ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် မန္တလေးခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပရိတ်သတ်ဦးရေ စံချိန်တင်များပြားလှသည်။ ကြားဖြတ် ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည် သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့ သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့သစ်( အောင်ပင်လယ် ) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်း စုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများ ကပြော ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို ့အတွင်းသို့ ဝင်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ခံများသာမက နိုင်ငံခြား သားမျာ၊ တက္ကသိုလ်ကျောင်းသားကျောင်းသူများ နှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆို ကြပြီး ကားတန်းမှာ တံခွန်တိုင်အဝိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျားများပြား နေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။
ရန်ကုန်-မန္တလေးအမြန်လမ်းမဝဲယာမှကျေးရွာများကလည်းဒေါ်အောင်ဆန်းစုကြည်အားကြိုဆိုခဲ့ ကြသည်။



တံတားဦးအပြည်ပြည်ဆိုင်ရာလေဆိပ်သို့သွားရာလမ်းဘေးဝဲယာတစ်လျှောက်မှပြည်သူများကဒေါ်အောင်
ဆန်းစုကြည်အား ကြိုဆိုလျှက်ရှိကြပြီး ကမ္ဘာလှည့်ခရီးသည်များကပါ NLD အလံများ ဝှေ့ရမ်းကာ ကြိုဆိုခဲ့ကြသည်။

မန္တလေးခရီးစဉ် ၂ ( ဓာတ်ပုံ - မိုးကျော်လွင်)




ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပရိတ်သတ်ဦးရေ စံချိန်တင်များပြား









POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection