ရိုဟင်ဂျာဆိုတာ ဘာလဲ..?
သမိုင်းတစ်ကွေ့ နိုင်ငံရေး အတွေ့အကြုံများ အကြောင်းရေးဖို့ အချက်အလက်တွေပြန်ရှာနေတုံး ရေဒီယိုမှာ၊ အင်တာနက်မှာ ရိုဟင်ဂျာ ဒုက္ခသည်ဆိုတာတွေကြားရသည်။ အစိုးရကို ဆန့်ကျင် နေ သူများ ကလည်း ဘာဖြစ်ဖြစ် အစိုးရကိုဆော်ဖို့အခွင့်အရေးရင် မနည်းဘူးဆိုပြီး ရိုဟင်ဂျာတွေကို ဂရုဏာ သက်စရာအဖိနှိပ်ခံများအဖြစ် ဘေးတီးပေးကြသည်။ ထိုလုပ်ရပ်သည် မည်မျှ အန္တရာယ်ကြီး သည်ကို ထိုသူတွေသိပါရဲ့လား။ ကျွန်တော် ဝန်ထမ်းဘဝ တစ်လျှောက်တွင်နှစ်အတော်များများ ရခိုင် ပြည်နယ်မှာ နေခဲ့သဖြင့် ဒီပြဿနာကိုထိတွေ့ခဲ့ရသဖြင့် သိသမျှကို ဝေမျှလိုက်ပါသည်။ ဘယ်သူမှန် ပြီးဘယ်သူမှား သည်ကိုတော့ စာဖတ်သူ လူငယ်များသာ စဉ်းစားကြပါ။
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူဦးရေပေါက်ကွဲမှုကြောင့် နေစရာမရှိသော ဘင်္ဂလီများသည် မြန်မာနိုင်ငံဘက်ရှိ ရခိုင်ပြည်နယ်သို့ နည်းမျိုးစုံဖြင့် ခိုးဝင်ရန် ကြိုးစားလျက်ရှိရာ ရိုဟင်ဂျာဟူသော မိုးကျရွှေကို တိုင်းရင်း သားနာမည်တခုကို ဖန်တီး၍ ရခိုင်ပြည်နယ်ကို သိမ်းယူရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းလျက်ရှိကြသည်။ ယခုအခါ ရခိုင်ပြည်နယ်သို့သာမက စစ်ကိုင်းတိုင်း မုံရွာဘက်အခြမ်းမှနေ၍ မြန်မာနိုင်ငံသို့ ခိုးဝင်ရန် ကြိုးစားနေကြသည်။
![]() |
ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် လူဦးရေပေါက်ကွဲမှုကြောင့် နေစရာမရှိသော ဘင်္ဂလီများသည် မြန်မာနိုင်ငံဘက်ရှိ ရခိုင်ပြည်နယ်သို့ နည်းမျိုးစုံဖြင့် ခိုးဝင်ရန် ကြိုးစားလျက်ရှိရာ ရိုဟင်ဂျာဟူသော မိုးကျရွှေကို တိုင်းရင်းသားနာမည်တခုကို ဖန်တီး၍ ရခိုင်ပြည်နယ်ကို သိမ်းယူရန် ဘက်ပေါင်းစုံမှ ကြိုးပမ်းလျက်ရှိကြသည်။ ယခုအခါ ရခိုင်ပြည်နယ်သို့သာမက စစ်ကိုင်းတိုင်း မုံရွာဘက်အခြမ်းမှနေ၍ မြန်မာနိုင်ငံသို့ ခိုးဝင်ရန်ကြိုးစားနေကြသည်။
ပထမဆုံး ပြောလိုသည်က ရိုဟင်ဂျာဆိုသော စကားလုံးဖြစ်သည်။ ယနေ့ ရိုဟင်ဂျာကို မူဆလင်ဘာသာဝင် လူမျိုးတစ်မျိုးအဖြစ် ပြောနေသည်။ ကျွန်တော်စိန်ခေါ်လိုပါသည်။ မြန်မာဘုရင် လက်ထက် စစ်တမ်းတွေ၊ အင်္ဂလိပ်ဂေဇက်တီးယားတွေ၊ သမိုင်းတွေ၊ လွတ်လပ်ရေး ရပြီးခေတ် မှတ်တမ်းတွေမှာရိုဟင်ဂျာ လူမျိုး ဆိုသည့် စကားလုံး ရှာကြည့်စမ်းပါ။ ဘယ်တော့မှတွေ့မည်မဟုတ်၊ အင်္ဂလိပ် လက်ထက်က ကောက်ခဲ့သော သန်းကောင်စာရင်းများ၊လွတ်လပ်ရေး ရပြီးနောက် ကောက်ယူခဲ့သည့် သန်းကောင်စာရင်းများတွင် ရိုဟင်ဂျာလူမျိုးဟု မရှိပါ။ ရိုဟင်ဂျာဆိုသော စကားလုံးမှာ စစ်တကောင်းကုလားများက ရခိုင်ပြည်သား များကို ခေါ်သည့် ရိုဟင်ရှာ ဆိုသည့် စကားကလာခြင်းဖြစ်သည်။ ဘင်္ဂလားကုလားများက သူတို့ ကိုယ်သူတို့ ရခိုင်ပြည်သားနံမည်ခံလိုသဖြင့် ဒီစကားကို ၁၉၅၀ ပြည့်လွန်နှစ်များတွင် တီထွင်ခဲ့ခြင်း ဖြစ်သည်။ ဒီ့အရင်က ဒီကုလားများအတွက် နံမည်ရှိပြီးသားဖြစ်သည်။ ဒါကတော့ ကုလားဆိုး သို့မဟုတ် မူဂျာဟစ်များ ဖြစ်သည်။ ဒီကုလားဆိုးတွေ မြန်မာနိုင်ငံကို ဘယ်လို ရောက်လာခဲ့သနည်း ။
ဘင်္ဂလားပြည်နယ်နှင့် နယ်ချင်းဆက်နေသည့် ရခိုင်ပြည်နယ်တွင် ယခင်ကမူစလင်ကုလားများ ရှိခဲ့သည်။ သို့သော် ဒီလူတွေက ဒေသခံများမဟုတ်။ရခိုုင်ဘုရင်များ စစ်နိုင်သဖြင့် ဖမ်းလာခဲ့သူများ၊ ရခိုင်လယ်ယာ မြေများတွင် အလုပ်ကြမ်းလာ လုပ်သူများဖြစ်သည်။ ဘိုးတော်ဘုရား လက်ထက်စစ်တမ်းတွင် ရခိုင်ပြည်နယ်၌ ဘင်္ဂလားကုလား သုံးသောင်းကျော် ရှိသည်ဟုဖော်ပြခဲ့ဖူးသည်။ အင်္ဂလိပ်လက် အောက် ရောက်သောအခါ မြန်မာနိုင်ငံသည်အန္ဒိယနိုင်ငံ၏ အစိတ်အပိုင်း တစ်ခုဖြစ်သည့်အခါ ကုလားတွေ တံခါးမရှိ၊ဓားမရှိဝင်လာကြသည်။ ဆင်းရဲတဲ့ ကုလားတွေက လယ်ကူလီ လုပ်သည်။ ချမ်းသာတဲ့ကုလားက ငွေတိုးချေးစားသည်။ အင်္ဂလိပ်က စူးအက် တူးမြောင်းကြောင့်စပါးဈေးကောင်းတော့ လယ်သစ်တွေဖော်ဖို့ ကုလားတွေ ခေါ်လာသည်။ ထိုအချိန်ကတစ်နှစ်ကို နှစ်ကြိမ် ဘင်္ဂလားက ကုလားတွေကို သင်္ဘောနဲ့ သွင်းကြောင်း။သင်္ဘောခကို အထူးနှုန်း သတ်မှတ်ပေးခဲ့ကြောင်း ရှေ့မီနောက်မှီရခိုင်လူကြီးများက ရှင်းပြ ဖူးသည်။ သေချာသည်ကတော့ အင်္ဂလိပ်လက်အောက်ရောက်စ ၁၈၃၂ ခုနှစ် စာရင်းအရ လူဦးရေ တစ်သိန်းခွဲရှိသည့် ရခိုင်ပြည်နယ်သည် ၁၉၃၂ ခုနှစ် သန်းကောင်စာရင်းအရ စစ်တွေခရိုင် တစ်ခုတည်း ၌ပင် လူဦးရေခုနှစ်သိန်းခွဲ ရှိနေတာတွေ့ရ၏။ ထိုကဲ့သို့ ချက်ခြင်း တိုးလားသည့်လူများမှာ အင်္ဂလိပ်တို့ နေရာချပေးခဲ့သည့် ဘင်္ဂလား ကုလားများပင် ဖြစ်သည်။ထိုကဲ့သို့ တိုးလာသည့် ကုလားအများစုမှာ ဘင်္ဂလားဒေ့ရှ်နှင့် နယ်နမိတ်ချင်းဆက်နေသည့် ဘူးသီးတောင်၊ မောင်တော ဒေသတွင် နေထိုင်ကြသည်။ ထိုအချိန်ကထုတ်ခဲ့သည့် အင်္ဂလိပ် အစိုးရ ဘားမားဂေဇက် စာအုပ်တွင် ၁၈၇၁ ခုနှစ်တွင်မောင်တော မြို့နယ်၌ မူဆလင် ကုလားနှစ်သောင်း ရှစ်ထောင်ကျော် ရှိရာမှ ၁၉၁၁ခုနှစ်တွင် ကုလား တစ်သိန်းခုနှစ် သောင်းကျော် ဖြစ်လာသည်ဟု ဆိုသည်။ထိုဒေသတွင် ရောက်လာသော ကုလားများမှာ တစ်ဖြေးဖြေးနှင့် ရခိုင်များကို မောင်းထုတ်ရန် ကြိုးစားလာခဲ့သည်။
မြန်မာနိုင်ငံကို ခွေးသားပေါက်သလို မွေးပြီး လူ၊ ဘာသာရေး၊ မီဒီယာတို့ဖြင့် သိမ်းပိုက်ရန်ကြိုးစား နေကြသော ခေါ်တောကုလား (ဝါ) ဘင်္ဂလီကုလားများ
ယနေ့အထိ ရခိုင်လူမျိုးတို့ မေ့မရသည့် ကိစ္စ တစ်ခုမှာ ၁၉၄၂ ခုနှစ် ရခိုင်-ကုလား အဓိကရုဏ်း ဖြစ်သည်။ ရခိုင်ပြည်နယ်မှ အင်္ဂလိပ်တပ်များ ဆုတ်ခွာသွားပြီး ဘီအိုင်အေတပ်များ ရောက်မလာမီ ကြားတွင် ဘူးသီးတောင်၊ရသေ့တောင်နဲ့ မောင်တော နယ်တွေမှာ ရှိသည့် ရခိုင်ရွာများကို ဘင်္ဂလာလီကုလားများက မီးရှို့ဖျက်ဆီးခြင်း၊ လူသတ်ခြင်းများ လုပ်ခဲ့သည်။
ပြဿနာ အစမှာမြေပုံမြို့နယ်တွင် ရခိုင်လူမျိုး သူကြီးတစ်ဦးကို သတ်ဖြတ်ခဲ့သည့်ကုလားနှစ်ဦးကို ရွာသား များက သတ်ပစ်ရာမှ စခဲ့သော်လည်း နောက်ဆုံးတွင်နယ်စပ်ဒေသမှ ရခိုင်လူမျိုးများကို ယခုခေတ်အခေါ် လူမျိုးတုံးသတ်ဖြတ်ခြင်းဖြင့် အဆုံးသတ် သွားခဲ့ရသည်။ ဆုတ်ခွာသွားသည့် အင်္ဂလိပ်တပ်များက နယ်စပ်ဒေသ ကုလားများကို လက်နက်များ ထုတ်ပေးပြီး နယ်ခြားစောင့်တပ်သဖွယ် တာဝန်ပေး ခဲ့ခြင်း ကြောင့် အခြေအနေပိုဆိုးသွားခြင်းလည်း ဖြစ်သည်။ထိုပြဿနာကြောင့် ရခိုင်လူမျိုး နှစ်သောင်းခန့် သေဆုံး သည်ဟုရှေးလူကြီးများက ပြောကြ သော်လည်း အထောက်အထား မတွေ့ရ။
သို့သော်စစ်ပြီးခေတ် ကတ်စ်ဘီအစိုးရ အစီရင်ခံစာတွင် ထိုအချိန်က ရခိုင်ပြည်နယ်တောင်ပိုင်းသို့ ထွက်ပြေးလာသော ရခိုင်လူမျိုးများကို ပြန်လည် နေရာချပေးရာတွင် မူလက မောင်တောဒေသတွင် ရခိုင်ရွာ ၁၂၉ ရွာရှိခဲ့ရာ ၆၈ရွာသာပြန်လည်ထူ ထောင်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ ထိုအချိန် ကစပြီး ဘင်္ဂလီ ကုလားတို့က ဘူးသီးတောင်၊ မောင် တော ဒေသတွင် လူများစုဖြစ်သွားခဲ့သည်။
မြန်မာ့လွတ်လပ်ရေးအတွက် ကြိုးပမ်းနေချိန်တွင် အန္ဒိယနိုင်ငံ လွတ်လပ်ရေးအတွက် ကြိုးပမ်းမှု များလည်း တစ်ပြိုင်တည်း ပေါ်ခဲ့သည်။ထိုသို့ဆောင်ရွက်စဉ် အန္ဒိယနိုင်ငံထဲမှ မူဆလင် အများစု နေထိုင်ရာဒေသများကို ခွဲထုတ်ပြီး ပါကစ္စတန်နိုင်ငံ ထူထောင်ပေးရေး လှုပ်ရှားမှုများပေါ်လာ၏။ ထိုသို့ ဖွဲ့စည်းမည့် ပါကစ္စတန် နိုင်ငံတွင် ဘင်္ဂလားပြည်နယ်ကအရှေ့ပါကစ္စတန် အဖြစ် ပါဝင်မည်ဖြစ်သည်။ ထိုအခါ ဘူသီးတောင်၊ မောင်တော ဒေသကကုလားများကလည်း ထိုဒေသများကို ပါကစ္စတန်နှင့် ပူးပေါင်းရန်တောင်းဆိုမှုများ ပြုခဲ့သည်။
ဘင်္ဂလီအကြမ်းဖက်သမားများ
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလန်ဒန်သို့ လွတ်လပ်ရေး ဆွေးနွေးရန်အသွား အန္ဒိယနိုင်ငံတွင် ခေါင်းဆောင်ကြီး နေရူးနှင့် တွေ့ခဲ့သည့် အကြောင်း ကြားဖူးကြပါသည်။သို့သော် ထိုခရီးစဉ်တွင် ဗိုလ်ချုပ်သည် ပါကစ္စတန်နိုင်ငံ သမ္မတဖြစ်လာမည့် အလီဂျင်းနားနှင့် တွေ့ခဲ့သည်ကို သိသူနည်း ပေလိမ့်မည်။
၁၉၄၇ ခုနှစ်တွင် ဗိုလ်ချုပ်အောင်ဆန်းလန်ဒန်သို့ လွတ်လပ်ရေး ဆွေးနွေးရန်အသွား အန္ဒိယနိုင်ငံတွင် ခေါင်းဆောင်ကြီး နေရူးနှင့် တွေ့ခဲ့သည့် အကြောင်း ကြားဖူးကြပါသည်။သို့သော် ထိုခရီးစဉ်တွင် ဗိုလ်ချုပ်သည် ပါကစ္စတန်နိုင်ငံ သမ္မတဖြစ်လာမည့် အလီဂျင်းနားနှင့် တွေ့ခဲ့သည်ကို သိသူနည်း ပေလိမ့်မည်။
တက္ကသိုလ်နေဝင်း၏ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်းစာအုပ်တွင် ဗိုလ်ချုပ်နှင့် တွေ့ဆုံပြီးနောက် အလီဂျင်းနားက ဘူသီးတောင်၊ မောင်တောဒေသကို ပါကစ္စတန်နိုင်ငံအတွင်း ထည့်သွင်းရန် တောင်းဆိုမှုများကိုလက်မခံကြောင်း၊ ထိုဒေသများသည် မြန်မာပိုင် ဖြစ်သည်ကို အသိအမှတ် ပြုကြောင်း ပြောကြား ခဲ့သည်ဟု ဖော်ပြထားပါသည်။
ထိုတောင်းဆိုမှုများ မအောင်မြင်သည့်အခါ မူဂျာဟစ် အမည်ခံ ကုလားဆိုးသောင်းကျန်း သူများ ပေါ်လာ သည်။ နယ်စပ်ဒေသတွင် အခြေခံပြီး ဘူးသီးတောင်၊မောင်တော ဒေသကို သီးခြားပြည်နယ် ထူထောင်ဖို့ လုပ်ခဲ့သည်။ အစိုးရစခန်းများကိုတိုက်သည်။ ရခိုင်လူမျိုးများကို မောင်းထုတ် သည်။တပ်မတော်ကလည်း ကေအင်ဒီအို အရေးနှင့် လုံးပန်းနေရသဖြင့် အမြစ်ပြတ်အောင်မတိုက်နိုင်၊ ၁၉၅၄ ခုနှစ်မှသာ နယ်စပ်ရှိ မူဂျာဟစ်တို့၏ တောင်ပြိုစခန်းကိုသိမ်းပိုက် နိုင်ခဲ့သည်။ ထိုအချိန်က သတင်းစာများကို ပြန်ဖတ်လျှင် ၁၉၄၈ မှ ၁၉၅၄ အကြားတွင် ကုလားဆိုးဟု သတင်းစာများက ခေါ်သည့် မူဂျာဟစ်များ မည်မျှ ရက်စက်ခဲ့့သည်ကို တွေ့နိုင်သည်။
သို့သော် စစ်ရေးတွင် အရေးနိမ့်သွားသည့် ကုလားများက နိုင်ငံရေးနယ်တွင်ခေါင်းထောင်လာ ပြန်သည်။ ထိုကဲ့သို့ ခေါင်းထောင်နိုင်ခြင်းမှာမူ ဖဆပလတွင်တာဝန်ရှိပေသည်။ ထိုအချိန်က ရခိုင် ဒေသ ( ပြည်နယ် မဖြစ်သေး) တွင် ဖဆပလကအင်အားမကောင်းပဲ ရခိုင်တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးအဖွဲ့ ရတညကအင်အားကောင်းသည်။ ထိုအခါ ဖဆပလက ဘင်္ဂလီကုလားများကို ဖဆပ လအတွင်းဝင်ရန်နှင့် အမတ် အရွေးခံရန် ခွင့်ပြုခဲ့သည်။
ဤသို့ဖြင့် မှတ်ပုံတင်မရှိသောကုလားများမှာ ကုလားသူကြီးက ထောက်ခံစာရေးပေးလျှင် မဲပေးခွင့် ရခဲ့သည်။ထို့ကြောင့် အဒူဂေါ်ဖား၊ စူလတန် အာမက်၊ အဘူခိုက်၊ အဘူဘော်ရှော့ ဆိုသည့် မုတ်ဆိတ် ဖားဖား ကုလားများ သည် ဖဆပလ အမတ်များ ဖြစ်လာသည်။
ကျန်းမာရေးဝန်ကြီးဌာန ပါလီမန်အတွင်းဝန် အဖြစ် စူလတန်မာမွတ်ဆိုသူဖြစ်ခဲ့ဘူးသည်။ လဝက အတွင်း ဝန်ကုလားတစ်ယောက်လည်း ရှိခဲ့သေးသည်။နံမည်မမှတ်မိတော့။ ကုလားကို လဝက အတွင်းဝန် ခန့်ခဲ့ သည်ဆိုလျှင်ဘာတွေဖြစ်မလဲ စဉ်းစားသာ ကြည့်ပေတော့။ ထိုခေတ် ဖဆပလ အစိုးရက ရာသီအလိုက် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်ရန်အတွက် အရှေ့ပါကစ္စတန်မှကုလားများကို ပါမစ်ဖြင့် ဝင်ခွင့်ပြု ခဲ့သည်။ ထိုသို့ဝင်လာသူ အများစုကပြန်မသွားပဲ ဘူးသီးတောင်၊ မောင်တောဒေသတွင် ကျန်နေခဲ့သည်။ ၁၉၅၉ ခုနှစ်အိမ်စောင့်အစိုးရတက်မှသာ ထိုသို့ ပါမစ်ဖြင့် ဝင်ခွင့်ပြုခြင်းကိုပိတ်ပစ်ခဲ့ရသည်။
ရိုဟင်ဂျာ ဆိုသည့် စကားလုံးကိုလည်း ၁၉၅၁ ခုနှစ်တွင် ဖဆပလ အမတ်ဖြစ်နေသည့် ကုလားများက စတင်တီထွင်ခဲ့ခြင်းဖြစ်သည်။ သူတို့သူတို့ကိုယ်သူတို့ ရခိုင်မူဆ လင်ဟု ဆိုသည်။ တကယ်တော့ ကုလား သည် ကုလား၊ ရခိုင်သည် ရခိုင်သာဖြစ်၏။ ရခိုင်လူမျိုးတွင် ဗုဒ္ဓဘာသာဝင်များ သာရှိသည်။ မူဆလင်မရှိ။
တော်လှန်ရေး ကောင်စီလက်ထက်တွင် နယ်စပ်ဒေသ၌ ခိုးဝင်မှုများ ရှိသေးသော်လည်းယခင် ကလောက် မများတော့။ ကုလားဆိုးများလည်း နိဂုံးချုပ်သွားသည်။ သို့သော် ၁၉၇၄ ခုနှစ် အခြေခံ ဥပဒေအတွက် ပြည်သူများထံမှ အဆိုပြုချက်များတောင်းသည့်အခါ ဘူးသီးတောင်၊ မောင်တောက ကုလားများ ကဘူးသီးတောင်၊မောင်တောဒေသကို မေယုတိုင်းဟု သီးခြားဖွဲ့စည်းရန်။အလံတွင်လည်း ကြယ် ၁၄ လုံး အစား ၁၅ လုံးထည့်ပေးရန် စာတမ်းများပြုစုတင်ပြခဲ့သည်။ အတော်ပင် အရှက်မဲ့ ရဲတင်း သောလုပ်ရပ် ဖြစ်၏။
ရိုဟင်ဂျာဟု ၄င်းတို့ကိုယ် ၄င်းတို့ခေါ်ဆိုနေသည့် ဘင်္ဂလီကုလားဆိုးများ
ဤသို့ဆိုလျှင် ရိုဟင်ဂျာဆိုသည့် လူမျိုးရှိမရှိဆိုသည်ကိုရှင်းလောက်ပြီဟုထင်ပါသည်။ ထိုသို့ ခိုးဝင် အခြေချနေသည့် ကုလားများကိုစိစစ်ရန်အတွက် လမ်းစဉ်ပါတီ အစိုးရ လက်ထက်က ၁၉၇၈ ခုနှစ်တွင် လည်းကောင်း၊နဝတ အစိုးရ လက်ထက်က ၁၉၉၁ ခုနှစ်တွင်လည်းကောင်း မှတ်ပုံတင်စိစစ်မှု များပြုလုပ်ခဲ့သည်။ ထိုသို့လုပ်တိုင်း မှတ်ပုံတင်မရှိသည့်ကုလား များကဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေး ပြီး သူတို့ကို မြန်မာအာဏာပိုင်များကနှိပ်စက်သဖြင့် ထွက်ပြေးလာရပါသည် ဟု အော်သည်။ နှစ်ကြိမ် လုံးတွင်မြန်မာဘက်က လွတ်လပ်ရေးမရမီ ကာလထဲက မိဘများမြန်မာနိ်ုင်ငံတွင်နေခဲ့ကြောင်း အထောက်အထား ပြနိုင်သူများကိုပြန်လက်ခံခဲ့သည်။ ထိုအခါ ခိုးဝင်လာ သူတွေက ဒုက္ခသည် နံမည်ခံပြီး ဘင်္ဂလားဒေ့ရှ်မှ ကျန်နေခဲ့ပြီး ရိုဟင်ဂျာ ဒုက္ခသည် ဟု နံမည်ခံလာကြသည်။ရိုဟင်ဂျာတပ်ဦး ဆိုပြီး သောင်းကျန်းသူ အဖွဲ့ဖွဲ့သည်။
အခု ထိုင်းမှာ၊ မလေးရှားမှာ ရှိနေသည့် ရိုဟင်ဂျာ ဆိုသူများသည်ဘင်္ဂလားဒေ့ရှ် မှ ထွက်ခွာလာသည့် ကုလားများသာဖြစ်သည်။ ထိုနိုင်ငံတွေကိုသွားသလို မြန်မာနိုင်ငံထဲသို့လဲ ခိုးဝင်ဖို့ ကြိုးစား နေဆဲဖြစ်သည်။
ဒါ့ကြောင့်လဲ အစိုးရက နယ်စပ်မှာ လဝကတွေကို အများအပြား ချထားပြီး နယ်စပ်ဒေသကို ထိန်းသိမ်း နေရသည်။ သို့သော် ကုလားများက မြန်မာနိ်ုင်ငံမှထွက်ပြေးလာသည့် ရိုဟင်ဂျာ များဖြစ်သည်၊ မြန်မာတို့က နှိပ်စက်သဖြင့်ထွက်ပြေးလာရပါသည်ဆိုပြီး ထိ်ုင်းမှာ၊ မလေးရှားမှာ နိ်ုင်ငံရေးခိုလှုံခွင့်ရအောင် ကုလားမူ၊ ကုလားချွဲလုပ်သည်။ ဘာအကြောင်းဖြစ်ဖြစ် မြန်မာအစိုးရ ကို တွယ်ဖို့ အခွင့်အရေးရလျှင် တော်ပြီဆိုသည့် အတိုက်အခံများကလည်းရိုဟင်ဂျာ ပြဿနာကို မြန်မာအစိုးရ၏ နောက်ထပ် လူ့အခွင့်အရေးချိုးဖောက်မှု တစ်ခုအဖြစ် ပုံဖော်နိုင်အောင် မီဒီယာ ပေါ်တင်လာကြသည်။သို့သော် ယခုကိစ္စသည် တပ်မတော် အစိုးရနှင့်သာ သက်ဆိုင်သည့် ကိစ္စမဟုတ်၊အမျိုးသား ရေးဖြစ်သည်။
သမိုင်းတစ်လျှောက် မြန်မာနိုင်ငံထဲကိုနည်းမျိုးစုံဖြင့် ထိုးဖောက် လာခဲ့သည့် ကုလားများက သမိုင်းတွင် မရှိသည့်လူမျိုးစုနံမည်ကို ဖန်တီးပြီး မြန်မာနိုင်ငံထဲတွင် တရားဝင်ခြေကုတ်ယူဖို့လုပ် လာခြင်းဖြစ်သည်။ ဒီမိုကရေစီ ပြဿနာ မဟုတ်ပါ။ လူ့အခွင့်အရေး ပြဿနာမဟုတ်ပါ။ မိမိတို့ချင်း သဘောထား ကွဲပြားမှု များကို ဘေးချိတ်ပြီးရိုဟင်ဂျာသည် မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း နိုင်ငံ တကာမျက်နှာစာ မှာခိုင်ခိုင်မာမာ ရပ်တည်ရမည့် အချိန်ဖြစ်ပါ၏။
အဏ္ဏဝါစစ်သည်






