Polar Star စက်များကို မန်းတွင် အထူးစိတ်ဝင်စား
မန္တလေး မြို့တော် ခန်းမ တွင်ပြီးခဲ့ သည့် လ(၂၅) ရက်မှ (၂၇)ရက်နေ့  အထိ ကျင်းပ ပြုလုပ် ခဲ့သော 'The 9th ICT Exibition 2001' ကွန်ပျူတာ နည်း ပညာ ပြပွဲ၌ ပထမဆုံး အနေဖြင့် ၀င်ရောက် ပြသ ရောင်းချခဲ့ သည့် မော်တော် ယာဉ်သုံး မြေပုံလမ်း ညွှန်နှင့် လမ်းကြောင်း ပြစနစ် ပါဝင် သည့် စွယ်စုံသုံး Polar Star စက်များအား ပြပွဲလာ ပရိသတ်များ စိတ်ဝင်စားကြည့်ရှုကြပြီး ၀ယ်ယူသူများလည်း ရှိခဲ့ ကြောင်း စုံစမ်းသိရှိ ရသည်။
"မန္တလေးပရိသတ်က တော် တော်လေ စိတ်ဝင်စား ကြပါတယ်။ ဒီ စက် အသုံးဝင်မှုနဲ့  အသုံးပြုနိုင်ဖို့ အ တွက် ကိုတော့ ပရိသတ်နားလည် အောင် ကျွန်တော်တို့  ဘက်ကအရင် ကြိုးစားရဦးမယ်။ ပြပွဲသုံးရက် လုံးမှာ တော့ ပြခန်းကို လူပြတ်တဲ့အချိန်ကို လုံးဝမရှိဘူး။ ဖြတ်သွားတဲ့အချိန် မြန်မာပြည်မြေပုံပေါ်လာတာနဲ့ ၀ိုင်းအုံကြည့်ကြပြီး မေးကြမြန်းကြတယ်"ဟု Technomotion Studies မှ အမှုဆောင်အရာရှိချုပ်ကို ထူးမြင့်နောင်က ရှင်းလင်း ပြောကြားသည်။ အဆိုပါ Polar Star စက်တွင် အိမ်တိုင်ရာ ရောက် ဖြန့်ချိရေး လုပ်ငန်းများမှ တစ်ဆင့်အချက်အလက်များ အသေး စိတ်ကောက်ယူထားခြင်းဖြစ် သောကြောင့် မြန်မာနိုင်ငံ၏ အပြည့်စုံဆုံးမြို့ ပြမြေပုံများစွာ ပါဝင်သည်။ "အခုတော့ရန်ကုန်နဲ့ မန္တလေး ပဲရမယ်။ လကုန်ပိုင်း လောက်ဆိုရင် တော့ တခြားမြို့တွေလည်း ရမယ် အဓိကရုံး စိုက်တဲ့မြို့ ကြီးတွေပေါ့။ စက်ထဲကို မြို့ ပြမြေပုံ တွေကို ထပ် တိုးထည့်မယ် ဆိုရင် တော့ မြို့အလိုက် ဈေးနှုန်း ကွာခြားမှုတော့ ရှိမယ်" ဟု၎င်း ကဆိုသည်။
၎င်းစက်များအား စိတ်ဝင်စားမှု တွင်အသက်(၃၀)၀န်းကျင်အမျိုးသား၊ အမျိုးသမီးများ ဖြစ်ပြီး တစ်ကိုယ် ရေသုံးအတွက် ရည်ရွယ်ထုတ်လုပ်ထား ကြောင်း၊ စက်ချို့ယွင်းမှုအတွက်တစ် နှစ်အာမခံ ပေးထားပြီး ပြပွဲတွင် ကျပ် (၇၅,၀၀၀)နှင့် ရောင်းချခဲ့ကြောင်း၊ နောက်ရက်များ၌ မန္တလေးမြို့အနေ ဖြင့် 78 Shooping Center ရှိ ပိုင်အိုးနီးယား၌ ၀ယ်ယူအသုံးပြုနိုင် ကြောင်းသိရသည်။
ယခုလက်ရှိအခြေအနေတွင် သက်ဆိုင်ရာမြို့တွင်းရှိ မြို့ ပြမြေပုံများ၊စားသောက်ဆိုင်၊ ဟိုတယ်၊ ဆေးရုံစ သည့် နေရာများနှင့်လမ်းကြောင်း အလိုအလျောက် ရှာဖွေ ပေးနိုင်ကြောင်း၊ မြန်မာလိုအသံထွက် လမ်းညွှန် ပေးနိုင်ခြင်း၊ Multimedia, Bluetooth, Game စသည့် Function များစွာ ထည့်သွင်းထားရှိပြီး အခြား အဆင့်မြင့် ဆော့ဖ်ဝဲရေးဆွဲရန်အတွက်လည်း ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။