မြန်မာအွန်လိုင်း စာကြည့်တိုက်တွင် E-CATALOGUE နှစ်သိန်းခွဲကျော် ကြည့်ရှုနိုင်
By IT weekly တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်နှင့် ELIB System အသုံးပြုနေသော ပညာရေးဝန်ကြီးဌာန တက္ကသိုလ် စာကြည့်တိုက်များရှိ စာအုပ် ကတ်တလောက်များကို Data Conversion ပြုလုပ်ပြီး ဖြစ်သဖြင့် ယခုလက်ရှိ မြန်မာအွန်လိုင်း စာကြည့်တိုက်တွင် စာအုပ် ကတ်တလောက် အချက်အလက် e-catalogue နှစ်သိန်းခွဲ ရှာဖွေ ကြည့်ရှုနိုင်ပြီ ဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြန်မာအွန်လိုင်း စာကြည့်တိုက်တွင် Digitalization စနစ်ဖြင့် နှစ်စဉ် အွန်လိုင်း စာမျက်နှာများကို ထားရှိပေးလျက်ရှိရာ တစ်ကမ္ဘာလုံးရှိ မြန်မာတိုင်း အားထားရသော အွန်လိုင်းစာကြည့်တိုက် ဖြစ်လာစေရန် ကြိုးပမ်းလျက်ရှိကြောင်းကို မြန်မာအွန်လိုင်း စာကြည့်တိုက်၏ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ယခုလက်ရှိ မြန်မာအွန်လိုင်း စာကြည့်တိုက်တွင် ဖတ်ရှုနိုင်ခြင်းထက် ပိုမိုပြည့်စုံသော အနေအထားအဖြစ် ဆက်လက်ပြီး အများပြည်သူသို့ အကျိုးကျေးဇူး ထိထိရောက်ရောက် ဖြစ်စေရန်အတွက် စာအုပ်၊ စာနယ်ဇင်း၊ မှတ်တမ်းများ၊ ပေပုရပိုက်များ၊ မိုက်ခရိုဖလင်များစသည့် Hard-copy Resources များကို Digital Format အသွင်ပြောင်းပြီး နေ့စဉ် Digitalization စနစ်နှင့် e-Book လုပ်ငန်းများကို ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်ဟု သိရသည်။
လက်ရှိအချိန်တွင် မြန်မာအွန်လိုင်း စာကြည့်တိုက်တွင် ပညာရေးဝန်ကြီးဌာနမှ စာမျက်နှာ (၃)သိန်းခန့်ပါသော စာအုပ်(၃"ဝဝဝ)၊ e-Textbook များ၊ H.W.Wilson \ Online database &e-Book articles (၄)သိန်းခန့် တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှ ပေပုရပိုက်ပေါင်း (၃ဝဝ)ကျော်၊ e-Book အနေဖြင့် (၅ဝဝ) ကျော်ပြီး စာမျက်နှာပေါင်း (၁)သိန်းခန့် ၊ Encyclopedia နှင့် Thesis ပေါင်း (၁၈ဝ) ခန့်တွင် စာမျက်နှာပေါင်း (၆)သောင်းခန့်၊ ဂျာနယ်၊ စာနယ်ဇင်း စုစုပေါင်းအုပ်ရေ (၅ဝဝ) ကျော်တွင် စာမျက်နှာပေါင်း (၉)သောင်းခန့်၊ ပန်းခကားနှင့် ဓာတ်ပုံများ စုစုပေါင်း (၁"ဝဝဝ) ကျော်၊ Myanmar BookCentre မှ JBRS e-Journal များ စုစုပေါင်းအုပ်ရေ (၁"၃ဝဝ) ကျော်တွင် စာမျက်နှာပေါင်း (၂)သိန်းခန့်နှင့် မန္တလေးမြို့ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားဝင်း အတွင်းရှိ ပိဋကတ်သုံးပုံ ပါဋိတော် ကျောက်စာများ စုစုပေါင်း (၉၇ဝ) ချပ်ကျော်ကိုလည်း Onlineမှ ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထို့ပြင် ပညာရေးဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များမှ သင်ကြားရေးဌာနများက ပြုစုသော သုတေသန စာတမ်းပေါင်း (၁"၈ဝဝ)ကျော်ကိုလည်း အကျဉ်းချုပ် (Abstract) များအဖြစ် ဖတ်ရှုနိုင်သည်။ အဆိုပါ မြန်မာ့အွန်လိုင်း စာကြည့်တိုက်အား ကြည့်ရှုမည်ဆိုလျှင် www.elibrary. com.mm ဝက်ဘ်ဆိုက်အား အလွယ်တကူ ဝင်ရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။