မကွန်ပျူတာ နဲ့ ကိုကွန်ပျူတာ

မကွန်ပျူတာ နဲ့ ကိုကွန်ပျူတာ

မကွန်ပျူတာ

ကွန်ပျူတာများကို ကျား၊မ ခွဲခြားကြည့်ပါက ၎င်းတို့သည် အမျိုသမီးများနှင့် ဆင်တူသည့် အချက် ၅ ချက်ကို သုတေသီများ ရှာဖွေတွေ့ရှိကြသည်ဟုဆိုပါသည်။ 
  1. ကွန်ပျူတာကို ဖန်တီးထားသူမှလွဲ၍ ၎င်းတို့၏ အလုပ်လုပ်ပုံ အယူအဆကို မည်သူမျှနားမလည်နိုင်ခြင်း။
  2. တခြားကွန်ပျူတာများနှင့် ဆက်သွယ်ပြောဆိုသည့် ဘာသာစကားကို ၎င်းတို့အချင်းချင်း နားလည်ရုံအပြင် တခြားမည်သူမျှ နားမလည်နိုင်ခြင်း။
  3. "ဆိုးဝါးသော အမိန့်ပေးခိုင်းမှု" ဟူသော ပြန်ကြားချက်သည် "ကျွန်မဘာလို့စိတ်ဆိုးနေတာလဲ၊ ရှင်မသိရင် ရှင့်ကိုမပြောတော့ဘူး" ဟူသော ပြောဆိုချက်ကဲ့သို့ပင် အမြင်ရှင်းစေခြင်း။
  4. အသေးငယ်ဆုံးသော အမှားပြုလုပ်ချက်ကို နောက်နောင်ပြန်လည်ခေါ်ယူနိုင်ရန် အချိန်အကြာကြီး သိမ်းဆည်းထားနိုင်စွမ်းရည်ရှိခြင်း။
  5. စိတ်ရောကိုယ်ပါနှစ်၍ စိတ်ဝင်တစားရှိပါက ၎င်းအတွက် ဗာရီယပစ္စည်းပစ္စယ သုံးစွဲစရိတ်မှာ သင့်လခတစ်ဝက်သုံးစွဲရန်လိုခြင်း ဟူသော အချက် ၅ ချက်ပင်တည်း... 
ကိုကွန်ပျူတာ
ကွန်ပျူတာတွေကို ကျား၊မ ခွဲကြည့်တဲ့အခါ ယောက်ျားဖြစ်နိုင်တဲ့ အချက်တွေကိုလည်း သုတေသီများက တွေ့ရှိခဲ့ကြပါတယ်။
သူတို့ရဲ့အကြောင်းပြချက်တွေကတော့...
  1. ကွန်ပျူတာတွေဟာ အချက်အလက်အများကြီး ပိုင်ဆိုင်ထားပါတယ်။ ဒါပေမယ့် သူတို့က အဖြေမထုတ်တတ်ပါ။
  2. ပြဿနာတွေကို ဖြေရှင်းပေးလိမ့်မယ်လို့ မျှော်လင့်ထားပေမယ့် အချိန်တစ်ဝက်လောက်မှာ သူတို့ကိုယ်တိုင်က ပြဿနာဖြစ်နေပါတယ်။
  3. ကိုယ့်အတွက် အသင့်တော်ဆုံးလို့ဆုံးဖြတ်ပြီး ရွေးချယ်ပြီးတဲ့နောက်မှာ အချိန်နည်းနည်းပေးပြီး စောင့်လိုက်ရင် ဒီထက်ကောင်းတဲ့ မော်ဒယ်ရမှာပဲလို့ မကြာခင်သဘောပေါက်လာပါတယ်။
  4. သူတို့ရဲ့ အာရုံစိုက်မှုကိုရဖို့ သူတို့ကို အရင်မောင်းနှင်ရပါတယ်။
  5. ပါဝါတက်တာများသွားရင် တစ်ညလုံး အလုပ် မလုပ်တော့ပါဘူး။
စသည့်အချက်များပင် ဖြစ်ပါကြောင်း...

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection