How to Remove the Haha Virus ရှင်းနည်း

How to Remove the Haha Virus ရှင်းနည်း

 Gtalk , Yahoo Messenger , Window Live Messenger , facebook , စသဖြင့် သုံးနေသူ တွေအားလုံးသိအောင် အသိပေး ရေးသားလိုက်တာပါ။

ပထမဆုံး "Link" ဆိုတာ ကို တော်တော်များများ သိကြပါတယ် . Link ကို မြန်မာလို ပြန်လျှင်တော့ ချိတ် ၊ အချိတ်အဆက် ဟု အဓိပါယ်ရပြီး အသိပေး လိုသောနေရာသို့ နေရာသို့ရောက်အောင် တင်ပေး သော အင်တာနက်စာမျက်နှာ ညွှန်းကို Link လို့ ခေါ်ဝေါ်သုံးစွဲကြပါတယ် ။

ဥပမာ ၊ http://www.4blog.com/image..

စသဖြင့် သူငယ်ချင်းတစ်ယောက်ယောက်ကို ကြည့်စေချင် ၊ သိစေချင်လို့ လမ်းညွှန်တဲ့ အထက်ပါ စာကြောင်း များကို လင့် ( Link ) လို့တာ တော်တော်များများသိကြပါတယ် ၊ မသိတဲ့သူအတွက်လည်းသိအောင် ရှင်းပြခြင်းပါ ....
အထက်ပါ လင့်မှာ Virus နေနိုင်သလားလို့မေးရင် မနေနိုင်ပါဘူးလို့ဖြေရပါလိမ့်မယ် ။ ဘာကြောင့်လဲဆိုတော့ သူက စာလုံးတွေသာဖြစ်လို့ Virus နေလို့မရတာ အားလုံးသိကြပါတယ် ။

တစ်ကယ်တမ်း VIRUS နေနိုင်တာက အဲ့လိုလင့်တွေက ပို့ပေးလိုက်တဲ့ အင်တာနက်စာမျက်နှာ တစ်ခုခု မှာတော့ VIRUS ရှိနေနိုင်ပါတယ် ။ဒါကို Web Security လို့ခေါ်တဲ့ အင်တာနက်စာမျက်နှာက တဆင့်လာတဲ့ Virus ကို ကာကွယ်ပေးမယ့် Anti-Virus တစ်ခုခုမတင်ထားပါက ထိုသို့သော စာမျက်နှာများတွင် ဖန်တီးသူ Cracker , Hacker များလက်ဆော့ထားတဲ့ Virus ဝင်ရောက်နိုင်ပါတယ် ။ ဒါဆို အင်တာနက်စာမျက်နှာမှာ Virus ရှိနိုင်သလားမေးလျှင် ဖြေရမှာက ဟုတ်ကဲ့ ရှိနိုင်ပါတယ် ခင်ဗျာ ။

ဘယ်လို မျိုးဝင်လာသလဲ ?
တစ်ယောက်ယောက်က ရည်ရွယ်ပြီး ပေးပို့ထားတဲ့ လင့်တွေမှတဆင့် ရောက်သွားတဲ့ စာမျက်နှာကို ရောက်သွားပါက Virus ဝင်ပါတယ် ။ သို့ကြောင့် မိမိ မကလစ်မီ သေချာစွာ စိစစ်တတ်ဖို့ လိုအပ်ပါတယ် ....

ဘယ်လိုစိစစ်မလဲ ?
အောက်ပါလင့်ကို လုံးဝမနှိပ်ပဲ ကြည့်ပါ ( အောက်ပါလင့်သည် Virus ဖြင့်ဖန်တီးထားသော စာမျက်နှာလင့် ဖြစ်သည် )(လုံးဝမကလစ်ပါနှင့်)
http://www.sirco.fr/album.php?Facebook.com-IMG216267.JPG

ယခု အထပ်ပါလင့်မှာ ပါတဲ့ စာလုံးတွေကို သေချာကြည့်ပါ ၊ပထမဆုံး သင်တွေ့နိုင်တာက Http://www.sirco.fr/ ဖြစ်ပြီး နောက်မှ facebook.com ဆိုတာကို တွေ့ရပါလိမ့်မယ် ဒါကြောင့် အထက်ပါလင့်ဟာ Facebook မဟုတ်မှန်း သင်စစ်နိုင်ပါတယ် ။ ထပ်မံပြီ Album.php? ဆိုတာတွေ့နိုင် ပါတယ် ။ ထိုစာလုံးက .php? ကသင့်ကိုဒုက္ခပေးမယ့် စာမျက်နှာရဲ့ အဓိက တရားခံပင်ဖြစ်ပါတယ် ။ ဒါကြောင့် အထက်ပါလင့်မှာ Php နှင့်ဖန်တီးထားသော Virus ရှိနေတယ်ဆိုတာ သတိထားရမှာဖြစ် ပါတယ်ခင်ဗျာ ။

ထိုလင့်ကို ကလစ်လိုက်မိပါက မိမိအသုံးပြုနေသော Php နှင့် Java Language ဖြင့် Run သော Application များဖြစ်သည့် Gtalk , Yahoo Messenger , Window Live MMessenger , Facebook .. စသည်တို့မှ မိမိသူငယ်ချင်းများထံ အလိုလျှောက် Virus လင့်များကို ရိုက်တင်သွားမည်ဖြစ်ပါတယ် ... ဒါဆို မသိနားမလည်သော သင့်သူငယ်များပါ မသိပဲ ထိုလင့်များကို ကလစ်လိုက်ပါက Virus ကူးခံရ မည်ဖြစ်ပါတယ်ခင်ဗျာ ......

ယနေ့ အများဆုံးသော Virus ရှိသည့်စာမျက်နှာကိုရောက်မည့် လင့်များတွင် php , zip , exe , apk , စသဖြင့်စာလုံးများပါဝင်လာမည်ကို အင်တာနက် အသုံးပြုသူများ အထူးသတိထားရန် အရေးကြီးပါတယ် ..
တစ်ကယ်တမ်း မိမိတို့ သိသော Social Network များ ဟုတ်မဟုတ်ကို ထိုလင့်များ၏ ပထမ စာလုံးများကို သတိထားဖတ်ရှု့သင့်ပါတယ် ။ ထိုအပြင် ထိုလင့်အများစုမှာ Photo , Video များပါလို့ လှည့်စားတတ်တာကို တွေ့ရမည်ဖြစ်ပါတယ် .. အောက်ပါလင့်များသည်လည်း Virus ပါသော နမူနာလင့်များဖြစ်ပါတယ်  လေ့လာကြည့်ပါ ... ။ (လုံးဝမကလစ်ပါနှင့်)
၁. http://p15.safephotoblog.com:84/users/184/PartyPic012.JPG.zip

၂. http://www.sirco.fr/album.php?Facebook.com-IMG959472.JPG

အထက်ပါ လင့် ၂ ခုမှာ .php နှင့် .zip ဆိုတာ တွေ့ရမည် ဖြစ်ပါတယ် ။ သင့်ကို ဒုက္ခပေးမည့် လင့်ဆိုတာ သိထားဖို့လိုပါတယ်ခင်ဗျား .......
ဆက်လက်ပြီး ထိုလင့်များသည် လင့်ချည်း သက်သက် တက်လာမည် မဟုတ်ပဲ အသုံးပြုနေသူများ စိတ်ဝင်စားရန်
Did you know I was planning on moving next month?

Here is a picture of the new place, what do you think?

The special photos for u.
Hahaha see fotos .
စသဖြင့် စိတ်ဝင်စားရန် ဆွဲဆောင်ထားသောစာသားများပြီးမှ ရေးသားထားလေ့ရှိပြီး ကလစ်ပါက သင့်ကွန်ပျူတာကို Format မချမချင်း ဒုက္ခပေးမည့် Virus ဝင်လာမည်ဖြစ်ပါကြောင်း အဖွဲ့သားများ သိပြီး သားသူလည်း သူငယ်ချင်းများကို လက်ဆင့်ကမ်းနိုင်ရန် နှင့် မသိသေးသူများ သတိထား ရှောင်ရှားနိုင်ရန် ယနေ့ လူပြောများပြီး အဖြေမရ လိပ်ပတ်မလည်သော Facebook Virus , Gtalk Virus ဟုခေါ်ဆိုကြသည့် Virus များအကြောင်း နောက်တစ်ကြိမ် ပြန်လည်ရေးသားပေးရပါတယ်။

Gtalkမှာ အပေါ်ကမြင်နေရတဲ့ လင့်မျိုးဝင်လာရင်လုံးဝမနှိပ်မိပါစေနဲ့..နှိပ်မိလိုက်ရင်သင်gtalkဖွင့်တိုင်း သင်ဘာမှမလုပ်ရဘဲနဲ့တခြားသူငယ်ချင်းတွေဆီကိုအလိုအလျောက်ဒီ virus လင့်တွေလျှောက်ပို့နေတော့ မှာဖြစ် ပါတယ်..

hahaha photo or is this your photo? ဆိုပြီး ဖိုင်တစ်ဖိုင် ဂျီတော့မှ (သို့) မက်ဆင်ဂျာမှ လက်ခံ ရရှိပါလိမ့်မယ်။ အဲဒီဖိုင်ဟာ လက်ခံမလား၊ လက်မခံဘူးလားဆိုတာကို လုံးဝ မမေးဘဲ ခင်များရဲ့ Desktop ပေါ်တွင် အော်တို ရောက်လာပါလိမ့်မယ်။ အဲဒီအချိန်ထိ ပြသနာ မရှိသေးပါဘူး။ အဲဒီ Folder ထဲမှာ ရှိတဲ့ JPEG လိုလို ဘာလိုလို ရေးထားတာ တွေ့ရပါလိမ့်မယ်။ တကယ်တော့ အဲဒါဟာ ဘာပုံမှ မဟုတ်ပါဘူး။ ပရိုဂမ်တစ်ခုပါ။ အဲဒီပရိုဂရမ်ကို ရမ်းလိုက်ရင်တော့ ဖလန်းဖလန်း ထပါတော့မယ်။ အဲဒါ ဗိုင်းရပ်ပါ။ ခင်များ မဖွင့်ပါဘဲနဲ့ မက်ဆင်ဂျာ ဆော့ဝဲ မိမိစက်မှာ ရှိခဲ့ရင် အော်တို သူ့ဘာသာ ဖွင့်ပါလိမ့်မယ်။
အကယ်၍ ဂျီတော့ကို ဖွင့်ထားမယ်ဆိုရင် ခင်များဂျီတော့မှာ ရှိတဲ့ သူငယ်ချင်းတွေကို ခင်များမပို့ပါပဲနှင့် သူ့ဘာသာ hahaha photo Jpeg…is this you? ဆိုပြီး သူ့ဘာသာ ပို့ပါလိမ့်မယ်။ ခင်များကို ယုံကြည်တဲ့ လူအားလုံး (ရလာတဲ့ဟာက ဘာလဲလို့ မစဉ်းစားဘဲ ဖွင့်တတ်သူ)ဟာ ဖွင့်လိုက်ရင် ဂျီတော့ဟာ… ဖလန်းဖလန်းနဲ့ အစည်းအဝေးနောက်ကျလို့ ကဗျာကရာ ဟိုးပြေးဒီပြေး လုပ်နေပါလိမ့်မယ်။
အဲဒီဗိုင်းရပ်ကို သတ်လိုပါက..

ဒီနေရာမှာ DOWNLOAD လုပ်ပါ..

ယခုရက်ပိုင်း Gtalk မှာ Ha Ha Foto ဆိုတဲ့ MSN Malware Virus တောတောလေးခေတ်စား နေပါတယ်။ ဒီ Virus ကို Upgrade လုပ်ထားသည့် Antivirus Software တောတောများများနိုင်ပါတယ်။  မိမိ Install လုပ်ထားတဲ့ Antivirus နဲ့ သတ်လို့ အဆင်မပြေဘူးဆိုရင်တော့ ကျွန်တော် အောက်မှာပေးထား သည့် ပြုလုပ်လိုက်ပါ။

1. Download  Malwarebytes’ Anti-Malware
2. ကျွန်တော်တို့ download ပြုလုပ်ထားတဲ့ Malwarebytes Portable 1.46 ကို double-click နှိပ်ပြီး Install ပြုလုပ်လိုက်ပါ။
3.  Install ပြုလုပ်ပါက destination ကို Deaktop ပေါ်သို့ရွေးပေးပြီး Install ပြုလုပ်ပါ။

4.  installation completes ဖြစ်ပြီဆိုရင်တော့ Update အရင် ပြုလုပ်လိုက်ပါ။ Update ပြုလုပ်ပြီးလျှင် Systerm Restore ကို မပိတ်ထာရင် ပိတ်လိုက်ပါ။ Control Panel ထဲက  System ကနေ  System Protection ရှိ Configure ကို နှိပ်လိုက်ပါက Restore Setting မှာ Turn off system protection ကို ရွေးပေးပြီး OK ကို နှိပ်ကာ ထွက်လိုက်ပါ။

5. ပြီးရင်တော့ Malwarebytes Portable နှင့် Scan စစ်လိုက်ပါ။ Scan စစ်လို့ပြီး၍ "Show Results" ပြလာလျှင် Virus တွေကို Check လုပ်ပြီး Delete လုပ်ပြီးရှင်းလိုက်ပါ။

6. ထို့နောက် မိမိ computer ကို Restart ချလိုက်ပါ။ ပိုသေခြာစေရန် Window ပြန်တက်လာပါက နောက်တကြိမ်ထက်ပြီး Scan ပြုလုပ်လိုက်ပါ။
7. Good Luck!

POPULAR WEB SITE

>> ပြည်တွင်းပြည်ပသတင်းဆိုဒ်များ
 
>> ပါတီနိုင်ငံရေးဆိုဒ်များ

 
 
   
   
   
     
     
>> နည်းပညာနဲ့ဆိုင်သောဆိုဒ်များ
 
>> Mobile ဖုန်းနည်းပညာဆိုဒ်များ

 

 

 

 
 
     

     
>> ကျန်းမာရေးဆိုင်ရာ Website များ
>> ရုပ်ရှင်မင်းသား/မင်းသမီး၊Model ဆိုဒ်များ

 

     

     
         
     
         

Facebook Fan Pages

Copyright 2011 Myanmar Collection News All rights reserved Designed by KOHTUN
ကိုထြန္း ...Myanmar Collection