မြန်မာ့ပထမ ရေပေါ်ဂေါက်ကွင်း ယခုလအတွင်း မြကျွန်းသာတွင်ဖွင့်တော့မည်

မြန်မာ့ပထမ ရေပေါ်ဂေါက်ကွင်း ယခုလအတွင်း မြကျွန်းသာတွင်ဖွင့်တော့မည်

 

မြကျွန်းသားအပန်းဖြေ ဥယျာဉ်အတွင်းရှိ အင်းလျားကန်ရေ ပြင်၌ တည်ဆောက်လျက်ရှိသော မြန်မာ နိုင်ငံ၏ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ ရေပေါ်ဂေါက် ကွင်း အားယခုလ ၂ဝ ရက်နေ့၌ ဖွင့်လှစ်သွား နိုင်ရန် စီစဉ်လျက်ရှိ ကြောင်း သိရသည်။အဆိုပါရေပေါ်ဂေါက်ကွင်း၏ ရေပြင်ဧရိယာအကျယ်မှာ မီတာ ၃ဝဝ ရှိပြီး မြေပြင်ပေါ်၌ အလျား ၂၂၈ ပေအရှည်ရှိ ဂေါက်ရိုက်နား နေဆောင် နှစ်ဆောင်အပြင် စား သောက်ဆိုင်၊ အားကစားပစ္စည်း အရောင်းဆိုင်၊ အလှပြုပြင်ရေးဆိုင် နှင့် ဂိမ်းစင်တာတို့ ပါဝင်ကြောင်း၊ ထိုဂေါက်ကွင်း၏ အဆောက်အအုံ နှင့် ဒီဇိုင်းပုံစံတို့အား ဂျပန်နိုင်ငံမှ အင်ဂျင်နီယာများကရေးဆွဲခဲ့ခြင်း ဖြစ်ပြီး ဧဒင်ကုမ္ပဏီရှိ မြန်မာအင်ဂျင် နီယာများ က တည်ဆောက်ခဲ့ ကြောင်း၊ ၄င်းအပြင် အဆိုပါ ဂေါက် ကွင်းတွင်အသုံးပြုမည့် ဂေါက်ရိုက် တံနှင့် ရေပေါ်ဂေါက်သီးများကို လည်း ဂျပန်နိုင်ငံမှပင် တင်သွင်းခဲ့ ခြင်း ဖြစ်ပြီး ရေပေါ်ဂေါက်သီး တစ်လုံးလျှင် မြန်မာကျပ်ငွေ ၃ သောင်းခန့်တန်ဖိုးရှိကြောင်း၊ ဂေါက် သီး ကောက်ရန်နှင့် ရေပြင်ပေါ်မှ ဂေါက်ရိုက်နိုင်ရန်အတွက် စပိဒ် ဘုတ် တစ်စင်း စီစဉ်ထားကြောင်း ရေ ပေါ်ဂေါက်ကွင်းတည်ဆောက်ရေး စီမံကိန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။”ကျွန်တော်တို့ ကုမ္ပဏီ အနေနဲ့ ဒီရေပေါ် ဂေါက်ကွင်းကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ လထဲ ကစပြီး ဆောက်ခဲ့ တာ အခုတော့ လျှပ်စစ် လိုင်းတွေ ဆင်ဖို့ပဲကျန်တယ်။ ပြည်ပမှာဒီလို ရေပေါ်ဂေါက်ကွင်းတွေရှိပေမယ့် ကျွန်တော်တို့ နိုင်ငံ အနေနဲ့ တော့ ဒီ ကွင်း ကပထမဆုံးကွင်းပဲ။ အဓိက ကတော့ မြန်မာနိုင်ငံသားတွေ သာမကဘဲ ပြည်ပနိုင်ငံ သား တွေပါ လာကစားနိုင်အောင်စီစဉ်ထားတဲ့ အပြင် နိုင်ငံ တကာ ပြိုင်ပွဲတွေပါ လုပ်သွားဖို့ရှိတယ်”ဟု ၄င်းက ဆို သည်။ထို့အပြင် ¤င်းကုမ္ပဏီအနေဖြင့် မြကျွန်းသာအပန်းဖြေဥယျာဉ်အတွင်း ကမ္ဘာအေးဘုရားလမ်းပေါ်၌ နိုင်ငံတ ကာအဆင့်မီ ရှော့ပင်းမောလ်တစ် ခုကိုပါ ထပ်မံ တည်ဆောက်ရန် မြေတိုင်းတာရေးလုပ်ငန်းများကို ဆောင်ရွက်ပြီးဖြစ်ကြောင်းသိရသည်။
ရေးစားသူ =သူရထွန်း၊ ဝေမာထွန်း

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထွန်း ...Myanmar Collection