ယူနီကုဒ်ဘာလဲ ၊ ဘယ်လဲ

ယူနီကုဒ်ဘာလဲ ၊ ဘယ်လဲ


ကျွန်တော်က မိတ်ဆွေတို့လိုပဲ အင်တာနက်နဲ့ ကင်းကွာပြီး မနေနိုင်တဲ့ ယူနီကုဒ်အကြောင်း အရင်အပတ်ကအထိ နကန်းတစ်လုံးမျှမသိတဲ့ မြန်မာလူမျိုး တစ်ယောက်ပါ။
ပထမဆုံး အနေနဲ့ ယူနီကုဒ်အကြောင်း မိတ်ဆက်လေးတွေကို အောက်က Link လေးတွေမှာ ဖတ်လို့ ရပါတယ်။

* http://en.wikipedia.org/wiki/Unicode
* http://my.wikipedia.org/wiki/Myanmar_Unicode
*

မြန်မာတွေနဲ့ ပတ်သက်တဲ့ ယူနီကုဒ်ကရော ဘာတွေဖြစ်နေလဲ၊ ဘာကြောင့် ယူနီကုဒ်သုံးသင့်တာလဲ ဆိုတာကိုတော့ အောက်က link လေးခုကို ညွှန်းချင်ပါတယ်။

* MyanmarLanguageOrg က http://tinyurl.com/2bhfy2v
* http://www.myanmartutorials.com/articles/my-unicode-route/
* http://minnyoonthit.net/?p=3727
* http://www.saturngod.net/knowledgebase/unicode-zawgyi-and-me

ကဲ … အဲဒါတွေ ဖတ်ပြီးလို့ ယူနီကုဒ်ကိုဖတ်ချင်တဲ့ ဆန္ဒလေးများ ပေါ်လာရင်တော့ ၁။ ယူနီကုဒ်ကို ဇော်ဂျီနှင့် အတူတူ Browser ပေါ်တွင် ဖတ်ရှုခြင်း

* ၁-က။ ယူနီကုဒ်သွင်းခြင်း (Unicode Installation)

http://www.myanmarlanguage.org/installing_myanmar_unicode

အဲဒီထဲကအတိုင်း ပြင်ဆင်ပြီးပြီဆိုရင် ယူနီကုဒ် ဖတ်လို့ ရပြီပေါ့ဗျာ။


* ၁-ခ။ ဇော်ဂျီနှင့်ယူနီကုဒ်ကို ယှဉ်တွဲဖတ်ရှုခြင်း (Reading both Unicode and Zawgyi on the same page of Browser)


ပြဿနာက ဇော်ဂျီနဲ့ရေးထားတာတွေကို ကျွန်တော်တို့ ဖတ်ချင်တယ်၊ ယူနီကုဒ်ကိုလည်း မြင်ချင်သေးတယ်လေဗျာ။ အပေါ်က Installation Link မှာ Browser ရဲ့ Default Font ကို ဇော်ဂျီပေးခဲ့တာကို သတိထားမိပါလိမ့်မယ်။ တကယ်လို့ ယူနီကုဒ်ကို Browser Default ပြောင်းလိုက်ရင် ယူနီကုဒ်နဲ့ရေးတာပဲ မြင်ရပြီး ဇော်ဂျီနဲ့ ရေးထားတာတွေကို မမြင်ရတာ့ဘူးဗျ။ အဲဒါကို ဖြေရှင်းဖို့ ကျွန်တော်သိထားတဲ့ အလွယ်ဆုံးနည်းလမ်းကတော့ Parallel Universe ပဲဗျ။ Parallel Universe ဆိုတာ ကျွန်တော်တို့လို အိုင်တီရေးရာအကျွမ်းတဝင်မရှိသူ (သူတို့အခေါ် သာမန်ယူဇာ Normal User ပေါ့ဗျာ ) တွေ အတွက် အဆင်ပြေအောင် လုပ်ပေးထားတဲ့ Add-On လေး တစ်ခုပါ။


Parallel Universe အသုံးပြုခြင်း


* Firefox Browser


Firefox အတွက်တော့ https://addons.mozilla.org/en-US/firefox/addon/748/ ကို အရင် Install လုပ်ပါ။ တကယ်လို့ Internet Café မှာ သုံးနေတယ်ဆိုရင် သူတို့ကို အကူအညီတောင်းပါ။ တစ်ခါတလေ Internet Café တွေမှာ Install လုပ်ရတာ အဆင်မပြေ ဖြစ်တတ်တယ်လေ။ အဲဒီ Greasemonkey က Firefox ထဲရောက်သွားပြီးမှ http://userscripts.org/scripts/show/93815 ကို သွင်းပါခင်ဗျ။


* Chrome Browser


Chrome Browser အတွက်ကိုတော့ ဟောဒီ http://tinyurl.com/282p9je Link လေးကို နှိပ်ပြီး Install လိုက်ပေါ့ဗျာ။ Chrome မှာကျတော့ Extension လို့ ခေါ်ပြန်သဗျာ။

ယူနီကုဒ် အသုံးပြုခြင်း

ယူနီကုဒ်ကို ဖတ်ရုံတင်မက ရေးပါရေးချင်တယ်ဆိုရင်တော့ Unicode Keyboard လေးတွေ ရှိတယ်ဗျ။ ကျွန်တော်ကတော့ NHM ဆိုတာလေးကို သုံးနေပါတယ်။

* NHM Keyboard: http://www.myanmarlanguage.org/tools/nhm-keyboard-unicode
* Other Keyboards: http://www.thanlwinsoft.org/ThanLwinSoft/Ekaya/
* For Mac:http://www.myanmarlanguage.org/tools/unicode-keyboard-and-font-installer-mac


အားလုံးအဆင်ပြေပါစေ။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection