မုဒိန်းကျင့်မှုကို ကာကွယ်နိုင် မည့် ကွန်ဒုံး
၂၆ စက္ကန့်တိုင်းတွင် မုဒိန်းမှုဖြစ်ပွားသော တောင်အာဖရိကနိုင်ငံတွင် Dr. Sonnet Ehlers ဆိုသူ အမျိုးသမီး တစ်ဦးက မုဒိန်းကျင့်ခြင်းမှ ကာကွယ်နိုင်မည့် Rape-aXe ခေါ်သော ကွန်ဒုံးကို တီထွင်ခဲ့လေသည်။ တီထွင် သူ Dr. Sonnet Ehlers
က အဆိုပါကွန်ဒုံးသည် မတော်မတရားပြုကျင့်ခြင်း ခံရမည့်ဘေးမှ ကာကွယ်နိုင် သည့်အပြင် ခုခံအား ကျဆင်းမှု အပါအဝင် အခြားသောလိင်ရောဂါများ နှင့်အတူ မလိုလားအပ်သော ကိုယ်ဝန်ဆောင် ခြင်းမှ လည်း ကာကွယ်နိုင်မည်ဟုဆိုသည်။
အဆိုပါကွန်ဒုံးသည် အတွင်းဘက်၌ ဘရိတ်ဒါးကဲ့သို့ထက်သော ဒါးသွားများ ပါရှိကာ ဓမ0x081မတာလာစဉ် အသုံးပြုသည့် tampon ကဲ့သို့ပင် မိန်းမကိုယ် အတွင်းသို့ ထည့်သွင်း အသုံးပြုရမည်ဖြစ်သည်။ မုဒိန်း ကျင့်ရန်ကြံစည်သူသည်။
မိန်းမကိုယ်အတွင်း လိင်တံကို ထည့်လိုက်သည်နှင့် လိင်တံတွင် ဒါးသွားများ လာရောက် စိုက်မိပြီး မခံ မရပ်နိုင်အောင် နာကျင်မှုကို ခံစားရမည်ဖြစ်သည်။ လိင်တံကို ဆွဲနှုတ်ချိန်တွင် အဆိုပါ ကွန်ဒုံးသည်လည်း လိင်တံနှင့်အတူ ကပ်ရပ် ပါသွားမည်ဖြစ်သည်။ ထိုအချိန်တွင် အမျိုးသမီးသည် ထွက်ပြေးရန် အခွင့် အရေးရမည် ဖြစ်သည်။ အဆိုပါ ကွန်ဒုန်းကို လွယ်လင့်တကူ ဖယ်ရှား၍ မရဘဲ ခွဲစိတ်ပြီးမှသာ ဖယ်ရှားနိုင်မည် ဖြစ်၍ မုဒိန်းသမားကို ဆေးရုံ ဆေးခန်းမှ တာဝန်ရှိသူက ရဲကိုအကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။ လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက် မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။
သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာ မလိုဟု ဆိုသည်။ အကြောင်းကြားခြင်းဖြင့် လက်ရဖမ်းမိမည် ဖြစ်သည်။ လိင်တံတွင် စိုက်မိနေသော ဒါးသွားများသည် အရေပြားကိုသာ ထွင်းဖေါက် မည်ဖြစ်ပြီး အရေပြားအောက်တွင် ရှိသော တစ်ရှုးကို ထိမည်မဟုတ်သဖြင့် သွေးထွက်မည်မဟုတ်။
သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်။
သို့ဖြစ်၍ သွေးမှရရှိသော အခြားရောဂါများကို အမျိုးသမီးအနေဖြင့် စိုးရိမ်စရာမလိုဟု ဆိုသည်။
source: rape axe Internet news and official website
http://antirape.clearmark-demo.co.za/index.php?option=com_joomgallery&func=viewcategory&catid=1&Itemid=33
source: rape axe Internet news and official website
http://antirape.clearmark-demo.co.za/index.php?option=com_joomgallery&func=viewcategory&catid=1&Itemid=33