
ကချင်၊ ရခိုင်ပြည်နယ် ကလေးများ ပညာရေး ရန်ပုံ ငွေ ဈေးရောင်းပွဲတော်ကချင်၊ ရခိုင်ပြည်နယ်ရှိ ကလေးများ ပညာရေး ရံပုံငွေ ဈေးရောင်းပွဲတော်ကို ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ တော်ဝင်စင်တာတွင် ၂၀၁၂၊ သြဂုတ် ၂၅ ရက်၊ နံနက် (၉) နာရီမှ စတင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ ဈေးရောင်းပွဲတော်တွင် ရွှေရောင် လူသား၊ အပြာရောင် လူသားစနိုးဝှိုက်တို့နဲ့ ဓါတ်ပုံတွဲရိုက်ခြင်း အစီအစဉ် များ ပါဝင်ပြီး မြန်မာမုန့် အမျိုး မျိုး၊ အလှစိုက်ပန်းပင်များ၊ ထီး၊ တီရှပ်အင်္ကျီများကို ရံပုံငွေအတွက် ရောင်းချခဲ့ကြကြောင်း သိရှိရပါ တယ်။ ထို ဈေးရောင်းပွဲကို သြဂုတ်လ (၂၅) ရက်နေ့နဲ့ (၂၆) ရက်နေ့ (၂) ရက်တိုင် ကျင်းပ ရောင်းချခဲ့ပါတယ်။





