ငွေလဲနှုန်းအသစ် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်းသတ်မှတ်မည်

ငွေလဲနှုန်းအသစ် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်းသတ်မှတ်မည်

မြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာ ငွေ လဲလှယ်နှုန်းကို ဈေးကွက်ပေါက်ဈေးနဲ့ နီးစပ်တဲ့ ၁ ဒေါ်လာကို ၈၂၀ ကျပ် နှုန်း သတ်မှတ်ဖို့  မြန်မာ ဗဟိုဘဏ်က ပြင်ဆင်နေတယ်လို့ ပုဂ္ဂလိကဘဏ်က အရာရှိတွေကို ကိုးကားပြီး ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။
 

(Photo by Ministry of Finance and Revenue)
ခုချိန်ထိ အစိုးရက သတ်မှတ်ထားတဲ့ တရားဝင်ပေါက်ဈေးက အမေရိကန် ၁ ဒေါ်လာ ကို ၆ ကျပ်ဖြစ်ပြီး၊ လက်တွေ့ ဈေးကွက်မှာတော့ ၁ ဒေါ်လာကို ကျပ် ၈၀ဝ ဝန်း ကျင် ဈေးပေါက် ပါတယ်။ ဒီအပြောင်း အလဲကြောင့် ငွေကြေးဈေးကွက် နဲ့ စီးပွားရေးကဏ္ဍမှာ ထူးထူးခြားခြား ရိုက်ခတ်မှုတွေ မရှိနိ်ုင်ဘူး လို့ ငွေရေးကြေးရေးနဲ့ စီးပွားရေးဆိုင် ရာ ဆောင်းပါးတွေ ရေးနေတဲ့ စာရေး ဆရာ ဦးဟန်ထွန်း (အခွန်)က သုံးသပ် ပါတယ်။

“သိပ်ထူးထူးခြားခြားတော့ မဖြစ်ပါဘူး။ အပြောင်းအလဲကတော့ ဒီလိုပဲ ဖြစ်သွား မှာပေါ့။ ၂၀၁၂-၁၃ ဘတ်ဂျက်မှာ ၈၀ဝ နဲ့ တွက်တယ်ဆိုပြီး လွှတ်တော်မှာ ပြောတာပဲ။ သင့်တော်တဲ့ ဈေးကို ပြောင်းဖို့ ရည်ရွယ်ချက် ရှိတယ်။ ဈေးကွက် ပေါက်ဈေးအတိုင်း လုပ်ဖို့ ရှိတယ်။ ဒီလိုပဲ သွားရမှာပါပဲ။ ထူးထူးထွေထွေ ရိုက်ခတ်ဖို့ မရှိဘူး။ ဒီဈေး ကပေါက်ဈေး ဖြစ်နေတာ ကို၊ လောလောဆယ်တော့ နည်းနည်းပါးပါး အလျော့ အတင်းလေး ရှိတာကလည်း သိပ်တော့ အကြောင်း မဟုတ်ဘူး။ ပုံသေချိတ်ထား တဲ့ ဈေးကနေ ပေါက်ဈေးကို ပြောင်းတဲ့နေရာမှာ ဒီလိုပဲ သွားရမှာပဲ။ ဒီအတွက်တော့ ကျနော်တို့ နိုင်ငံအနေနဲ့ ထူးခြားတဲ့ ထိခိုက်နစ်နာ စရာ အကြောင်းမရှိတာဟာ ကံကောင်းတာ တခုပဲ။ ဒီဟာက ရေရှည် တည်တန့်သွားရင် ကောင်း တာပေါ့။ နိုင်ငံခြား အရင်းအနှီးတွေ တအား ဝင်လာပြီး ကျပ်ငွေဈေးတွေ ထောင်တက်တာတို့ အဲဒီလို ရုတ်တရက် အပြောင်းအလဲကြီးတွေ မရှိရင်တော့ တည်ငြိမ်သွားမယ့် သဘော ရှိပါတယ်။”
ငွေလဲနှုန်းကို ပြုပြင်လိုက်တဲ့အတွက် ပိုပြီး ပွင့်လင်းမြင်သာတဲ့ ငွေလဲစနစ်ကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ ဝင်လာနိုင်ချေ ရှိတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေသလို နိုင်ငံခြားအရင်းအနှီးတွေ အလုံး အရင်းနဲ့ ဝင်လာဖို့ ကိစ္စမှာ မြန်မာပြည်က လျှပ်စစ်ဓာတ်အား၊ တယ်လီဖုန်း၊ ဆက်သွယ်ရေးနဲ့ တခြား အခြေခံ အဆောက် အဦတွေ လိုအပ်နေသေးတယ် လို့ ထောက်ပြတာတွေလည်း ရှိပါတယ်။
ဒါပေမယ့် နိုင်ငံခြားငွေတွေ အလုံးအရင်းနဲ့ ဝင်လာလို့ ငွေကြေးဈေးကွက် အလှုပ်အရမ်း များပြီး မမျှော်လင့်တဲ့ ပြဿနာတွေလည်း မြန်မာပြည်မှာ ဖြစ်ခဲ့ဖူးပါတယ်။ ၂၀ဝ၉ ခုနှစ် တုန်းကလည်း ကျွန်းသစ်၊ စွမ်းအင်၊ ကျောက်မျက် ရတနာတွေမှာ အဝယ်လိုက်ခဲ့တဲ့ အတွက် ဒေါ်လာတွေ အလုံးအရင်းနဲ့ ဝင်ခဲ့တုနး်က ၁ ဒေါ်လာကို ကျပ် ၁၀ဝ၀ အထိ ခုန်တက်ခဲ့ဖူးပါတယ်။
ဒီလို ဖြစ်တဲ့အတွက် အောက်ခြေ လယ်သမားတွေကနေ  ထုတ်လုပ်မှုကဏ္ဍက အလုပ်သမားတွေနဲ့ နိုင်ငံခြားကုမ္ပဏီတွေမှာ ဒေါ်လာနဲ့ လခစားတွေအထိ ထိခိုက်ခဲ့ဖူးပါတယ်။
ဦးဟန်ထွန်း (အခွန်)ကတော့  အခြေခံအဆောက်အဦတွေ မပြည့်စုံသေးလို့  မြန်မာပြည်က နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုတွေ အလုံးအရင်းနဲ့ ရုတ်တရက် ဝင်လာနိုင်ချေ မရှိသေး သလို၊ မြန်မာပြည်က ဘဏ်စနစ် မှာလည်း ပြုပြင်ပြောင်းလဲရမှာတွေ ရှိတယ်လို့ ထောက်ပြ ထားပါတယ်။
“လောလောဆယ်လိုအပ်ချက်တွေ ဖြည့်ဆည်းအောင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ပြဌာန်းတာတို့ လုပ်နေတာပေါ့။ တခြား နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဝင်လာနိုင် တဲ့ မြန်မာနိုင်ငံရဲ့ ဘဏ်ဝန်ဆောင်မှု လုပ်ငန်းတွေကအဆင့်နိမ့်နေသေးတယ်။ အဲဒီ ကိစ္စတွေ ကလည်း ကြီးတယ်။ ဘဏ် လုပ်ငန်းတွေရဲ့ အရည်အချင်း တိုးတက်လာဖို့လည်း လိုအပ် တယ်။ ဝန်ဆောင်မှုတွေ ကောင်းလာမှ နိုင်ငံတကာက ဘဏ်လုပ်ငန်း တွေ လာမယ် လို့တော့ ပြောတယ်။ ဘယ်လိုလာမယ် ဆိုတာတော့ မသိသေးဘူး။ အဲဒီလို လာမယ် ဆိုရင် လည်း ချက်ချင်းကြီး လာလို့ မရဘူး။ ပြည်တွင်းဘဏ္ဍာရေး ဈေးကွက်မှာ နိုင်ငံတကာ ဘဏ်တွေ ဘယ်လို ဝင်ခွင့်ပြုမယ် ဆိုတာ ရှိသေးတာကို။ ဥပဒေတွေတော့ အတော်အသင့်တော့ ရှိတယ်။ ဒါပေမယ့် ဘဏ် လုပ်ငန်းနဲ့ အရင်းအနှီးဈေးကွက် ကို ပြောနေကြတာကို။ အဲဒီဟာတွေ အတွက်တော့ အများကြီး လိုပါသေးတယ်။”
ကမ္ဘောဇဘဏ်ရဲ့ ဒု – ဥက္ကဋ္ဌ ဦးသန်းလွင်ကလည်း ငွေလဲနှုန်းကို ပြောင်းလဲ သတ်မှတ်တာ ထက် နောက် ဆက်တွဲ စီမံခန့်ခွဲမှုတွေက ပိုပြီး အရေးကြီးတယ် လို့ ပြောပါတယ်။ ဒီအပြောင်းအလဲကို နိုင်နင်းဖို့ ဆိုရင် နိုင်ငံခြားက ကျွမ်းကျင် သူတွေရဲ့ အကူအညီ လိုအပ်တယ် လို့ ဦးသန်းလွင်က ဆိုပါတယ်။
“တသမတ်တည်း ဖြစ်အောင် လုပ်တာတော့  လွယ်တယ်။ အဲဒါကို ထိန်းကျောင်းဖို့က အရေးကြီးတယ်။ ထိန်းကျောင်းတာတော့ ထိရောက်တာပေါ့။ ဥပဒေကလည်း လောလောဆယ် ပြင်ဆင် ထားတုန်း ရှိသေးတယ်။ ပြင်လို့က မပြီးသေး ဘူး။ အဲဒီ ပြင်တဲ့ ဥပဒေကလည်း ထပ်လာဦးမယ်။ ဘဏ် ဥပဒေက ပြင်ရအုန်းမယ်။ နိုင်ငံခြားသုံးငွေဆိုင်ရာ ဥပဒေလည်း ပြင်ရဦးမယ်။ ဒါလည်းမပြီးပြတ်သေးဘူး။ အဲဒါတွေက ပြန်လည်တားဆီးမှလည်း အဲဒါကလည်း ထိန်းကျောင်းရာမှာ လွတ်လပ်မှု ရှိလာမယ်။ အဲဒီသဘောလည်း ပါတယ်။ လုပ်တတ်ကိုင်တတ်ဖို့လည်း အရေးကြီးတယ်။ အကြံပေးထားတာတော့ ကျွမ်းကျင်သူတွေ တော်တော်များများ လိုမယ်။ ကိုယ့်ဆီမှာ မရှိလည်း နိုင်ငံခြားက ခေါ်ပြီး သေချာ စနစ်တကျ လုပ်ဖို့ လိုတယ်။
ပေါ့ပေါ့တန်တန် တွေးလို့ရတဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ကျနော်တို့က ဈေးကွက်ကို signal ပေးရမှာကို၊ ဈေးကွက်က အရေးကြီးတယ်။ ဘယ်လို signal ပေးမလဲ။ ဘယ်လို တုံ့ပြန်လာ မလဲ။ အဲဒါလည်း တော်တော် အရေးကြီးတယ်။ ဈေးကွက်က တုံ့ပြန်လာလို့ ဈေးကွက်ကို ဘယ်လို ထိန်းကျောင်းမလည်း။ လုပ်ငန်းတွေ က ပေါ်လာပြီ။ နောက်ဆက်တွဲ လုပ်ရမယ့် အရာတွေက ပညာသားပါလာပြီ။ အဲဒါ ပို အရေးကြီး တယ်။”
အရင်က ငွေလဲနှုန်းကို ၂ မျိုးဖြစ်တာကြောင့် အဓိက အကျိုးအမြတ် ရသူတွေဟာ အစိုးရ အရာရှိ မိသားစုတွေနဲ့ သူတို့ နီးစပ်တဲ့ သူဌေးတွေဖြစ်တယ်လို့ ဝေဖန်သူတွေက ဆိုကြပါတယ်။ သူတို့ဟာ ငွေလဲနှုန်းကွာဟမှုအပေါ် အမြတ်ထုတ်ပြီး ရလာတဲ့ငွေတွေကို  နိုင်ငံခြား ဘဏ်တွေမှာ အပ်နှံ ထားကြတယ်လို့ ဆိုကြပါတယ်။
ကမ္ဘာဘဏ်ရဲ့ စာရွက်စာတမ်းတွေကို ကိုးကားတဲ့ ရိုက်တာသတင်းမှာတော့ ဗဟိုဘဏ်က ဧပြီလက စလို့ ဈေးကွက်ပေါက်ဈေး အတိုင်း နှုန်းရှင် စနစ်နဲ့ ငွေလဲနှုန်းကို ကျင့်သုံးဖို့ ပြင်ဆင်နေတယ် လို့  ဆိုပါတယ်။ ဒါကြောင့် ၁ ဒေါ်လာ ၈၂၀ ကျပ် နှုန်း နဲ့ ငွေလဲနှုန်း သစ်ဟာ လာမယ့် ရက်သတ္တပတ်တွေ အတွင်းမှာ လက်တွေ့ဖြစ်လာဖွယ် ရှိပါတယ်။

ဒီဗွီဘီ

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection