မြန်မာ - အိန္ဒိယ အိုလံပစ် ခြေစစ်ပွဲ ပွဲစဉ်အပေါ် ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေ

မြန်မာ - အိန္ဒိယ အိုလံပစ် ခြေစစ်ပွဲ ပွဲစဉ်အပေါ် ပရိသတ် စိတ်ဝင်စားမှု မြင့်တက်နေ

ယနေ့ ညနေ သုဝဏ္ဏ အားကစား ကွင်းတွင် ယှဉ်ပြိုင် ကစားမည့် မြန်မာနှင့် အိန္ဒိယ တို့၏ လန်ဒန် အိုလံပစ် ၂၀၁၂ ခြေစစ်ပွဲ ဒုတိယ အကျော့ ပွဲစဉ်အား ပရိသတ် စိတ်ဝင်စားမှု မြင့်တက်လျှက် ရှိကြောင်း သိရသည်။

မြန်မာ အသင်းသည် ပထမ အကျော့ အဝေးကွင်းတွင် ကစားစဉ်က ပြိုင်ဘက် အိန္ဒိယ အသင်းအား ၂ဂိုး၁ဂိုးဖြင့် ရှုံးနိမ့်ထား ခဲ့ပြီး ဒုတိယ အကျော့ အိမ်ကွင်းပွဲတွင် မဖြစ်မနေ အနိုင်ရရန် လိုအပ်လျှက် ရှိနေသည်။ အဆိုပါ အဆုံးအဖြတ် ပွဲစဉ်မှာ ရုံးပိတ်ရက် မဟုတ်ဘဲ ကြားရက်တွင် ယှဉ်ပြိုင် ကစားခြင်း ဖြစ်သော်လည်း ပရိသတ် အများအပြား လာရောက် အားပေးဖွယ် ရှိနေကြောင်း သိရသည်။

"ကျွန်တော်တို့ သူငယ်ချင်းတွေ ကွင်းထဲ သွားကြည့်ဖို့ လူစုထား ပြီးပါပြီ။ ၁၀ယောက်လောက် ရှိပါတယ်။ နိုင်ငံတော် အလံကိုတောင် ၀ယ်ထားပါ သေးတယ်။ ပရိသတ် တစ်ယောက် အနေနဲ့ နိုင်ငံတကာ ပွဲ ငတ်နေတာ ကြာပြီလေ။ ဒါကြောင့် ဒီပွဲကို တီဗွီက ပြမယ် ဆိုပေမယ့် ကွင်းထဲအထိ သွားပြီး အားပေးမှာပါ။ ကွင်းထဲမှာ အားပေးရတာက တီဗွီမှာ အားပေး ရတာနဲ့ လုံးဝ မတူပါဘူး။ ဒါကလည်း သွားအားပေး ဖူးတဲ့ သူတွေပဲ သိတာပါ" ဟု ယနေ့ညနေ ဘောလုံးပွဲ အတွက် စိတ်အား တက်ကြွစွာ ပြင်ဆင်လျှက် ရှိနေသည့် ပရိသတ် တစ်ဦးက ရင်ဖွင့် ပြောကြားခဲ့သည်။

ယနေ့ပွဲ အလားအလာနှင့် ပတ်သက်၍လည်း "MNL က လူငယ် မျက်နှာသစ်တွေ အများကြီး ပါလာတာ သူတို့ အရှေ့က လက်ရွေးစင် ကစားသမား တွေကို ကျော်ချင်ပြီး ကြိုးစား ကစားကြမယ်လို့ ထင်ပါတယ်။ အသင်းက အထင်ကြီး မခံရတာကြောင့် ဖိအား အထိုက်အလျှောက် လျော့နည်း နေပြီး ကျွန်တော်တို့ အတွက် အားသာချက် လို့တောင် ဆိုရမှာပါ။ သိပ်တော့ မျှော်လင့် မထားပါဘူး။ အသင်းကလည်း အသစ်၊ နည်းပြကလည်း အသစ်မို့ပါ။ ဆိုးဆိုးဝါးဝါး မရှုံးရင်ဘဲ လက်ခံ နိုင်ပါတယ်" ဟု အဆိုပါ ပရိသတ်က ဆက်လက် ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ကလည်း အဆိုပါ ပွဲစဉ်အား ပရိသတ် အများအပြား လာရောက် အားပေးရန် အတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းလျှက် ရှိနေကာ နေရှင်နယ်လိဂ် ကလပ်အသင်း များအလိုက် ပရိသတ်များလည်း လာရောက် အားပေး ကြမည်ဟု သိရသည်။

foot.jpg

ကွင်းဝင်ကြေး အဖြစ်မူ အထူးတန်း ကျပ် ၁၀၀၀၊ ရိုးရိုးတန်း ၅၀၀ကျပ်ဖြင့် သတ်မှတ် ထားကြောင်း သိရပြီး ကြိုတင် လက်မှတ်များလည်း ရောင်းချ ထားကြောင်း သိရသည်။ "ဒီပွဲက ရုံးဖွင့်ရက် ဖြစ်နေတာကြောင့် သွားကြည့်ဖို့ ခက်နေပါတယ်။ ဒါပေမဲ့ လစာ အဖြတ်ခံရလည်း သွားကြည့်မှာ ပါပဲ" ဟု ရုံးလုပ်ငန်း တစ်ဖက်နှင့် ၀န်ထမ်းမလေး တစ်ဦးကလည်း ဖွင့်ဟ ပြောကြားခဲ့သည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection