စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းဖြင့် အင်တာနက်အား အသုံးပြုနည်း

 စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းဖြင့် အင်တာနက်အား အသုံးပြုနည်း

ကျပ်ငါးသိန်းတန် CDMA 800 MHz ဖုန်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနိုင်မည့်စနစ်ကို စိတ်ပါ ဝင်စားသူများ အတွက် အဆိုပါ ဝန်ဆောင်မှု အသုံးပြုပုံများကို သိရှိနိုင်ရန် ဖော်ပြပေး လိုက်ပါသည်။ ထိုစနစ် သည် ဖုန်းတွင် အသုံးပြုနိုင်သကဲ့သို့ ကွန်ပျူတာနှင့် ချိတ်ဆက်၍လည်း အသုံးပြုနိုင်သည်ဖြစ်ရာ ကွန်ပျူတာ နှင့် ချိတ်ဆက် အသုံးပြုပုံကို ဖော်ပြလိုက်ပါသည်။ ကွန်ပျူတာဖြင့် အသုံးပြုလို သူများအနေဖြင့် ဆက်သွယ် ရေး နှင့် ပြင်ပ အရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသည့် EVDO USB Wireless Modem တစ်ခု ဝယ်ယူ ရမည် ဖြစ်သည်။


ယင်းမိုဒမ်သည် ဈေးကွက်အတွင်း ၂ မျိုးခန့်ရှိပြီး ဈေးနှုန်းမှာ ၄၀,၀၀၀ ကျပ်ဝန်းကျင် ရှိကြောင်း စုံစမ်း သိရှိ ရသည်။ ပထမဦးစွာ ယင်း Device ကို ကွန်ပျူတာ USB အပေါက်တွင် ချိတ်ဆက်၍ My Computer ၌ပေါ်လာမည့် Connector.exe file ကို ဖွင့်ပြီးပေါ်လာမည့် Setup Flexi 3G Connector ကို Next ခလုတ်နှိပ်ကာ Install ပြုလုပ်ရမည် ဖြစ်သည်။ Install ပြုလုပ်ပြီးပါက Desktop ပေါ်တွင် Flexi 3G Connector Icon ကိုဖွင့်ရမည်။ ထို့နောက် Flexi Window Box တစ်ခုပေါ်လာပြီး ယင်း Box မှ Menu Bar ရှိ File Button ရှိ File အတွင်းမှ Setting ကို ကလစ်နှိပ်ပါက Box တစ်ခု ထပ်မံကျလာ မည်ဖြစ်သည်။ ယင်း Box မှ New ကို ဆက်လက်နှိပ်၍ ယင်း Box မှ Name နေရာတွင် မိမိကြိုက်နှစ်သက်သည့် အမည်တစ်ခု Number နေရာတွင် #777 နှင့် User name နေရာတွင် Username @c800,mm နှင့် Password မှ လျှို့ဝှက်အမှတ်အသား ရိုက် ထည့်ကာ OK Button ကိုနှိပ်ရပါမည်။

ယင်းနောက်တွင် 3G Connector Box မှ Connection Button ကိုနှိပ်ပြီး EVDO Connection ကို ရွေးချယ် ရမည်။ ယခု Device မှာ window XP များအတွက် အဓိကစီစဉ်ထားခြင်း ဖြစ်သည့်အတွက် window 7 တွင် Install ပြုလုပ်လိုသူများ အတွက်မူ အခက်အခဲ ရှိနေမည်ဖြစ်သည်။ အကယ်၍ window 7 နှင့် အသုံးပြုမည် ဆိုပါက စက်တွင် ပေါ်လာမည့် flexn connector ကို right click နှိပ်၍ properties သို့ဝင်၍ ယင်းမှ capabality သို့ တစ်ဆင့်သွားပြီး run as ဘေးမှ check ကို (အမှန်ခြစ်) ပေးရမည်။ ထို့နောက် အောက်တွင်ရှိသော Windows XP (Service Pack 3) ကိုရွေး၍ Apply/Ok ပြုလုပ်ကာ သုံးစွဲ၍ရနိုင်မည် ဖြစ်သည်။ ယင်းအဆင့်များ အားလုံးပြီးစီးပါက Internet Explorer (IE) ကိုဖွင့်၍ Tools>Internet Options>Connection> LAN Settings ကိုသွားရမည်။ နောက် နောက်ဆုံး အဆင့်အနေဖြင့် Local Area Network (LAN) Settings တွင် no proxy ပြုလုပ်ပြီးပါက မိမိကွန်ပျူတာ တွင် အင်တာနက် ချိတ်ဆက်မှု ရရှိသွားမည် ဖြစ်သည်။

အထက်ပါ အဆင့်များမှာ စတင် ချိတ်ဆက်ရာတွင်သာ ပြုလုပ်ရမည်ဖြစ်ပြီး နောက်ပိုင်း အသုံးပြုရာတွင် G-Talk, IE Firefox များဖွင့် သကဲ့သို့ Flexi ဖွင့်သွားရုံနှင့် အသုံးပြု၍ ရပြီဖြစ်သည်။ ယင်းချိတ်ဆက် အသုံးပြုမှုသည် ကွန်ပျူတာနှင့် ပတ်သက်ပြီး Install ပြုလုပ်ဖူးသူများ ကွန်ပျူတာနှင့် ရင်းနှီးပြီးသူများ အတွက် လွယ်ကူသော်လည်း ကွန်ပျူတာနှင့် အနည်းငယ် စိမ်းနေသေးသူများမှာ ဖော်ပြပါ ပုံစံအတိုင်းပြု လုပ်၍ မရပါက နီးစပ်ရာ အင်တာနက်ဆိုင် ဝန်ထမ်းများ သို့မဟုတ် ကွန် ပျူတာ ဝန်ဆောင်မှု ပေးသူများ ထံတွင် ဝန်ဆောင်ခပေး၍ ပြုလုပ်နိုင်သည်။ ဆက်သွယ်ရေး လုပ်ငန်းမှ ယင်းဝန်ဆောင်မှု အတွက် စတင် နေပြီ ဖြစ်သော်လည်း လတ်တလော ဈေးကွက်တွင်မူ ယင်းစနစ်အတွက် အဓိကကျသည့် EVDO USB မိုဒမ် မှာ ပြင်ပဆိုင်များတွင် အနည်းငယ်သာ ရောက်ရှိသေးပြီး ဝယ်လိုအားများ၍ ဝယ်ယူရန် အခက်အခဲ ရှိနိုင် ကြောင်း သိရသည်။ မြန်မာ့ဆက်သွယ်ရေးရု ံး များတွင်လည်း ရောင်းချပေးနေ ပြီဖြစ် ကြောင်းသိရသည်။

ရေးသားသူ - နေလင်းအောင်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection