Huawei Handset C8500, C8600 များတွင် ထည့်သွင်းနိုင်သော Android OS Software Appplication များ

Huawei Handset C8500, C8600 များတွင် ထည့်သွင်းနိုင်သော Android OS Software Appplication များ

(1) Android Store

Application များကို မိမိ ကိုယ်တိုင် Download ပြုလုပ်၍ ထည့်သွင်း အသုံးပြုနိုင်သော ဆော့ဖ်ဝဲလ်ဖြစ်ပြီး User Name နဲ ့ Password ထည့်သွင်းရန် မလိုပါ။

(2) Antivirus

ယခုလိုမျိုး အင်တာနက် အသုံးပြုလို့ ရပြီဆိုတော့ Virus တွေ အနည်းနဲ့ အများ ဝင်လာမှာပါ။ ဒါကြောင့် ကာကွယ်ဖို့ Antivirus ထည့်သွင်းနိုင်ပါတယ်။

(3) Answering

Nokia ရဲ့ Symbian ကို တိုက်ခိုက်ဖို့လို့ တောင် တင်စားလို ့ရတဲ့ Android ဆော့ဖ်ဝဲလ်ပါ။ မိမိဖုန်းကျု မကိုင်ချင်ရင် Answer Machine အဖြစ် အသုံးပြုနိုင်ပါတယ်။

(4) Blacklist

အားလုံးသိပြီးတဲ့အတိုင်း မိမိ မကိုင်ချင်သော ဖုန်းတွေကို တားဆီးပေးမဲ့ ဆော့ဝဲလ်ပါ။ ဒီဆော့ဝဲလ် ထည့်သွင်း ဖို ့ဆိုရင်တော့ တကယ် အလုပ်လုပ်လား၊ မလုပ်ဘူးလား စမ်းသပ်ပြီးမှ ပိုက်ဆံ ပေးပါ။ ဖုန်းဆိုင် အများစုက ထည့်သွင်းပေးတဲ့ Black List တွေကတော့ အလုပ် မလုပ်ပါဘူး။ (၁၀) ကြိမ်လောက် ဖုန်းခေါ်လိုက်ရင် ပြသနာ စတက်တော့တာပါပဲ။

(5) Gtalk

ဖုန်းထဲကနေ Chat လို ့ ရပါပြီ။ မြန်မာလို Chat မလား။ အင်္ဂလိပ်လို Chat မလား။ တရုတ်လို Chat မလား။ မြန်မာစာ ပေါ်ဖို့ အတွက်ကတော့ မြန်မာ Font တော့ ထည့်သွင်းရပါမယ်။


(6) Ebook Reader

iPhone လိုပဲ Phone ထဲကနေ စာအုပ်တွေ ဖတ်မလား။ စာအုပ်တစ်အုပ်လိုမျိုး အသုံးပြုနိုင်ပြီး Memory Card မှာ သိမ်းထား၍ လိုသလို ကြည့်ရှုနိုင်ပါပြီ။


(7) Application Lock

မိမိ ဖုန်းထဲမှာ Application, Photo, Video တွေကို Password ပေးပြီး Lock ချထားလို့ ရပါပြီ။

(8) Myanmar Keyboard

မြန်မာစာ ရိုက်လို့ ရတဲ့ Keyboard ပါ။


(9) All Video Player

AVI, MP4, 3GP ဘာပဲလာလာ ဒီဆော့ဝဲလ်နဲ့ Video တွေ အားလုံး ကြည့်နိုင်ပါပြီ။

(10) Bluetooth

Android ဖုန်းတွေမှာ နဂိုထဲက ရပြီးသားပါ။ Data တွေ လွယ်ကူစွာ ရွှေ့ပြောင်းဖို့အတွက် ထည့်သွင်းနိုင် ပါတယ်။


(11) Quickoffice

အားလုံး သိပြီးတဲ့အတိုင်း Word, Excel, Pdf စတာတွေကို ထည့်သွင်း ပြုပြင် ကြည့်နိုင်သော ဆော့ဝဲလ်ပါ။ Full Version အဖြစ် ထည့်သွင်းနိုင်ပါပြီ။


(12) Ornagai

ကိုစေတန်တို့ ရဲ့ အင်္ဂလိပ် - မြန်မာ Dictionary ပါ။


(13) Wifi Router

အင်တာနက် အသုံးပြုနိုင်တဲ့ CDMA ကဒ်တွေကို Wifi Modem အဖြစ် သုံးနိုင်ပြီး အခြား Computer, iPad, iPod, iPhone, Netbook များရဲ့ Wifi ဖြင့် ချိတ်ဆက်ပြီး ၆လုံးအထိ အများဆုံး အသုံးပြုနိုင်သော ဆော့ဝဲလ်ပါ။


(14) Skype

ဖုန်းထဲမှ Internet ဖုန်းအဖြစ် ထပ်မံ အသုံးပြုနိုင်ပါတယ်။ Skype Account ရှိဖို့ တော့ လိုအပ်ပါတယ်။

(15) Voice Recorder

ဖုန်းအဝင်အထွက်နဲ့ အပြင်မှ အသံများကို စိတ်တိုင်းကျ ကူးယူနိုင်ပါတယ်။

အထက်ဖော်ပြပါ ဆော့ဝဲလ်များဟာ Huawei Android ဟန်းဆက်များအတွက် ထည့်သွင်းနိုင်သော ဆော့ဝဲလ်များ ဖြစ်ပြီး အင်တာနက် ရရှိသော ဖုန်းများအတွက် အခုလို ဆော့ဝဲလ်များ ထည့်သွင်းချင်ရင် Huawei C8500 နဲ့ C8600 Android ဟန်းဆက်များပဲ ဖြစ်ပါတယ်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection