရာ ‘ဥ’ မပါတဲ့ ပြဿနာ၊ Delete နဲ့ Language Indicator တွေမှာ ပုံလွဲနေတဲ့ ပြဿနာတွေကို ဖြေရှင်းပြီးဖြစ်သွားပြီ။ သုံးရတာ အဆင်မပြေတာတွေရှိသေးရင် Comment ရေးသွားပေးပါ အလျှင်းသင့်သလို ပြင်ဆင်ပေးသွားပါ့မယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection