လူတကာကြိုက်တဲ့ Android Apps

လူတကာကြိုက်တဲ့ Android Apps

လူတစ်ယောက်ဟာ ဖုန်းတစ်လုံးကို အသုံးပြုပြီး နိုင်ငံတော်ကို ဘယ်လောက်တောင် ခြိမ်းခြောက်နိုင်ပါသလဲ။ အခုလို အိုင်တီခေတ်ကြီးထဲမှာ ဖုန်းနဲ့ သတင်းတွေ ဖလှယ်၊ စာတွေရိုက်ကြ၊ ဗီဒီယိုပြောကြ၊ ကွန်ပျူတာနီးပါး အလုပ်လုပ်လို့ ရလာတဲ့အခါ နိုင်ငံတော်ဝန်ကြီးတွေဟာ နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုကို နှောက်ယှက် စေနိုင်တယ်လို့ ယူစကြပါတယ်။ ယူစရတဲ့ အကြောင်းရင်းကတော့ ဘယ်သူတွေ ဘာတွေ အသုံးပြုနေတယ် ဆိုတာကို သူတို့ စစ်ဆေးလို့မရလို့ပဲဖြစ်ပါတယ်။

Rim ကုမ္ပဏီရဲ့ Blackberry ဖုန်းတွေမှာ ထည့်သွင်း ထားတဲ့ Blackberry Messaging စာပို့ စနစ်ကို အန္ဒိယနိုင်ငံ နှင့် အရှေ့ အလယ် ပိုင်း နိုင်ငံတွေက အသုံးမပြုရဘူးလို့ဆိုပါတယ်။

Blackberry Messaging ဟာ အသုံးပြုသူမှန်သမျှ အချက် အလက် တွေကို ကနေဒါ အခြေစိုက် ဆာဗာများမှာ ထည့်သိမ်းထား လို့ပဲဖြစ် ပါတယ်။ ဒါတွေကို နိုင်ငံတော် စည်းမျဉ်းစည်းကမ်းတွေနဲ့ မကိုက်ညီ ဘူးဆိုပြီး နိုင်ငံတော် ဆက်သွယ်ရေ းဌာန တွေက ပယ်ချ ကြ တာပါ။။ Rim ကတော့၊ Blackberry Messaging အသုံးပြုသူတွေရဲ့ အချက်အလက် တွေကို သူတို့ ကိုယ်တိုင်လည်း ဖွင့်ကြည့်လို့မရသလို၊ ဘယ်နိုင်ငံတော် ဆက်သွယ်ရေးဌာနတွေကိုလည်း ဖွင့်ကြည့်ဖို့ မပေး ဘူးလို့ဆိုပါတယ်။ ဒီတော့ ကျွန်တော်တို့ရဲ့ အခွင့်အရေးတွေကို နိုင်ငံတော်အကြီး အကဲ တွေက ဖောက်ချိုး လို့ရပါသလား။ ကိုယ်ပို့လိုက်တဲ့စာတွေကို သူတို့ ဖတ်ခွင့်ရှိပါသလား။ ဒါတွေဟာ ကျွန်တော်တို့ရဲ့ ကိုယ်ပိုင် အခွင့်အရေးတွေကို ချိုးဖောက်ရာ မရောက်နေဘူးလား။

နိုင်ငံတော် ပုန်ကုန်ချင်သူတွေက ဖုန်းတွေအသုံးပြုပြီးတော့ရော နိုင်ငံတည်ငြိမ်မှုကို အနှောက်အယှက် ပေး နိုင်ပါသလား။ ဖုန်းတင်ပဲ ပုံချရမလား၊ အခြားအရာတွေအများကြီးလည်း ပုံချလို့နေတော့ ဒီလိုလုပ်ရပ် တွေ ဟာ မှန်ပါသလား။ ဒီတော့ စာဖတ်သူတွေရော ဘယ်လိုမြင်ပါသလဲ။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection