GSM ကျပ်ငါးသိန်းဖုန်းများထက် CDMA EVDO စနစ်အား ပိုမိုအသုံးများ

GSM ကျပ်ငါးသိန်းဖုန်းများထက် CDMA EVDO စနစ်အား ပိုမိုအသုံးများ

Photo

ရန်ကုန်မြို့၊ နေပြည်တော်နှင့် မန္တလေးမြို့များ နှင့်အတူ နေရာ အနှံ့အပြား၌ တစ်ပြိုင်နက် အသုံးပြုခွင့် ပေးခဲ့သော ကျပ်ငါးသိန်း ဂျီအက်စ်အမ် ဖုန်းများအား ပြီးခဲ့သော ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ စတင်ကာ အသုံးပြုခွင့်များ ချထား ပေးခဲ့သော်လည်း လက်ရှိ အချိန်တွင် အများစုမှာ ကျပ်ငါးသိန်း CDMA 800 MHz ဖုန်းများကိုသာ စိတ်ဝင်စားလျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ လူအများ စိတ်ဝင်စားမှု ကွာခြားချက် ရှိနေခြင်းမှာ ဖုန်းတွင် အသုံးပြုနိုင်သော အသုံးပြုနိုင်သော စနစ်များ ကွာဟချက် ရှိနေသောကြောင့် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြောင်းအရာများနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောပြရာတွင် "လက်ရှိ အချိန်မှာ ကျပ်ငါးသိန်း ဂျီအက်စ်အမ် ဖုန်းတွေကို အသုံးပြုခွင့် ပေးနေပြီဆိုပေမယ့် အသုံးပြုတဲ့ သူတွေနဲ့ အသုံးပြုနှုန်းက အရမ်းမများပါဘူး။ လူတော်တော်များများက စီဒီအမ်အေဘက်မှာ EVDO စနစ် အင်တာနက်စနစ်ကိုပဲ စိတ်ဝင်စားမှု ပိုများနေတာကြောင့် ဖြစ်နိုင်ပါတယ်"ဟု ပြောသည်။ အသုံးပြုသူများ အနေဖြင့်လည်း လက်ရှိအချိန်တွင် ကျပ်ငါးသိန်း ဂျီအက်စ်အမ်ဖုန်းများထက် ကျပ်ငါးသိန်း CDMA 800 ဖုန်းများကိုသာ ပိုမို အသုံးများကြကြောင်း သိရသည်။

အသုံးပြုနှုန်းများ အနေဖြင့်လည်း CDMA ဖုန်းများက ပိုမိုပြားလာကြောင်း သိရသည်။ ၎င်းနှင့် ပတ်သက်၍ မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ထပ်မံပြောပြရာတွင် "ကျွန်တော်တို့ ကျပ်ငါးသိန်း ဂျီအက်စ်အမ် ဖုန်းတွေရဲ့ အသုံးပြုနှုန်းကတော့ တစ်နေ့ကို ကျွန်တော်တို့ကတ် ၂၀၀ ကျော်လောက် အသုံးပြုခွင့် လျှောက်ထားမှု ရှိနေပါတယ်။ စီဒီအမ်အေ ၈၀၀ ကျပ်ငါးသိန်းဖုန်းကတော့ တစ်နေ့ကို လျှောက်ထားမှု အလုံးရေ လေးရာကျော်လောက် ရှိနေတဲ့အတွက် အသုံးပြုတဲ့ နှုန်းကတော့ နည်းနည်း ကွာခြားပါတယ်" ဟုပြောသည်။ ဂျီအပ်စ်အမ်များ၌ အင်တာနက် အသုံးပြုခြင်းတွင် ကန့်သက်ချက်များ ရှိသောကြောင့် လက်ရှိအချိန်တွင် အင်တာနက် အသုံးပြုနိုင်သော CDMA 800 များကိုသာ ပိုမို စိတ်ဝင်စားနေကြခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူများမှ သုံးသပ် ပြောကြားကြသည်။

ထို့ပြင် CDMA 800 MHz ဖုန်းများမှာ အင်တာနက် အသုံးပြုခြင်း EVDO စနစ် အသုံးပြုနိုင်သောကြောင့် လူအများ စိတ်ဝင်စားမှု ပိုမို များပြားနေခြင်း ဖြစ်ပြီး အသုံးပြုပြီးကတ်၊ ချိုးပြီးသား ကတ်အဟောင်းများ နေ့စဉ် လဲလှယ်မှုများရှိသလို ကတ်အသစ် လျှောက်ထားပြီး EVDO စနစ် သုံးကတ်များ တစ်ပြိုင်နက် ပြန်လည် လဲလှယ်မှုများမှာလည်း နေ့စဉ် များပြားလျက် ရှိကြောင်း သိရသည်။ နေ့စဉ်ကတ်အသစ် လျှောက်ထားခြင်းနှင့် အင်တာနက် အသုံးပြု EVDO ကတ်လဲလှယ်ခြင်း နှစ်ရပ်ပေါင်းအတွက် ၇ဝဝ ခန့် အသုံးပြုနှုန်း ရှိကြောင်း သိရသည်။



ကိုသက်

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection