ဂျပန်နိုင်ငံဖုကုရှီးမားအနုမြူဓါတ်အားပေးစက်ရုံဝင်းအတွင်းပလူတိုနီယမ်များပြန့်နှံ.
အနည်းငယ်သောအဆိပ်ပြင်း ပလူတိုနီယမ်များ ဖုကုရှီးမားအနုမြူဓါတ် အားပေး စက်ရုံဝင်း အတွင်းနေရာများ စွာစိမ့်ဝင်ပြန့်နှံ နေကြောင်း တွေ့ရအနုမြူလုံခြုံရေးအရာရှိများ ကပြော ဆိုရာတွင် လူသားများအတွက် အန္တရာယ်မဖြစ် နိုင်သော်လည်း လောင်စာချောင်းများ ပျော်ဆင်းရာမှ ရေဒီယိုဓါတ်သင့် ပစ္စည်းယိုစိမ့်မှုမှစက်ရုံကို ထိန်းချုပ် နိုင်မည်လားဆိုသော စိုးရိမ်မှုကိုဖြစ်ပေါ်စေသည်။
အခြေအနေမှာအလွန်စိုးရိမ်စရာကောင်းကြောင်း ကက်ဗိနက် အတွင်းဝန် Edano မှပြော၊ ပျက်စီးမှုများကို အတတ် နိုင်ဆုံး ကြိုးစားပြင်ဆင် နေကြောင်းပြော၊ဓါတ်ပေါင်းဖို ၆ လုံးအနက်၃လုံးမှာ တစိတ်တပိုင်း ပျော်ဆင်းသည်ဟုယုံကြည်ကြောင်း၊ စက်ရုံမှ ရေဒီယို ဓါတ်ကြွပစ္စည်းများစိမ့်ထွက်မှုများကနို့၊ ဟင်းသီး ဟင်းရွက်များနှင့်နောက်ဆုံး သောက်သုံး ရေများအထိဝင်ရောက်လာကြောင်း၊ အစိုးရမှ စက်ရုံနှင့် ၁၂မိုင်ပတ်လည်မှလူများ ကို နေအီမ်များမှ စွန့်ခွါရန်နှင့် မစွန့်ခွါနိုင်ပါကလည်း တံခါး ပိတ်ပြီးနေကြရန် တိုက်တွန်းထား၊
ဆက်တိုက်မတော်တဆဖြစ်မှုများနှင့် မသေချာမှုများက အစိုးရနှင့် တိုကျိုလျှပ်စစ်အကြားမေးစရာမေးခွန်း များဖြစ်လာပြီး စိတ် အနှောက် အယှက်များကိုဖြစ်စေသည်။စက်ရုံကိုအမြန်ဆုံးတည်ငြိမ်ထိန်းသိမ်း ရေးသည်စိုးရိမ်မှုများနှင့် နောက်ပြန်ဆွဲလျှက်ရှိသည်။
ပြီးခဲ့သည်အပတ်ကအလုပ်သမားများသည်လျှပ်စစ်ဓါတ်အားဆက်သွယ်ပြီး အစိတ်အပိုင်းတချို့ကိုပြန် လည်တပ်ဆင်နိုင်ခဲ့သော်လည်း ဓါတ်ပေါင်းဖိုကိုအအေးပေးရန် ရေစုပ်စက်များကိုစတင်သောအခါအ ဆောက်အဦအောက်ခြေနှင့် ဓါတ်အားလိုင်းနှင့် ပိုက်များ သွားရာ မြောင်းများတွင်နေရာတော်တော်များ၌ရေဒီယမ်ဓါတ်သင့်နေသော ရေများဝပ်နေသည်ကိုတွေ့ရသည်။ ရေဒီယမ်ဓါတ်သင့် နေသော ရေများသည် လေထုအတွင်းရေဒီယိုဓါတ်ကြွမှုများကိုဖြစ်စေပြီး၊ အလုပ်သမား များအလုပ်ခွင်အတွက် သတ်မှတ်ထားသော အတိုင်း အတာထက် ၄ဆမျှမြင့်မားသည်နေသည်ကိုတွေ့ရပြီး ရေများကိုစုပ်ထုတ်နိုင်မှသာ ရေအေးလည်ပတ်မှုစနစ်ကို စတင်နိုင် မည်ဖြစ် သည်။
ယင်းအချက်များကတာဝန်ရှိသူများကို အချက်၂ချက်အပေါ် အသည်းအသန်စဉ်းစားစေရန်ဖြစ်လာပါသည်။ ရေများကို ဓါတ်ပေါင်းဖို အတွင်း ထပ်ထည့်သွင်းပြီးလောင်စာချောင်းများအပူလွန်ကဲမှုကိုထိန်းမည်လား နှင့် ရှိပြီးသားမသန့်သောရေများကိုစုပ်ထုပ်ပြီး ရေသန့် များ ဖြင့်အစားထိုးမည်လားဆိုသော မဝေခွဲနိုင်သောအချက်များကိုဖြစ်စေသည်။
ဓါတ်အားသင့်နေသောရေများကိုဖယ်ရှားရန်မှာယခုအရေးပေါ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း နှင့် ရေအေးစီဆင်းမှုကိုလည်း ချိန်ဆနိုင် ရမည်ဖြစ်ကြောင်းနူကလီးယားလုံခြုံရေးအရာရှိ Hidehiko Nishiyama ပြောဆိုသည်။
လောင်စာချောင်းများမှအလွန်မြင့်မားသော အပူချိန်လွင့်ထုတ်နိုင်သော ပလူတိုနီယမ်ကိုရှာဖွေတွေ့ရှိခြင်းက ဆိုးဝါးသောပျက်စီး ဆုံးရှုံး မှုများ ကိုဖြစ်စေသည်ဟု Nishiyama ကဆက်လက် ပြောဆိုသည်။ ပလူတိုနီယမ်သည်အဆိပ်အပြင်းဆုံးသော ဓါတ်ပစ္စည်းတမျိုးဖြစ်ပြီး လွင့်ပြယ်မှုနှေးကွေးကာ အန္တရယ်ရှိသော ရေဒီယိုဓါတ်ကြွမှု ကိုနှစ်ပေါင်းများစွာတိုင်တည်စေနိုင်သည်။
ယင်းဓါတ်ငွေ့ကိုရှူရှိုက်မိပါက ရာသက်ပန်မိမိကိုယ်ထဲတွင်ရှိနေမည်ဟု Alan Lockwood, a professor of Neurology and Nuclear Medicine at the University at Buffalo and a member of the board of directors of Physicians for Social Responsibility, an advocacy group ကပြောဆိုသည်။
နူကလီးယားအကျပ်အတည်းကိုထိန်းချုပ်မှုအပေါ်အမြင့်ဆုံးတပ်လှန့်မှုနှင့်ဂျပန်ကြုံတွေ့ခဲ့ရသည်အပေါ် ဂျပန်ဝန်ကြီးချုပ်က ယနေ့ ပါလီမန်တွင်ကာကွယ်ပြောကြားခဲ့သော်လည်း ရေဒီယိုဓါတ်ပြန့်နှံမှုက ကျွမ်းကျင်သူများ၏ ထိန်းချုပ်နိုင်မှုစွမ်းရည်ကို မေးစရာ ဖြစ် နေသည်။
ဂျပန်ဝန်ကြီးချုပ်က ပါလီမန်တွင်ပြောကြားရာတွင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်နောက်ပိုင်းအဆိုးဆုံးသော အကျပ်အတည်း နှင့် နပန်းလုံးနေရကြောင်းပြောဆိုလိုက်သည်။