အင်တာနက်သုံးသူတိုင်းသတိထားရမဲ့ အချက်တွေပါ

အင်တာနက်သုံးသူတိုင်းသတိထားရမဲ့ အချက်တွေပါ

အင်းပြောရရင်မကောင်းတကောင်းပဲ အင်တာနက်ဆိုင်မှာသုံးတဲ့ သူတွေအတွက်ပါ..

အင်တာနက်ဆိုင်တွေမှာ လာပြီးသုံးစွဲသူတွေအားလုံးရဲ ့ အင်တာနက်သုံးစွဲမှုမှတ်တမ်းကို အင်ဖိုတက်ခ်ကို ပို့ပေး ရမယ်ဆိုပဲ ပို့တာတောင် ရိုးရိုးမပို့ရဘူးဗျာ သုံးစွဲသူတွေ ရဲ့စက်ကို ငါးမိနစ်တစ်ကြိမ် Screen Shot ရိုက်ပြီး ပို့ပေးရမယ် ဆိုပဲ Screen Shot ရိုက်တယ် ဆိုတာ သုံးစွဲသူရဲ့ စက်ကို ဓာတ်ပုံ ရိုက်တာပါပဲ အင်တာနက်ဆိုင် ဖွင့်ခွင့်လိုင်စင်ရဲ့ စည်းမျဉ်း စည်းကမ်း ၁၂ ချက် ထဲမှာ ပါ၀င်လို့ပါတဲ့ အဲ့ဒီ့စည်းမျဉ်းထဲမှာ သုံးစွဲသူရဲ ့လက်ဗွေရာ ယူတာ မှတ်ပုံတင်မိတ္တူ ယူတာတွေတောင်ပါရမယ်ဆိုပဲ ဒါပေမယ့် အင်တာနက်ဆိုင်ရှင်တွေက သုံးစွဲသူ အရမ်းစိတ်အနှောင့်အယှက် ဖြစ်မှာစိုးလို့ မယူတော့ ပါဘူးတဲ့(ဒါက တစ်ချို့ ဆိုင်ရှင်တွေပါ)


Screen Shot လုပ်ဖို့ ဆိုရင် ကျွန်တော့် အတွေ ့အကြုံ အရ Trojen သုံးရပါ့မယ် Trojen ဆိုတာ လူတိုင်း ရေးတတ်တဲ့ ပရိုဂရမ်မဟုတ်သလို Trojen tool ဆိုတာလည်း လမ်းဘေးမှာ တစ်ချပ် ငါးရာ နဲ့ ၀ယ်လို့ရတဲ့ စီဒီ မဟုတ်ပါဘူး ဒါဆိုရင် အင်တာနက်ဆိုင်ရှင်တွေဟာ Keylogger တွေကိုသုံးလာပါတော့မယ် Keylogger သုံးလာပြီ ဆိုတာနဲ့ ကျွန်တော်တို့ရဲ ့ Privicy ကို ထိပါးလာပါပြီ အင်တာနက်သုံးရတာ အဆင်မပြေတော့ပါဘူး

ကျွန်တော်အပါအ၀င် ကျွန်တော်တို့ နိုင်ငံက အင်တာနက်သုံးစွဲသူတော်တော်များများဟာ အင်တာနက် ဆိုင်တွေမှာပဲသုံးနေရပါတယ် ကိုယ့်အိမ်မှာအင်တာနက် ချိတ်မယ်ဆိုရင် ကုန်ကျစရိတ်က နည်းမှမနည်းပဲဗျ အင်တာနက်ဆိုင်တွေကသာ ဒီလိုလုပ်မယ်ဆိုရင် ဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး

တစ်လောက မြန်မာပြည်အထက်ပိုင်း ကို သွားတော့ (ကိုယ်တွေ့) အင်တာနက်ဆိုင်တစ်ဆိုင်ကို ဝင်သုံးကြည့်တဲ့ အာလားလား အထက်ပါပြောထားတဲ့ အတိုင်းဗျာ... ဂျီးတော့ ဆို ရိုက်လိုက်ရင် ချက်ချင်း တက် သွားတယ်..အင်း ကျန်တဲ့ Website အချို့ လဲ အတက်မြန်သလားမမေးနဲ့ attached file ပါ တွဲတင် လိုက်တာလဲ အဆင်ပြေတယ်.. 
တော်တော်ကောင်းတဲ့ ကော်နက်ရှင်ပါလားလို့ ချီးကြူးမယ်ကြံတုန်း ယခု http://www.mmcollection.net/ ကို ဖွင့်ကြည့်လိုက်တော့ အာလားလား...အရင် နှစ်လက Post တွေ ပဲ တက်နေ တာ တွေ့တယ်..တော်တော် အံသြဖို့ကောင်းတယ်နော်.. ဒါနဲ့ ဘယ်ရမလဲ ကျော်ပြီး တော့ ဆိုဒ်ကို ဖွင့်ကြည့်မှ ဆိုဒ်အမှန်ကို ဖွင့်လို့ရသွားတယ်..( Update တင်ထားတဲ့ စာ)တွေ ပေါ်လာတယ်..ဒါဘာကိုပြောချင်လဲ ဆိုတော့ ကျွန်တော်တို့ ကျောင်း Project လုပ်တုန်းက Offline server လုပ်တော့ ဒေါင်းထားတဲ့ Site အချို့ အသက်ဝင်လုပ်ရှားသလိုပေါ့.. ယခု မှ သိလိုက်ရတယ်.. အော် မြန်မာပြည် က လူတွေ မသိနားလည်သူတွေ ကို နားလည်ပါးရိုက် လုပ်သလိုပေါ့ဗျာ... မကောင်းပါဘူးဗျာ..တကယ်မသိသူတွေ အတွက် စိတ်မကောင်း စရာပဲ... ဒါကြောင့် သူငယ်ချင်းတို့ အနေနဲ့ ကိုယ်သုံးတဲ့ ဆိုင်အနေအထားကိုကြည့်ပြီး သုံးကြပါ။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection