ဒေါ်အောင်ဆန်းစုကြည် အလုပ်သမားများအရေးကူညီပေးမည် ထိုင်းတွင် ပြောကြား

ဒေါ်အောင်ဆန်းစုကြည် မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးကူညီပေးမည် ထိုင်းတွင် ပြောကြား

ဒီလှိုင်းစာစောင် ၆ရက်နေ့ ဇွန်လ ၂၀၁၂ —- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သည်  နှစ်ပေါင်း ၂၄နှစ်အတွင်း ပထမဆုံးပြည်ပခရီးစဉ်အဖြစ် မေလ ၂၉ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ သို့ လေကြောင်းခရီးဖြင့် သွားရောက်ခဲ့ရာ ဒေသစံတော်ချိန် မိနစ် ၉၀ တွင် ဘန်ကောက်မြို့၊ သုဝဏ္ဏဘူမိ လေဆိပ်သို့ ဆိုက်ရောက်သည်။

သုဝဏ္ဏဘူမိလေဆိပ်တွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ ၊ထိုင်းအစိုးရတာဝန်ရှိသူများက ကြိုဆိုကြ သည်။ ဒေါ်အောင်ဆန်းစုကြည်လုံခြုံရေးကို ထိုင်းအထူးရဲတပ်ဖွဲ့က တာဝန်ယူပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၂ ခုနှစ် မေလ ၃၀ ရက်တွင် ထိုင်း နိုင်ငံ စမွတ်ဆခွန်ခရိုင်၊ မဟာချိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများတွေ့ဆုံ အားပေးရန်သွား ရောက်ခဲ့ သည်။ သွားရောက်ခဲ့သည့်နေရာမျာ TALAAT KUNG (ပုဇွန်ဈေး)ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည် အား ထောင်ပေါင်းများစွာသော မြန်မာရွှေ့ပြောင်းအလုပ်သမားများက ´အမေစု ကျန်းမာပါစေ၊ အမေစု ကျန်းမာပါစေ´ဟု ဟစ်ကြွေးကာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြသည်။ တချို့ကလည်း အမျိုးသား ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည်ဓာတ်ပုံများကို ကိုင်မျြောက်ကာ ကြိုဆိုခဲ့ကြသည်။



ရပိုင်ခွင့်

ဒေါ်အောင်ဆန်းစုကြည်သည် ရွှေွှ့ပြောင်းအလုပ်သမားများအား မိန့်ခွန်းပြောကြားခဲ့သည်။ ဒေါ်အောင် ဆန်းစုကြည်က ပြောကြားရာတွင် ´´ကျွန်မတို့အနေနဲ့ ရောက်တုန်းပေါ့နော်။ တတ်နိုင်သမျှရွှေ့ ပြောင်း အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ကို အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ လေ့လာပြိးတော့ ဒါတွေဖြစ်မြှောက်အောင်လို့ ကြိုးစားပါမယ်။ အလုပ်သမားတွေအနေနဲ့လည်း ကိုယ့်ရဲ့ ဥပဒေကြောင်းအရ ရပိုင်ခွင့်တွေကို သိအောင်လုပ်ကြဖို့နဲ့ အခွင့်အရေးတွေကို ဘယ်လိုရအောင် ယူနိုင်မယ်ဆိုတာ သိအောင်လုပ်ကြဖို့ လိုပါတယ်´´စသည်ဖြင့် ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ´´ကိုယ့်နိုင်ငံမဟုတ်တဲ့ သူများနိုင်ငံမှာ လာပြီး အလုပ်လုပ်နေရတဲ့ ကိုယ့်ရဲ့ အလုပ်ကို ကျွမ်းကျင်ဖို့၊ကိုယ့်ရဲ့တာဝန်ကိုသိဖို့ အရေးကြီးပါတယ်။´´

´´ကျွန်မအနေနဲ့ ကတိတွေတော့ မပေးချင်ဘူး။ ကတိတွေပေးပြီးမတည်ရင် မကောင်းဘူး။ အဲဒီတော့ ကျွန်မကတိတစ်ခုဘဲပေးနိုင်တယ်။ ကျွန်မ အတတ်နိုင်ဆုံးကြိုးစားပါ့မယ်လို့တော့ ကတိပေးပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေ ကျန်းမာချမ်းသာကြပါစေ။ ဘေးအန္တရာယ်မှ ကင်းဝေးပါစေ။ မြန်မာပြည်ကို အမြန်ဆုံးပြန်လာနိုင်ကြပါစေ´´စသဖြင့်လည်း ပြောကြားခဲ့သည်။

ထို့နောက် ဥက္ကဌသည် တည်းခိုနေထိုင်ရာ ဘန်ကောက်မြို့ ရှန်ဂရီလာဟိုတယ်သို့ ပြန်လည်အနားယူ ခဲ့သည်။ နောက်တစ်နေ့ မေ ၃၁ ရက်တွင်  ဒေါ်အောင်ဆန်းစုကြည်သည် ထိုင်းနိုင်ငံသားများက ဗမာမြို့ ဟု သတ်မှတ်ထားရာ မဟာချိုင်သို့ ဒုတိယအကြိမ်သွားရောက်ခဲ့ပြန်သည်။ မြန်မာရွှေွှပြောင်း အလုပ်သမား များအတွက် ယာယီ Passport ထုတ်ပေးရာဌာနသို့ သွားရောက်ပြီး အခြေအနေများကို လေ့လာခဲ့သည်။ ထိုဌာနတွင် ကြိုတင်ရောက်ရှိနေသော ထိုင်းဒုတိယဝန်ကြီးချုပ်နှင့်လည်း တွေ့ဆုံ ဆွေးနွေးခဲ့သည်။ ရွှေ့ပြောင်း မြန်မာအလုပ်သမားများနှင့် မိသားစုများက စုရုံးကြိုဆိုကြရာ ဒေါ်အောင်ဆန်း စုကြည်က အားပေးစကားပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားရာတွင်´´ ဒုတိယဝန်ကြီးချုပ်နဲ့လည်းတွေ့ခဲ့ပါတယ်။ တွေ့ခဲ့ တဲ့အကြောင်းအရင်းကလည်းပဲ ကျွန်မတို့ရဲ့ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခြေအနေကို ကောင်းလာ အောင်လို့ ဘယ်လိုပေးနိုင်မလဲဆိုတာကို ဆွေးနွေးတာပါ။ အဲဒီဆွေးနွေးချက်အရတော့ အတတ်နိုင်ဆုံး ကျွန်မတို့ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ပြေလည်ရေးအတွက်ပေါ့။ ဥပမာအားဖြင့် ဆိုလို့ရှိရင် သားသမီး တွေကို ဒေသခံ ထိုင်းကျောင်းတွေမှာ စာသင်ရေးစသည်ဖြင့်ပေါ့နော်။ ပြေလည်နိုင်မယ့်ကိစ္စတွေကို လုပ်ပေးပါမယ်ဆိုပြီးတော့ ကျွန်မတို့ပြောပါတယ်´´

မှတ်ပုံတင်

´´ကျွန်မအနေနဲ့ အခုချိန်မှာ စိတ်ပူတာက ဘာလဲဆိုတော့ မှတ်ပုံမတင်ထားရတဲ့ ကျွန်မတို့ရဲ့ ရွှေ့ပြောင်း အလုပ်သမားတွေကိစ္စပဲဖြစ်ပါတယ်။ မှတ်ပုံတင်ပြီးသား အလုပ်သမားတွေကတော့ ဒီမှာလာပြီးတော့ ပတ်စ်ပို့လုပ်လို့ရတယ်။ ဒါပေမဲ့လည်း ဒီပတ်စ်ပို့လုပ်တဲ့အခါမှာ ဒီကြားနေပြီးတော့ ကြားပွဲစားတွေ၊ ကြားလူတွေကြောင့်မို့လို့ မကုန်သင့်တာတွေ မကုန်အောင်လို့ ဒါတွေကိုလည်း ကျွန်မဂရုပြုထားပါလို့ ပြောပါရစေ။ နောက်ပြီးတော့ မှတ်ပုံမတင်ရသေးတဲ့ ကျွန်မတို့ရဲ့ အလုပ်သမားတွေ မှတ်ပုံတင်ရေးကိစ္စ၊ အဲတာတွေကိုလည်း ဆက်လက်ပြီးတော့ ကျွန်မတို့ထိုင်းအာဏာပိုင်တွေနဲ့ ညှိပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ မှတ်ပုံမတင်ရသေးသရွေ့ ဆိုလို့ရှိရင် ကျွန်မတို့ရဲ့ အလုပ်သမားတွေရဲ့ ဘဝဟာ အင်မတန်မှခက်ခဲတယ်လို့ ကျွန်မနားလည်းပါတယ်။ ဒါကြောင့် မှတ်ပုံတင်ရေးကိစ္စတွေကိုက ဘယ်လိုအမြန်နှုန်းလုပ်နိုင်မလဲ။ ဘယ်လိုအပြေလည်ဆုံးလုပ်နိုင်မလဲဆိုတာ ကျွန်မတို့သက်ဆိုင်ရာ တာဝန်ခံတွေနဲံ ဆက်လက်ပြီးတော့ ဆွေးနွေးပါ့မယ်။

ဒါပေမဲ့ အဓိက ကျွန်မပြောချင်တာကတော့ ကျွန်မတို့ရဲ့တာဝန်ဟာ ဘာလဲဆိုတာ ကျွန်မသိပါတယ်။

ကျွန်မတို့တာဝန်ဟာ ကျွန်မတို့ရဲ့အလုပ်သမားတွေဟာ ကိုယ့်နိုင်ငံကိုပြန်ချင်တဲ့အခါကျရင်  လုံလုံခြုံခြုံ စိတ်ချချနဲ့ ပြန်လာနိုင်အောင်လို့ လုပ်ပေးရမယ်ဆိုတာ ကျွန်မတို့နားလည်ပါတယ်။ လုံလုံခြုံခြုံဆိုတာဟာ ပြန်လာတဲ့အခါကျလို့ရှိရင် မိမိတို့ရဲ့ အသက်မွှေးဝမ်းကျောင်းအတွက် အလုပ်ရရှိုနိင်ရမယ်ဆိုတာကို ဆိုလို တာပါ။ ကျွန်မက လွယ်လွယ်ကတိတွေ မပေးချင်ပါဘူး။ ကျွန်တို့က လုပ်ပေးမယ်လို့ လွယ်လွယ်နဲ့ မပြောပါဘူး။ ကျွန်မပြောချင်တာက ဒီကိစ္စကို မျက်ခြေမပြတ် အမြဲရှိခဲ့ပါတယ်။ ဆက်ပြီးတော့လည်း ဒီကိစ္စကို အောင်မြင်အောင်လုပ်ပေးသွားမှာပါ။ ဘာဖြစ်လို့လဲဆိုရင် ကျွန်မတို့နိုင်ငံရဲ့ဂုဏ်သိက္ခာဟာ တကယ်တော့ ကျွန်မတို့ပြည်သူတွေ နိုင်ငံသူ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခပေါ်မှာတည်ပါတယ်။ ကျွန်မတို့ရဲ့ နိုင်ငံသားတွေဟာ ကမ္ဘာဘယ်အရပ်မဆို သိက္ခာရှိရှိ မနေနိုင်သရွှေ့ ကျွန်မတို့နိုင်ငံဟာ သိက္ခာရှိတယ်လို့ ဘယ်လို့မှမပြောနိုင်ပါဘူး။


ယခုအပတ်ထုတ် ဒီလှိုင်းစာစောင် အတွဲ(၁)၊ အမှတ်(၂၀)မှ ထုတ်နုတ်ဖော်ပြပါသည်။

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection