ဆိုလာပြားဖြင့်မောင်းနှင်မည့် ကားကို မြန်မာနိုင်ငံတွင် သုတေသနစတင်

ဆိုလာပြားဖြင့်မောင်းနှင်မည့် ကားကို  မြန်မာနိုင်ငံတွင် သုတေသနစတင်

ရေဓာတ်ငွေ့ကားကို ဆိုလာပြားနှင့်စမ်းသပ်မောင်နှင်ခြင်း သုတေသနအား အာရှတိုက်တွင် မြန်မာနိုင်ငံမှ ပထမဆုံးပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေဓာတ်ငွေ့စက်ကို နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများဖြင့် မောင်းနှင်ခြင်းသုတေသနကို စင်ကာပူ သိပ္ပံပညာရှင် Mr.Andraelin နှင့်အတူ မြန်မာနိုင်ငံရှိ သုတေသီအင်ဂျင်နီယာ ဦးကျော်ကျော်၏ အရှေ့ ဒဂုံခြံတွင် ဧပြီလအတွင်း စမ်းသပ်သုတေသနပြုခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံထုတ် Light Truck 2000 CC မော်တော်ယာဉ်အား သုတေသနပြုလုပ်ထားသော ဆိုလာပြားများနှင့် တွဲဖက်၍ ရေဓာတ်ငွေ့ကို စမ်းသပ်မောင်းနှင်ခဲ့ကြောင်း သိရသည်။

“ကားငယ်တွေမှာတော့ ဆိုလာပြားအရွယ်သေးငယ်ပြီး ပါဝါပိုမြင့်တဲ့ဆိုလာပြားနဲ့ အသုံးပြုသင့် ပါတယ်။ လက်ရှိစမ်းသပ်တဲ့ light Truck မှာ ၉၀ ဝပ်ရှိတဲ့ ဆိုလာပြားလေးချပ်နဲ့ မောင်းနှင်လို့ရပါတယ်။ မြန်မာ နိုင်ငံက နေရောင်ခြည်ပေါတဲ့အတွက် သင်္ဘောတွေ၊ မီးရထားတွေပေါ်မှာလဲ ဆိုလာပြားတပ်ပြီး အဲဒီကရတဲ့ စွမ်း အားနဲ့လည်ရင် အကျိုးရှိတယ်။ အဲဒါတော့ လုပ်သင့်တယ်” ဟု သိပ္ပံပညာရှင် Mr.Andraelin က အကြံပြုပြော ကြားသည်။

ထိုကဲ့သို့ စမ်းသပ်မောင်းနှင်ရာတွင် မော်တော်ယာဉ်စွဲအားမှာ မော်တော်ကားဘက်ထရီကို အသုံးပြုမောင်းနှင် ခြင်းထက် များစွာမြင့်တက်သွားကြောင်း၊ အင်ဂျင်အပူချိန်မှာ ယခင်အတိုင်းကျဆင်းသွားပြီး ဒီဇယ်စား နှုန်းမှာ ယခင်ထက်လျော့ကျသွားကြောင်း သိရသည်။ ညဘက်နေရောင်ခြည်စွမ်းအင် မရှိတော့သည့် အချိန် တွင် မောင်းနှင်နိုင်ရန်အတွက် သီးခြားဘက်ထရီကို ဆိုလာပြားဖြင့် အားသွင်းထားရမည်ဖြစ်သည်ဟု သိရ သည်။

“မြန်မာဆိုလာဆဲလ်၊ စင်ကာပူဆိုလာဆဲလ် Dry Cell နှစ်ခုကို ယှဉ်ပြီး စမ်းသပ်ခဲ့ပါတယ်။ စင် ကာပူဆိုလာ ဆဲလ်နဲ့ စမ်းတဲ့အခါ HHO ဓာတ်ငွေ့ 300CC ကို စက္ကန့် ၉၀ နဲ့မှရတယ်။ မြန်မာဆိုလာဆဲလ်နဲ့ စမ်းတဲ့ အခါမှာ HHO ဓာတ်ငွေ့ 300CC ကို ၈ စက္ကန့်နဲ့ရတယ်။ မြန်မာဆဲလ်က ဆယ်ဆကျော်ပိုထွက်သွားတယ်” သု တေသနပညာရှင် အင်ဂျင်နီယာ ဦးကျော်ကျော်က ပြောသည်။

Light Truck ကားများတွင် ဆိုလာပြားတပ်ဆင်ပြီးမောင်းနှင်ပါက ဆိုလာပြားတစ်ပြား၏ တန်ဖိုးမှာ ကျပ်တစ်သိန်းခွဲခန့်ရှိကြောင်း သိရသည်။

“ဒီစမ်းသပ်မှုပြီးတဲ့နောက်ပိုင်းမှာ ပညာရှင်တွေရော၊ အလုပ်သမားတွေရော မြန်မာနိုင်ငံကို လာ ရောက်ကြ မယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ တက္ကသိုလ်ရဲ့ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍမှာ အချိန်ပိုင်းကထိ ကအနေနဲ့ ဆောင်ရွက်ပေးချင်ပါတယ်” ဟု Mr. Andraelin ကပြောကြားသွားကြောင်း သုတေသနပညာရှင် ဦး ကျော်ကျော်က ဆိုသည်။

ထို့ပြင် တက္ကသိုလ်ဘွဲ့ရများကို ပြန်ပြည့်မြဲစွမ်းအင်ဘာသာရပ်၊ သဘာဝပတ်ဝန်းကျင် ထိန်း သိမ်းရေး ဘာသာ ရပ်များအား ပညာရှင်တစ်ဦးက သင်ကြားပို့ချပေးရန်အတွက်လည်း စီစဉ်လျက်ရှိကြောင်း သိ ရသည်။

စင်ကာပူနိုင်ငံမှ သိပ္ပံပညာရှင် Mr.Andraelin နှင့်အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်စဉ်အတွင်း ဒဂုံ တက္ကသိုလ်နှင့် ဆူးလေဘူတာအကြား မြို့ပတ်ရထားကိစ္စ၊ ရေညှိပိုင်းဆိုင်ရာကိစ္စ၊ ဇီဝလောင်စာကိစ္စ၊ ရေဆိုး ကိစ္စများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

ထို့ပြင် လှိုင်သာယာမြို့နယ်အတွင်းရှိ စက်ရုံတစ်ရုံသို့ သွားရောက်၍ ရေဆိုးစွန့်ပစ်ကန်အား သွားရောက် လေ့လာခဲ့ပြီး လှိုင်သာယာမြို့ရှိ စွန့်ပစ်အမှိုက်ကိုလည်း သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။


The automatic transmission solar car is 3.2 meters long, 1.4 meters wide and 1.4 meters high, well equipped with accelerator, brake, steering wheel, steering lights and rearview mirrors. The car is covered by 22 solar panels on the roof, hood and trunk to collect the solar power, which is stored in six 12-volt storage batteries in the trunk.



The 2011 World Solar Challenge began on Oct. 16, 2011 in Darwin, Australia, with more than 30 teams competing from all across the globe. The event is held on a 3000km (1,864mi) course that crosses through the center of Australia from Darwin to Adelaide. Once the teams leave Darwin, they will compete to be the first to cross the finish line in Adelaide in their solar vehicle.

"This has been an excellent opportunity to reiterate our commitment to sustainable mobility. It's important to promote automotive programs at world-class universities like Stanford University and UC Berkeley and get the student community excited about automobiles. This is important for the continued success of our long term relationships and collaborations with such universities." said Dr. Peter Oel, Director of the Volkswagen AG Electronics Research Lab (ERL). The ERL represents the entire Volkswagen Group in applied research and development. Its mission is to develop innovations and technologies for future generations of cars, and to transfer technologies from many industries into the automotive domain.

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection