၂၀၁၄ ကမ္တာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း

၂၀၁၄ ကမ္တာ့ဖလား ခြေစစ်ပွဲတွင် မြန်မာအသင်း မွန်ဂိုရီးယားနှင့် ပထမအဆင့်ရှုံးထွက် ကစား ရမည်

မလေးရှား နိုုင်ငံ အေအက်ဖ်စီ ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် ၂၀၁၄ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာရှဇုံ ပွဲစဉ်များ မဲခွဲအပြီးတွင် မြန်မာအသင်းသည် မွန်ဂိုရီးယား အသင်းနှင့် ပထမ အဆင့်တွင် စတင် ရင်ဆိုင်ရမည် ဖြစ်ကြောင်း သိရသည်။ ပထမ အဆင့် ရှုံးထွက် ပွဲစဉ်များအား ဇွန်လ ၂၉ရက်နေ့နှင့် ဇူလိုင်လ ၃ရက်နေ့ များတွင် အိမ်ကွင်း အေ၀းကွင်း စနစ်ဖြင့် စတင် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပထမ အဆင့် ရှုံးထွက် ပွဲစဉ်များ

ပွဲစဉ်(၁) – မလေးရှား vs တရုတ်တိုင်ပေ
ပွဲစဉ်(၂) – ဘင်္ဂလားဒေ့ရှ် vs ပါကစ္စတန်
ပွဲစဉ်(၃) – ကမ္ဘောဒီးယား vs လာအို
ပွဲစဉ်(၄) – သီရိလင်္ကာ vs ဖိလစ်ပိုင်
ပွဲစဉ်(၅) – အာဖဂန်နစ္စတန် vs ပါလက်စတိုင်း
ပွဲစဉ်(၆) – ဗီယက်နမ် vs မကာအို
ပွဲစဉ်(၇) – နီပေါ vs အရှေ့တီမော
ပွဲစဉ်(၈) – မွန်ဂိုရီးယား vs မြန်မာ

ဒုတိယအဆင့် ရှုံးထွက် ပွဲစဉ်များ

၁။ ထိုင်း vs ပ-အဆင့် ပွဲစဉ်(၅) အနိုင်ရသူ
၂။ လက်ဘနွန် vs ပ-အဆင့် ပွဲစဉ်(၂) အနိုင်ရသူ
၃။ တရုတ် vs ပ-အဆင့် ပွဲစဉ်(၃) အနိုင်ရသူ
၄။ တာခ်မင်နစ္စတန် vs အင်ဒိုနီးရှား
၅။ ကူ၀ိတ် vs ပ-အဆင့် ပွဲစဉ်(၄) အနိုင်ရသူ
၆။ အိုမန် vs ပ-အဆင့် ပွဲစဉ်(၈) အနိုင်ရသူ
၇။ ဆော်ဒီအာရေဗျ vs ဟောင်ကောင်
၈။ အီရန် vs မော်လ်ဒိုက်
၉။ ဆီးရီးယား vs တာဂျစ်ကစ္စတန်
၁၀။ ကာတာ vs ပ-အဆင့် ပွဲစဉ်(၆) အနိုင်ရသူ
၁၁။ အီရတ် vs ရီမင်
၁၂။ စင်ကာပူ vs ပ-အဆင့် ပွဲစဉ်(၁) အနိုင်ရသူ
၁၃။ ဥဇဘက်ကစ္စတန် vs ကာဂျစ္စတန်
၁၄။ ယူအေအီး vs အိန္ဒိယ
၁၅။ ဂျော်ဒန် vs ပ-အဆင့် ပွဲစဉ်(၇) အနိုင်ရသူ

ခြေစစ်ပွဲ စည်းမျဉ်းများ အရ ဒုတိယ အဆင့်မှ အနိုင်ရသည့် အသင်းပေါင်း ၁၅သင်းမှ တတိယ အဆင့်သို့ တိုက်ရိုက် ယှဉ်ပြိုင်ခွင့် ရသည့် ထိပ်သီး ၅သင်းနှင့် ပေါင်းကာ ၄သင်းပါ အုပ်စု ၅စု ခွဲကာ အုပ်စုပတ်လည် ပွဲစဉ်များ ဆက်လက် ကစားရမည် ဖြစ်သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection