Boot လုပ်ရင် ပြသနာမရှိတော့တဲ့ jailbreak ထွက်ပါပြီ
Apple ရဲ့ ပစ္စည်းတွေ နဲ့အသုံးပြုဖို့ အခုနောက်ဆုံးထွက်ရှိထားတဲ့ iOS 4.2.1 အတွက် ထွက်ရှိထားတဲ့ လက်ရှိ jailbreak က ပြီးပြည့်စုံတဲ့ အဆင့်မဟုတ် သေးပဲ ၊ ဘက်ထရီ ကုန်သွားလို့ပဲ ဖြစ်ဖြစ်၊ လိုအပ်တဲ့ အကြောင်းအရာ တစ်ခုခု ရှိလို့ပဲဖြစ်ဖြစ် device ကို reboot ပြန်လုပ် ရမယ် ဆိုတဲ့ အချိန်မှာ safari လို app တွေနဲ့ တခြား ကိစ္စ တွေ ပုံမှန် အလုပ်လုပ်ဖို့ device ကို သက်ဆိုင်ရာ jailbreak ဆော့ဖ်ဝဲနဲ့ untethered ပြန်လုပ်ပေး ရပါတယ်။
ဒါကြောင့် cydia ကနေ app တွေကို ထည့်သွင်းတဲ့ သူတွေ အဖို့ app ထည့်သွင်းလို့ reboot လုပ်တိုင်း အခက် ကြုံရတတ် ပါတယ်။ အခု အဲဒီ အခက်အခဲကို ဖြတ်ကျော် နိုင်ဖို့အတွက် jailbreak – greenp0ison – release candidate 5 ထွက် ရှိလာပါပြီ။ လောလောဆယ်မှာ Mac ကွန်ပျူတာတွေ အတွက် ထွက်ရှိထားပြီး မကြာမှီမှာ Windows တွေအတွက် ပါ ရရှိ နိုင်တော့မယ် လို့ သူတို့ရဲ့ official website – www.greenpois0n.com က အသိပေး ထားပါတယ်။