မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော

မနန်းဝိုးဖန် စသုံးလုံးတွင် မိမိကိုယ် သတ်သေသွားသည်ဟု ယူဆကြောင်း ခင်ပွန်းဖြစ်သူက ပြော
သေဆုံးသူ မနန်းဝိုးဖန် (ဓာတ်ပုံ - YPI)
မနန်းဝိုးဖန် မှာ သူ့ဖာသာသူ သတ်သေသွားခြင်း မဟုတ်ပဲ မတော်တဆဖြစ်ပွားခြင်းဖြစ်သည်ဟု စသုံးလုံး အရာရှိများက ခင်ပွန်းဖြစ်သူ အားပြောဆိုသော်လည်း ခင်ပွန်းဖြစ်သူက စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုကြောင့် သတ်သေသွားသည်ဟု ယူဆကြောင်း ပြောဆိုသွားသည်။

ယင်းသို့ သေဆုံးသွားရသည့် အမှုနှင့် ပတ်သက်၍ မနန်းဝိုးဖန်၏ ခင်ပွန်းဖြစ်သူ မစ္စတာ နာမာဆဲ အား စသုံးလုံး မှ အရာရှိ ၂ ဦးက သတ်သေခြင်း မဟုတ်ကြောင်း မတော်တဆဖြစ်မှုသာဖြစ်သည်ဟု ၎င်း၏ ဟိုတယ်သို့ လာရောက်ကာ ယနေ့ နံနက်တွင် ပြောဆိုသွားသည်ဟု ပြောသည်။ 

မနန်းဝိုးဖန်၏ ခင်ပွန်းနှင့် ရှေ့နေ ဒေါ်အိအိအောင်


မနန်းဝိုးဖန်၏ ဖခင် နှင့် စသုံးလုံးတွင် အတူအစစ်ဆေးခံရသူ  ရှေ့နေ ဒေါ်အိအိအောင်တို့က မီဒီယာ အားရှင်းလင်းခဲ့ရာတွင် အိမ်ခြံမြေ ပိုင်ဆိုင်မှုနှင့် ကိစ္စ ပတ်သက်၍ အမှုအခင်းဖြစ်ပွားရာတွင် အမှုတရားလို ဖြစ်သူ မနန်းဝိုးဖန်နှင့် ၎င်း၏ ရှေ့နေဖြစ်သူ သူ့ကို မတ်လ ၂၁ ရက်နေ့တွင် စသုံးလုံးက စစ်ဆေးရန် ခေါ်ယူခဲ့သည်။ ၃ရက်တာ စစ်ဆေးနေစဉ်တွင် မတ်လ ၂၄ ရက်နေ့နံနက် လင်းအားကြီးအချိန်၌ မနန်းဝိုးဖန်မှာ အဆိုပါ စသုံးလုံး ရုံး ၅ ထပ်မှ ရုတ်တရက် ပြုတ်ကျကာ သေဆုံးခဲ့သည်။

စစ်ဆေးခံရသည့် အကြောင်းရင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က ရှင်းပြရာတွင် ယမန်နှစ် နှစ်ကုန် ပိုင်းက မနန်းဝိုးဖန်၏ နာမည်ဖြင့် ဝယ်ယူထားသည့် အိမ်နှင့် မြေကွက်များ ကို  ခင်ပွန်းဖြစ်သူ နာမာဆဲ၏ မန်နေဂျာဟောင်း ဦးကိုကိုက ၎င်းပိုင်ဆိုင်ကြောင်း သတင်းစာများ တွင် ကြော်ငြာထည့်ခဲ့ရာမှ ပိုင်ဆိုင်သူ မနန်းဝိုးဖန်က သက်ဆိုင်ရာသို့ တိုင်ကြားကာ ယုံကြည်အပ်နှံ အလွဲသုံးစား ပုဒ်မ ၄၀၆ ဖြင့် ဦးကိုကိုအား စွဲဆိုခဲ့သည်။

ထိုသို့ တရားစွဲဆိုထားရာမှ ဦးကိုကိုက မနန်းဝိုးဖန်ကို “စစရ” ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ တို့တွင် ပြန်လည်တိုင်ကြား သဖြင့် ရဲတပ်ဖွဲ့တွင် ၂ ကြိမ် စစ်ဆေးခံခဲ့ရသည်။ ယင်းသို့ မနန်းဝိုးဖန်က နှင့် ဦးကိုကို တို့  စွဲဆိုထားသည့် အမှုရင်ဆိုင် နေရာမှ ယခုလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်း ဒေသကြီး အထူးစုံစမ်း စစ်ဆေးရေးမှ မနန်းဝိုးဖန်နှင့် ရှေ့နေ ဒေါ်အိအိအောင်ကို ခေါ်ယူစစ်ဆေးခဲ့သည်။

စသုံးလုံးက ခေါ်ယူစစ်ဆေးခြင်းနှင့် ပတ်သက်၍ ဒေါ်အိအိအောင်က စသုံးလုံးကို မေးမြန်းရာတွင် မနန်း ဝိုးဖန်က ပိုင်ဆိုင်ထားသည့် အိမ်ခြံမြေနှင့် ပတ်သက်ပြီး စီးပွားရေး လမ်းကြောင်းအရ စစ်ဆေးခြင်း ဖြစ် သည်ဟု ပြန်လည်ဖြေဆိုခဲ့သည်ဟု ဒေါ်အိအိအောင်က ပြောကြားသွားသည်။

၃ ရက်ကျော် ခေါ်ယူ စစ်ဆေးနေစဉ် မတ်လ ၂၄ ရက်နေ့ နံနက် ၅နာရီဝန်းကျင်တွင် ကျောက်တံတား မြို့နယ် ဆိပ်ကမ်းသာလမ်း စသုံးလုံးရုံး ၅ ထပ်မှ ပြုတ်ကျ သေဆုံးခဲ့သည်။

သေဆုံးသွားရသူ မနန်းဝိုးဖန်မှ ပြုတ်ကျ သေဆုံးသွားခြင်းဖြစ်သည်ဟု စသုံးလုံး ဒေါ်အိအိအောင်က မနန်းဝိုးဖန် သေဆုံးသွားရခြင်းမှာ မိမိကိုယ် သတ်သေခြင်းမဖြစ်နိုင်ကြောင်း ၎င်းမှာ အလွန်ကြောက် တတ်သူဖြစ်သဖြင့် သတ်သေသည်ဆိုသည့် အချက်ကို  မယုံနိုင်ကြောင်း ပြောဆိုသွားသည်။

ခင်ပွန်းဖြစ်သူ ဂျပန်နိုင်ငံသား မစ္စတာ နာမာဆဲက “ လူတယောက်ကို တနေ့ ၂ နာရီမျှသာ အိပ်ချိန်ပေးပြီး စစ်ဆေးနေခြင်းသည် အကျဉ်းထောင်တွင်း စစ်ဆေးခြင်းနှင့် အတူတူဖြစ်ကြောင်း၊ သူမ၏ လူ့အခွင့် အရေးကို ချိုးဖောက်နေခြင်းဖြစ်သည်” ဟုလည်း ယနေ့ ညနေ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသည်။

မနန်းဝိုးဖန် သေဆုံးသွားသည့် နေ့က မိုင်းဖြတ်မြို့ရှိ မိသားစုအား မနန်းဝိုးဖန် နေမကောင်းသဖြင့် ဆေးရုံတက်နေသည် စသုံးလုံးမှ ဟု အကြောင်းကြားလာပြီး ညပိုင်းတွင် သေဆုံးသွားပြီဖြစ်သည်ဟု ထပ်မံ အကြောင်းကြားခဲ့သည် ဟု ဖခင် ဦးအိုက်ခန်းက ပြောသည်။

ယနေ့နံနက်ပိုင်းတွင် သေဆုံးသူ၏ မိဘများက ဒုသမ္မတထံ ယခုအဖြစ်အပျက်ကို တိုင်ကြားရန် လေဆိပ်သို့ သွားရောက်စဉ် လုံခြုံရေးဝန်ထမ်းအချို့က ပြန်လည်ခေါ်ဆောင်ခဲ့သည်ဟုလည်း ခင်ပွန်းဖြစ်သူက ယနေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။

သေဆုံးသူမနန်းဝိုးဖန်ကို လာမည့် စနေနေ့ နေ့ခင်းပိုင်းတွင် ထိန်ပင်သုဿန်တွင် သဂြိုဟ်မည်ဖြစ်သည်ဟု သိရှိရသည်။

စသုံးလုံးတွင် မတော်တဆ သေဆုံးသွားခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ခုံရုံးဖွဲ့ကာ စုံစမ်းစစ်ဆေးသွားမည်ဟု သတင်းဋ္ဌာနတခုအား ပြောဆိုထားသည်။      ။

Ref: =>> https://www.facebook.com/notes/yangon-press-international/%E1%80%99%E1%80%94%E1%80%94%E1%80%B9%E1%80%B8%E1%81%80%E1%80%AD%E1%80%AF%E1%80%B8%E1%80%96%E1%80%94%E1%80%B9-%E1%80%85%E1%80%9E%E1%80%B6%E1%80%AF%E1%80%B8%E1%80%9C%E1%80%B6%E1%80%AF%E1%80%B8%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%99%E1%80%AD%E1%80%99%E1%80%AD%E1%80%80%E1%80%AD%E1%80%AF%E1%80%9A%E1%80%B9-%E1%80%9E%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%9E%E1%80%BC%E1%80%AC%E1%80%B8%E1%80%9E%E1%80%8A%E1%80%B9%E1%80%9F%E1%80%AF-%E1%80%9A%E1%80%B0%E1%80%86%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%81%E1%80%84%E1%80%B9%E1%80%95%E1%80%BC%E1%80%94%E1%80%B9%E1%80%B8%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%9E%E1%80%B0%E1%80%80-%E1%80%B1/342753719104590

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection