မျက်နှာပေါင်းတင်နည်းများ

ခြောက်သွေ့သောအသားအရေပိုင်ရှင်များအတွက် မျက်နှာပေါင်းတင်နည်းများ

မျက်နှာပေါင်းတင်နည်းများခြောက်သွေ့တဲ့အသားအရေရှိတဲ့ သူငယ်ချင်းတွေအတွက် အသားအရေနူးညံ့ စိုပြေ စေတဲ့ မျက်နှာပေါင်းတင်နည်းလေးတွေ ပြောပြပေးမှာပါ။ ထုံးစံအတိုင်း သဘာဝကရတဲ့ အဖိုးတန် အာဟာရ တွေနဲ့ပေါ့။ အရမ်းလွယ်တဲ့နည်းလေးတွေပဲ ရှာထားပေးတာမို့ လုပ်ကြည့်ပါအုံးနော်။

ရှားစောင်းလက်ပတ် နဲ့ သခွားသီး


ပထမဦးဆုံး သခွားသီး(တစ်ခြမ်း)ကို အခွံခွာပြီး အစေ့ကလေးတွေကို ဖယ်လိုက်နော်။ ပြီးရင် အစိတ်ကလေး တွေ လှီးလိုက်ပြီး ရှားစောင်း လက်ပတ်ဂျယ်လ်နဲ့အတူ မွှေစက်ထဲထည့်မွှေလိုက်ပါ။ ရလာတဲ့ အနှစ်လေးကို မျက်နှာအနှံ့ညင်သာစွာ လိမ်းပေးပြီးနာရီဝက်ကြာရင် ရေအေးအေးလေးနဲ့ ဆေးလိုက်ရုံပါပဲ။ ရှားစောင်း လက်ပတ်ကြောင့် ချောမွေ့ပြီး သခွားသီးကြောင့် ရေဓာတ်ပြည့်ဝပြီး စိုပြေလန်းဆန်းနေတဲ့ အသားအရေကို ရရှိပါလိမ့်မယ်။

ပျားရည် နဲ့ နွားနို့

နွားနို့ လက္ဘ်ရည်ဇွန်းတစ်ဇွန်း + ပျားရည်တစ်ဇွန်း + ရှားစောင်း လက်ပတ်ဂျယ်လ်တစ်ဇွန်း + vit E လေးစက် ခန့်ကို သေချာသမ အောင်ရောပြီး မျက်နှာပေါ်မှာ လိမ်းပါ။ ၁၅ မိနစ် ပြည့်ရင် ရေနွေးနွေး လေးနဲ့ ဆေးလိုက်ပါ။ အံ့သြလောက်အောင် နူးညံ့သွားတဲ့ အသား အရေကို တွေ့ရပါလိမ့်မယ်နော်။

ထောပတ်သီး + သံလွင်ဆီ

ထောပတ်သီး(တစ်ဝက်)ကို အခွံခွာပြီး ကြိတ်ချေလိုက်ပါ။ ပြီးတော့ သံလွင်ဆီ အနည်းငယ်နဲ့ အရည်ပျစ်ပျစ် လေးရတဲ့အထိ မွှေပေးနော်။ မွှေစက်ထဲ ထည့်မွှေလိုက်ရင် အကောင်းဆုံးပေါ့။ ရလာတဲ့အနှစ်ကို မျက်နှာ အနှံ့လိမ်းပြီး ရေအေးနဲ့ ဆေးပေးပါ။ နောက်ဆုံးမှာ moisturizer လိမ်းပေးလိုက်ရင်တော့ သူငယ်ချင်းရဲ့ မျက်နှာအစိုဓာတ်ကို ပိုမိုထိန်းပေးနိုင်ပါလိမ့်မယ်။

ထောပတ်သီး + ဖရဲသီး + ပျားရည်

ထောပတ်သီး (တစ်ဝက်) နဲ့ဖရဲသီးအနည်းငယ်ကို သေးသေးလေးတွေ ဖြစ်အောင် လှီးနော်။ ပြီးရင် ပျားရည်နဲ့ ရောပြီး မွှေစက်ထဲထည့်မွှေပါ။ ရလာတဲ့အရည်နှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် ၃၀ ထားပါ။ ဒီနည်းလေး က မျက်နှာပေါ်က ဆဲလ်သေတွေကို အထိရောက်ဆုံး ဖယ်ရှားပေးတယ်လေ။

ထောပတ် + သရက်သီး + ကြက်ဥအနှစ်

ထောပတ် နဲ့ သရက်သီးမှာပါတဲ့ vit A က နေလောင်ခံထားရတဲ့ အသားအရေတွေကို အကောင်းဆုံး ပြန်လည်ပြုပြင်ပေးနိုင်တယ်တဲ့ သိလား?

ပြုလုပ်ပုံက - သရက်သီးအမှည့်တစ်ဝက်ကို အခွံနွှာပြီး အစိတ်သေးသေးလေးတွေဖြစ်အောင် လှီးနော်။ ပြီးရင် ထောပတ်နဲ့ ကြက်ဥအနှစ်ကိုပါ ပေါင်းပြီး မွှေစက်ထဲ ထည့်မွှေ၊ ရလာတဲ့ အနှစ်ကို မျက်နှာပေါ်မှာ လိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။ အချိန်ပြည့်ရင် ရေအေးအေးလေးနဲ့ ဆေးချလိုက်နော်။ အသားအရေ ခြောက်သွေ့ နေတာလည်း စိုပြေသွားမယ့်အပြင် နေလောင်ထားတာတွေလည်း သက်သာသွားဦးမှာ။

ကဲ သူငယ်ချင်းတို့ရေ.. အခုပြောပြခဲ့သလောက်ကို အားရကျေနပ်ရဲ့လား? နောက်ထပ်ပြောပြမယ့် အကြောင်း အရာလေးတွေကိုလည်း အချိန်ပေးပြီး ဖတ်အုံးနော်။

သြော်! မှာရဦးမယ်.. အပေါ်မှာ ပြောပြခဲ့တဲ့ အသီးအနှံတွေကို အဆင့်ဆင့်ပြုလုပ်ပုံက မျက်နှာအသားအရေကို ထိန်းသိမ်းနည်းနော်! သူငယ်ချင်းကို ဖျော်ရည်လုပ်နည်း ပြောပြတယ်ထင်မှာစိုးလို့။ စတာနော်။ :D

ပို့စ်ကို ကူးယူဖော်ပြမယ်ဆိုရင်

Myanmar Sky Link
(Myanmar Health & Beauty Website)

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection