ငရဲကြီးရှစ်ထပ်ရှိတယ်ဆိုတာကိုနော်ဝေးနိုင်ငံ


ငရဲကြီးရှစ်ထပ်ရှိတယ်ဆိုတာကိုနော်ဝေးနိုင်ငံနှင့် ဖင်လန်နိုင်ငံမှ ဘူမိဗေဒ

ငရဲကြီးရှစ်ထပ်ရှိတယ်ဆိုတာကို အာရှနဲ့အရှေ့တောင်နိုင်ငံတွေက ပိုမိုယုံကြည်သက်ဝင်လေ့ရှိ တတ်ပါတယ်။ ကျွန်တော်တို့မြေကြီးရဲ့ မြေအောက် အလွှာတွေရဲ့ရွေ့လျားမှုအကြောင်းလေ့လာကြတဲ့  ဆိုဗီယက် နိုင်ငံက ဘူမိဗေဒပညာရှင်များနှင့် ပြည်ပမှငှားရမ်းထားတဲ့ ဖင်လန် နိုင်ငံနဲ့ နော်ဝေးနိုင်ငံမှ ဘူမိဗေဒ ပညာရှင်များ ရယ် ပူးပေါင်းပြီး . . . ဆိုဗီယက်နိုင်ငံဆိုက်ဗေးရီးယားနယ်စွန် တစ်နေရာမှာ မြေအောက် ဆိုက်စမစ် တူးဖော်နည်းနှင့် တူးခဲ့ကြပါတယ်။ ပိုက်လုံးတွေချပြီးတူးကြရင်း ကမြေအောက်အနက်ကိုးမိုင်အရောက်မှာ ဇာတ်လမ်းက စတော့တာပဲ။ ပူးပေါင်းတွင်းတူးအဖွဲ့ ခေါင်းဆောင်က ဆိုဗီယက် ဘူမိဗေဒ ပညာရှင် ဒေါက်တာ ဒီမီထရီအက်ဇာကော့ ဖြစ်ပါတယ်။ တွင်းအနက် ကိုးမိုင် ရောက် တဲ့အခါ တွင်းတူးတဲ့ ပိုက်ဟာထိန်းမရအောင် တုန်ခါလာ တာကိုတွေ့ရှိရပါ တယ်။ 

ဘာကြောင့် တုန်ခါသလဲဟုစစ်ဆေးကြတဲ့အခါတွင်းတူးပိုက်ထိပ်ပိုင်းဟာလေဟာနယ်လိုတွင်းခေါင်းပြင်ကျယ်ကြီးတစ်ခုကိုရောက်နေလို့ ထိန်းမရ အောင် လှုပ်ရမ်းနေခြင်းဖြစ်တယ်လို့ ဆိုပါ တယ်။
အဲဒီ့အခါမှာတော့ လုံးဝမခံမရပ်နိုင်အောင်နာကျင်တယ်လို့ အော်ဟစ်နေကြတဲ့အသံကို စတင်ကြား ရပါ တယ်။ ပထမတော့ သူတို့ရဲ့တွင်းတူးစက်၊ ပိုက်လုံးတွေနဲ့မြေလွှာတွေရဲ့တုန်ခါမှု အသံလို့ ထင်မှတ် ထားကြ ပေမယ့် သေချာစူးစမ်းပြီးနားထောင်တဲ့အခါမှာတော့ ပိုက်လုံးကြား နေရတဲ့ အသံတွေ ဖြစ်တာ ကြောင့် နားတွေတောင် မယုံနိုင်အောင်ဖြစ်ခဲ့ရတယ်လို့ ဒေါက်တာဒီမီထရီအက်ဇာကော့ ကဆိုပါတယ်။ သေချာ အောင်လို့ အသံဖမ်းစက် ကိုတွင်းထဲချပြီးအသံဖမ်းနားထောင်တဲ့အခါမှာတော့ မခံရပ်နိုင်အောင် အော်ဟစ် နေတဲ့ လူတစ်ယောက်ရဲ့ အသံကို သဲသဲကွဲကွဲ စတင်ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူလူ ပေါင်း များစွာ သို့မဟုတ်သန်းပေါင်းများစွာ ရဲ့အော် ဟစ်ငြီးငြူနေကြတဲ့ အသံကိုလဲ ကြားလိုက် ရတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ ဒေါက်တာဒီမီထရီအက်ဇာကော့အပါအဝင် အခြားပညာရှင်တွေရော တွင်းတူးလုပ်သားတွေပါ အံ့သြတုန်လှုပ်မှုများ စွာဖြစ်ခဲ့ရ ပါတယ်။ အဲဒီအသံတွေကို အလွန်ဆွဲအားကောင်းတဲ့ အသံဖမ်းစက်တွေနဲ့ အသံကူးထားလိုက်ပြီးလုပ်ငန်းကို ဆက်မလုပ်တော့ ဘဲတွင်း ပေါက်ကို အဖုံးဖုံးပြီးပိတ်ထားလိုက်ကြတယ်။ သူတို့ဟာ ငရဲပြည်ကိုတွေ့ရှိခြင်းလို့ ခံယူလိုက်ကြပါတယ်။ အနိဌာရုံတွေနဲ့ လူ့လောကကို ဆက်ပေး လိုက်ကြပြီလို့ တွေးခဲ့ကြပါတယ်။ ဒါတွေကတွင်းတူးအဖွဲ့ခေါင်းဆောင် ဒေါက်တာဒီမီထရီိအက်ဇာကော့နဲ့ တွင်းတူးအဖွဲ့ဝင် နော်ဝေးနိုင်ငံ ဘူမိဗေဒပညာရှင်ဘာနီမက်ဒယ်အသက်(၆၅)နှစ်တို့ရဲ့ ပြောကြားချက် တွေပါပဲ။ ဒီသတင်းတွေကို ဖင်လန်နိုင်ငံကအင်မန် နုဆက်စတီးယားဆိုတဲ့ လစဉ်ထုတ်စာစောင် ကရေးသား ဖော်ပြခဲ့ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမြေ ကြီးရဲ့အောက်ကိုးမိုင်မှာ သိပ်ကိုပူလောင်နေ တယ်လို့သိခဲ့ ရပါတယ်။ အခုကျွန်တော်တို့ ရောက်နေတဲ့ ပူအိုက်စိုစွတ်တဲ့တောဟာဖာရင်ဟိုက် အပူချိန် ဒီဂရီကိုးဆယ့် ငါးလောက်ပဲရှိတယ်။ 
မြေကြီးအောက်ကိုးမိုင်အကွာကအပူချိန်ဒီဂရီဖာရင်ဟိုက်(၂၀၀၀)ရှိတယ်လို့ တွက်ချက်သိရှိရပါတယ်။ သူတို့ မူလခန့်မှန်းထားတဲ့အပူချိန်ထက် ဆယ်ဆလောက်တောင်များနေတယ်လို့ တွင်းတူးအဖွဲ့ဝင် နော်ဝေး နိုင်ငံက ဘူမိ ဗေဒပညာရှင်ဘာနီနန်မီဒယ်နှင့် ဘူမိဗေဒပညာရှင်ချူပ်တို့ကို နော်ဝေးနိုင်ငံရဲ့ အကြီးဆုံးနှင့် အောင်မြင် ကျော်ကြားမှုအရှိဆုံး အော့ဘရမ်းဘတ်စကိုက်ကီးဆိုတဲ့ သတင်းစာကြီးက တွေ့ဆုံ မေးမြန်းခဲ့တယ်။ ဘာနီနန်မီဒယ်ပြောတာတွေကို သတင်းစာမှာရေးသားဖော်ပြခဲ့ကြတယ်။ အဲဒီသတင်းစာမှာတော့ ဒီကမ္ဘာကြီး ရဲ့ အောက်ကိုးမိုင်အကွာမှာ ငရဲပြည်ဆိုတာတကယ်ရှိနေပြီ။တွင်းတူးတွေ့ရှိချက်အရငရဲပြည်ရဲ့ ဂိတ်ပေါက် တံခါးဝပဲ ဟုရေးသားခဲ့ကြပါတယ်။ ဒီလိုတွေ့ရှိမှုတွေပြီးတဲ့ နောက်မှာ နော်ဝေးနိုင်ငံနဲ့ ဖင်လန် နိုင်ငံမှ ဘူမိဗေဒပညာရှင် တချို့အလုပ်ကနှုတ်ထွက်လိုက်ကြတယ်လို့ သတင်းစာတွေမှာ ရေးသားဖော်ပြ ခဲ့ကြ ပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection