ကွန်ပျူတာ အတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များကို ကာကွယ်နည်း

ကွန်ပျူတာ အတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များကို ကာကွယ်နည်း

အကယ်၍ ထိုးဖောက်သူ ဝင်ရောက်သူ တဦးဟာ သင့်ရဲ့ ဒေတာကို အင်တာနက်ပေါ်ကနေ (သို့) စက်ပိုင်း ဆိုင်ရာအရ ဖတ်နိုင် (သို့) ပြင်ဆင်နိုင်ခဲ့ရင် ဒါမှမဟုတ် သင့်ရဲ့ စက်ပစ္စည်းကို ထိန်းချုပ် နိုင်ခဲ့ရင် သင့်ရဲ့ ကွန်ပျူတာ (သို့) ခရီးဆောင် သိမ်းဆည်းရေး ကိရိယာများထဲက သတင်း အချက်အလက်ကို ခွင့်ပြုချက် မရှိပဲ အဝေးကနေ ရယူနိုင်တယ်။ ဘယ်ခြိမ်းခြောက်မှုမျိုးကို မဆို  
(၁) သင့်ကွန်ပျူတာကို malware နဲ့ hacker များရန်မှ ကာကွယ်နည်း နဲ့


(၂) သင့် သတင်း အချက်အလက်ကို ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်မှ ကာကွယ်နည်းထဲမှာ ဆွေးနွေး ထားတဲ့ အတိုင်း သင့်ရဲ့ ဒေတာရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ ကွန်ရက် လုံခြုံရေးကို တိုးမြှင့်ခြင်းဖြင့် သင် ကာကွယ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကာကွယ်ဆိုင်ရာ အလွှာအမျိုးမျိုး ထားရှိတာဟာ အကောင်းဆုံး ဖြစ်တဲ့အတွက် ဖိုင်တွေ ကိုလည်း သင် ကာကွယ်ဖို့ သင့်တယ်။ ဒီလိုနည်းနဲ့ သင့်ရဲ့ အထိခိုက်မခံတဲ့ သတင်း အချက်အလက်ဟာ အခြား လုံခြုံရေး ဆောင်ရွက်ချက် လုံလောက်မှု မရှိရင်တောင် ဆက်ပြီး အန္တရာယ် ကင်းရှင်းနေမှာ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ သင့်ရဲ့ ဒေတာ လုံခြုံရေးနဲ့ဆိုင်တဲ့ စိန်ခေါ်မှုကို ဖြေရှင်းဖို့ အထွေထွေ ချဉ်းကပ်နည်း နှစ်မျိုး ရှိတယ်။ သင့်ရဲ့ ဖိုင်များကို စာဝှက်ထားနိုင်ပြီး သင်က လွဲပြီး အခြားသူတွေ မဖတ်နိုင်အောင် လုပ်ထားနိုင်တယ်၊ (သို့) သင့်ရဲ့ အထိခိုက်မခံတဲ့ အချက်အလက်ကို ထိုးဖောက် ဝင်ရောက်သူက အလွယ်တကူ မတွေ့နိုင်အောင် ဖျောက်ထားနိုင်တယ်။ FOSSလုပ်ငန်းသုံး ကိရိယာ တခုဖြစ်တဲ့ TrueCrypt လို သင့်ရဲ့ ဖိုင်ကို စာဝှက်ပေးနိုင်ရုံမကပဲ ဖျောက်ပေးတဲ့ အလုပ် နှစ်မျိုးစလုံးကို လုပ်ပေးနိုင်တဲ့ ကိရိယာတွေ ရှိတယ်။
နောက်ခံ ဇာတ်လမ်း -

ဂလောဒီယာနဲ့ ပါပလောတို့ဟာ အမေရိကန် တောင်ပိုင်း နိုင်ငံ တခုမှာ လူ့အခွင့်အရေး ဆိုင်ရာ NGO တခုနဲ့ အလုပ် လုပ်ကိုင်ကြ တယ်။ သူတို့ဟာ အဲဒီဒေသမှာ စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့် အရေး ချိုးဖောက်မှုများကို မျက်မြင်ကြုံတွေ့တဲ့ သူများဆီက သက်သေခံချက်များကို လအတော်ကြာ စုဆောင်း ခဲ့ကြတယ်။ အဲဒီ သက်သေခံချက်တွေကို ပေးတဲ့ သူတွေနဲ့ဆိုင်တဲ့ အကြောင်း အရာ အသေး စိတ်ဟာ လူသိရှင်ကြား ဖြစ်သွားရင် သတ္တိရှိရှိ ထွက်ဆိုတဲ့ သူတွေနဲ့ အဲဒီဒေသမှာ ရှိတဲ့ အဖွဲ့အစည်း က အဖွဲ့ဝင် နှစ်ဖက်စလုံးအတွက် အန္တရာယ် ကျရောက် နိုင်တယ်။ ဒီသတင်း အချက်အလက်ကို လောလော ဆယ်မှာ အင်တာနက်နဲ့ ချိတ်ဆက် ထားတဲ့ NGO ပိုင်တဲ့ Windows XP ကွန်ပျူတာထဲမှာ spreadsheet တခုအနေနဲ့ သိမ်းထားတယ်။ လုံခြုံရေးအတွက် စိတ်ပူနေတဲ့ ဂလောဒီယာဟာ ဒေတာ Backup တခုကို စီဒီတချပ်နဲ့ သိမ်းထားပြီး ရုံးပြင်ပ သိမ်းဆည်းလိုက်တယ်။

(၁)ကွန်ပျူတာကို malware နဲ့ hacker များရန်မှ ကာကွယ်နည်း

သင့်ရဲ့ ကျယ်ပြန့်တဲ့ ရည်ရွယ်ချက်တွေကို ထည့်မတွက်ဘဲ သင့်ကွန်ပျူတာရဲ့ ကျန်းမာရေးကို ထိန်းသိမ်း တာဟာ ပိုကောင်းတဲ့ လုံခြုံရေး လမ်းကြောင်းဆီကို ဦးတည်တဲ့ ပထမဆုံး အရေးပါတဲ့ ခြေလှမ်း တရပ် ဖြစ်တယ်။ ဒါကြောင့် အားကောင်းတဲ့ စကားဝှက်တွေ၊ သီးသန့် ဆက်သွယ်ရေးနဲ့ လုံခြုံတဲ့ ပယ်ဖျက်မှု အကြောင်းတွေကို မစဉ်းစားခင် ဥပမာ … သင့်ရဲ့ ကွန်ပျူတာကို hacker များ ရဲ့ လက်ထဲ ကျရောက် မသွားအောင် (သို့) အန္တရာယ် ရှိတဲ့ ဆော့ဗ်ဝဲ၊ တနည်းအားဖြင့် malware, ဗိုင်းရပ်စ်များနဲ့ spyware ရဲ့ အန္တရာယ် အတွင်း မကျရောက်အောင် ဂရုစိုက်ရမယ်။ ဒါမှမဟုတ်ရင် သင် လုပ်ဆောင်မယ့် အခြား လုံခြုံရေး ဆောင်ရွက်ချက်များရဲ့ ထိရောက်မှုကို အာမခံလို့ မရပါဘူး။ ဒီ့အပြင် သူခိုးက အိမ်အောက်ထပ်မှာ ရောက်နေတော့မှ တံခါးကို ပိတ်တာဟာ အဓိပ္ပါယ် မရှိတဲ့အပြင် တံခါးကို ကျယ်ကျယ် ဖွင့်ထားပြီး အောက်ထပ်ကို ရှာနေရင်လည်း အကျိုးးထူးမှာ မဟုတ်ပါဘူး။

အဲဒါကြောင့် ဒီအခန်းက သင့်ရဲ့ ဆော့ဗ်ဝဲကို ထိန်းသိမ်းစောင့်ရှောက်တဲ့နည်းနဲ့ Avast, Spybot နဲ့ *Comodo မီးခံတံတိုင်း * စတဲ့ ကိရိယာများကို သုံးပြီး သင့်ရဲ့ ကွန်ပျူတာကို အမြဲတမ်း အန္တရာယ်ပြုနေတဲ့ malware ကူးစက်မှုနဲ့ hacker တိုက်ခိုက်မှုတွေမှ ကာကွယ်တဲ့ နည်းတွေကို ရှင်းပြသွားမယ်။ ဒီမှာ အကြံပြုထားတဲ့ ကိရိယာတွေဟာ ခြိမ်းချောက်မှု အခံရဆုံးဖြစ်တဲ့ Windows operating system (OS) အတွက် ရည်ရွယ်ပေးမယ့်၊ GNU/Linux နဲ့ Apple OS X သုံးစွဲသူများ အတွက်လည်း အန္တရာယ် ရှိတဲ့အတွက် အောက်မှာ ဖေါ်ပြထားတဲ့ နည်းနာများကို သုံးစွဲနိုင်ပါတယ်။

(၂ )သတင်း အချက်အလက်များကို ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်များမှ ကာကွယ်နည်း

သင့် ကွန်ပျူတာနားမှာ ဒီဂျစ်တယ် အတားအဆီး တခုခုကို သင် ဘယ်လောက်ပဲ ထားရှိထား ပါစေ၊ နောက် မနက် နိုးလာချိန်မှာ အဲဒီ အထဲက သတင်း အချက်အလက် ပျောက်ဆုံးနေတာ၊ အခိုးခံရတာ (သို့) မတော်တဆ ဖြစ်သွားတာ (သို့) အန္တရာယ် မကင်းတဲ့ လုပ်ရပ်ကြောင့် ပျက်စီးသွားတာကို တွေ့နိုင်ပါတယ်။ window ကို ဖွင့်နေတုန်း မီးအား ထိုးတက်သွားတာက အစ ကော်ဖီ ဖိတ်ကျမှုကြောင့် သင့်ရဲ့ ဒေတာ အားလုံး ပျောက်ဆုံးနိုင်ပြီး သင့်ရဲ့ ကွန်ပျူတာကို သုံးမရတဲ့ အနေအထား အထိ တွန်းပို့နိုင်တယ်။ အန္တရာယ်ကို ဂရုတစိုက် လေ့လာပြီး၊ အန္တရာယ် ကင်းစင်တဲ့ အနေအထားကို ထိန်းသိမ်းဖို့ အမြဲ ကြိုးစားကာ ရေးသား ထားတဲ့ လုံခြုံရေး မူဝါဒ တခု ချမှတ်ထားခြင်းက ဒီလို အဖြစ်မျိုးကို ရှောင်ရှား စေနိုင်တယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection